a
Friday, May 30, 2014
Huawei g730u & Honor 3c မြန်မာစာ 100% sure
Huawei g730u & honor 3c တို့မှာ ဂဏ္ဏာန်းနံပါတ် တစ်ခုခုနှိပ်ပြီး မြန်ာမာစာ ထပ်ရိုက်လိုက်ရင် မမ်ြင်ရတဲ့ error ကိုရှင်းနည်းတင်ပေးလိုက်ပါတယ်
Error ကို ဥပမာနေနဲ့ပြမယ် 12 နေကောင်းလား လို့ရိုက်လိုက်ပျောက်သွားလိမ့်မယ် မယုံရင် စမ်းကြည့်လိုက်ပါ
Huawei G730u နဲ့ Honor 3c မြန်မာစာ 100 % အဆင်ပြေတဲ့ font link ကိုတင်ပေးလိုက်ပါတယ်။
ပေးထားတဲ့ apk ကိုဒေါင်းလော့ဆွဲပြီးတာနဲ့ apk ထဲကို 0င်လိုက်ပါ ပြီးရင် apply fontကိုနှိပ်လိုက်ပါ theme ထဲမှာ အခုထည့်လိုက် myanmar font theme ကိုapply နှိပ်လိုက်တာနဲ့ theme with font နှိနှိပ်လိုက်ပါးပြီရင် phone restart ကျသွားပါလိမ့်မယ်
အဓိက main ကတော့
setting Display ထဲမှာ font style ထဲမှာ အခုပေးထားတဲ့ myanmar.font ဆိုတဲ့စာသားကို ရွေးပေးထားရမှာပါ
Root ရှိဖို့မလိုပါဘူး။
Download Link to:
https://www.dropbox.com/s/m1mg9uv0qem3ots/HuaweiFont_1.0.apk
Credit to:MPX-TEAM From Ko Khant Thu
Monday, May 26, 2014
ကိုယ့်ဖုန်းကိုဘယ်သူကိုင်သွားလည်းသိချင်ရင်phone spy နဲ့သာဖော်ထုတ်ပေတော့

FACEBOOK က MOVIE တွေကို အပီဒေါင်းပေးမဲ့ APK FOR ANDROID

ဆောင်ထားသင့်တဲ့ အင်တာနက်မြန်နှုန်းပြ apk
Sunday, May 25, 2014
သင့် Viber ကို အချိန်ဇယားဖြင့် လိုသလို Offline လုပ်ထားနိုင်သော Viber Switch Timetable.apk

အချစ်အဘိဓါန်Apk
Saturday, May 17, 2014
Mobile Network အကြောင်း
ကျနော်အခုပြောမှာကတော့ Phone Network တွေအကြောင်းပါ။ကျနော်တိုမြန်မာနိုင်ငံမှာအသုံးပြုနေတဲ့ ဖုန်းအမျိုးအစားတွေကတော့ GSM | WCDMA | CDMA 800MHZ | CDMA 450 MHZ စတဲ့ဖုန်းတွေပဲဖြစ်ပါတယ်။ဖုန်းအမျိုးအစားတွေအကုန်လုံး အင်တာနက် (Data) အသုံးပြုနိုင်ပေမယ့် CDMA 450 MHZ မှာတော့ အသုံးမပြုနိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့ သူက လှိုင်းအလျား နိမ့်လို့ပါ။Mobile Phone Data စနစ်မှာ GPRS,EDGE နဲ့ 3G ယခုဆိုလျင်နိုင်ငံရပ်ခြားတွေမှာ 4G စနစ်ကိုတောင်အသုံးပြုနေပီဖြစ်ပါတယ်။
GPRS(General Packet Radio Service)
GPRS ဆိုတာကတော့ Packet-based ၀ါယာလက်စနစ်ကို အခြေခံထားပါတယ်။ကျနော်တိုအသိများတာကတော့ 2G Network လိုခေါ်ပါတယ်။အမှန်တကယ် 2G Network ဆိုလျင် Download Speed 144 Kbps လောက်ထိရနိုင်ပါတယ်။GPRS ကတော့ ကန်သက်ချက်တွေရှိပါတယ် ကျနော်တိုဖုန်းပြောနေရင်း Data စနစ်ကိုအသုံးမပြုနိုင်ပါဘူး။
EDGE(Enhanced Data GSM Evolution)
GPRS နဲ့ EDGE ဆိုတာ 2G နက်ဝက်နည်းပညာတစ်ထည်းပါပဲ။ဒါပေမယ် EDGE က GPRS ထက် Download Speed ပိုများပါတယ်။384Kbps နည်းပါးလောက်ရနိုင်ပါတယ်။တစ်ခါတစ်ရံမှာ EDGE ကို 2.5G Network လိုလည်းခေါ်ဆိုကြပါတယ်။
3G
3G နက်ဝက်ဆိုတာကတော့ Video Calling,MMS စတဲ့ လုပ်ဆောင်ချက်တွေအများကြီးအပိုပါလာပါတယ်။မြန်မာနိုင်ငံမှာတော့ ချပေးထားခြင်းမရှိပါဘူး။Download Speed ကတော့ အနည်းဆုံး 3.1Mbps အထိရနိုင်ပါတယ်
HSDPA(Hight-Speed-Down-link Packet Access)
HSDPA ဆိုတာကတော့ 3G နက်ဝက်အပေါ်အခြေခံထားပါတယ်။ရိုးရိုးသာမန် 3G နက်ဝက်ထက်ပိုမြန်ပါတယ်။Download Speed 14Mbps အထိရရှိနိုင်ပါတယ်။HSPDA ကိုတစ်ခါတစ်ရံမှာ 3.5G နက်ဝက်လိုလည်းခေါ်ကြပါတယ်။
HSPA+(Evolved High-Speed Packet Access)
HSPA+(Evolved High-Speed Packet Access) ဆိုတာကလည်း 4G Nework နည်းပညာကိုအသုံးပြုထားပါတယ်။သူရဲ့ အမြင်ဆုံးရနိုင်တဲ့ Download Speed ကတော့ 168Mbps ပဲဖြစ်ပါတယ်။WCDMA ရဲ့အရှည်ကောက်ကတော့ "Wideband Code Division Multiple Access" လိုခေါ်ပါတယ်။
4G LTE(Long Term Evolution)
LTE ဆိုတာကတော့ 4G Network အပေါ်အခြေခံပြုလုပ်ထားသောစနစ်ဖြစ်ပါတယ်။HD ဇာတ်ကားတွေကိုအထစ်ငပေါ့မရှိကြည့်ရှုနိုင်ပါတယ်။သူရဲ့အမြင့်ဆုံး Download Speed ကတော့ 222.96Mbps ပဲဖြစ်ပါတယ်။
Root ဆိုတာ ဘာလဲ
Root လုပ်ထားပါက မမြင်တွေ့နိုင်တဲ့ System file တွေကို မြင်တွေ့ပြင်ဆင်နိုင်ပါတယ်။ Root လုပ်ပြီးသွားပြီဆိုရင် ဖုန်းတစ်ခုလုံးမှာရှိတဲ့ File တွေအားလုံးကို တစ်ခုမကျန် တွေ့ရမှာပါ။ Root ပြုလုပ်လိုက်တာဟာ ဖုန်းတစ်ခုလုံးကို ပြောင်းလဲပစ်လိုက်တာမျိုးမဟုတ်ပါဘူး။ Root လုပ်လိုက်ပြီးရင်လည်း မူလအတိုင်း ပြန်ထားနိုင်ပါတယ်။
Root ပြုလုပ်ခြင်းအတွက် အများကြီး စိုးရိမ်နေဖို့ မလိုပါဘူး။ ဖုန်းထုပ်လုပ်သူတွေကတော့ Root ပြုလုပ်ခြင်းဟာ အသုံးပြုသူနဲ့ မသက်ဆိုင်တဲ့စနစ်ရဲ့ File တွေကို ကိုင်တွယ်မှာစိုးလို့ ဆိုပြီး ဆင်ခြေပေးကြပါတယ်။
ဒါပေမယ့် Root ပြုလုပ်ခြင်းကို တားမြစ်တာဟာ မလုပ်သင့်တဲ့အရာပါ။ သာမန်ပညာတတ် တစ်ယောက် အနေနဲ့တော့ ကိုယ့်ရဲ့ ဖုန်းစနစ်ကို ပျက်ဆီးသွားစေမယ့် လုပ်ရပ်မျိုးကို
အလွယ်တကူ ပြုလုပ်ကြမှာမဟုတ်ပါဘူး။ နောက်ပြီးကိုယ်ကြုံတွေ့ နေရတဲ့ အသေးအဖွဲ Software ပြဿနာလောက်ကိုတော့ Service Center ထိ အချိန်ပေးပြီးသွားရမယ်ဆိုတာက သိပ်ပြီး ကျေနပ်စရာမကောင်းလှပါဘူး။
တစ်ကယ်တော့ Android မှာ Root လုပ်ခြင်းဟာ ကွန်ပြူတာမှာဆိုရင် Administrator User နဲ့ Guest User နီးပါးလောက် ကွာခြားပါတယ်။ ဒါမှမဟုတ် Hidden Files တွေကို
မြင်ရခြင်းနဲ့ မမြင်ရခြင်း ကွာသလိုမျိုးပါပဲ။ ဒီ Android ကို ဖုန်းထုတ်လုပ်သူတွေ မပိုင်ပါဘူး။ ဖုန်းထုပ်လုပ်သူတွေဟာလည်း Android ကို Google ကနေ အခမဲ့ ရယူထားတာဖြစ်လို့ Android ကို သူတို့လည်း မပိုင်ဆိုင်ပါဘူး။ ဒါ့ကြောင့် ဖုန်းထုတ်လုပ်သူတွေ ကြိုးစားပြီး ပိတ်ထားပေမယ့်လည်း Developer ရပိုင်ခွင့်နဲ့ တောင်းဆိုတော့မှာ ဖုန်းရဲ့ OEM ကို Unlock လုပ်ဖို့အတွက် မပေးချင် ပေးချင်နဲ့ ပေးရပါတော့တယ်။ Bootloader ကို ပိတ်ပင်ထားတာဟာလည်း ဥပဒေအရ မညီညွတ်ပါဘူး။ Bootloader ဆိုတာ နားလည်လွယ်အောင် ပြောရရင် Android ကိုစတင် မောင်းနှင်မည့် စနစ်ပါပဲ။
Boodloader ကို Lock ချထားတဲ့အတွက် ဖုန်းဝယ်ယူစဉ်ကပါတဲ့ Android (Stock ROM) ကိုပဲ သုံးလို့ရပြီး ကျွန်တော်တို့ စိတ်ကြိုက် Android စနစ် (Custom ROM) တွေကို ထည့်လို့မရတော့ပါဘူး။ နည်းနည်းရှုပ်သွားပြီးလား... Laptop တစ်လုံးနဲ့ယှဉ်ပြီး ဥပမာပေးရအောင်...။ တစ်ကယ်လို့ ကျွန်တော်တို့က Windows 7 ပါတဲ့ ASUS Laptop တစ်လုံးဝယ်လိုက်ပြီ ဆိုပါစို့။ အဲဒီ့ Laptop ထဲကို Windows 8 ထည့်ချင်လည်း ထည့်လို့ရတယ်၊ တစ်ခြား Ubuntu တို့လို OS တွေလည်း ထည့်ချင်ထည့်လို့ရပါတယ်။ ကျွန်တော်တို့ ပိုက်ဆံပေးထားတာ Laptop (Hardware) အတွက်ပါပဲ။ ဝယ်တုန်းက Windows 7 ကို ဖြုတ်ပြီး တစ်ခြား OS ထည့်လိုက်လို့ Warranty ပျက်သွားပြီလို့ မရှိပါဘူး။ ဒါဆို သဘောပေါက်မှာပါ။ ကျွန်တော်တို့ ဖုန်းဝယ်ထားတာလည်း Hardware ကိုပါပဲ။ ဒါကြောင့် OS ဖြစ်တဲ့ Android ကို ကျွန်တော်တို့ ကြိုက်တာ ထည့်ခွင့်ရှိရမှာပေါ့။ အဲဒါအပြင် ဖုန်းထဲမှာပါတဲ့ Android ကိုတောင်မှ ဖုန်းထုတ်လုပ်သူတွေ ဖန်တီးထားတာမှ မဟုတ်တာ။ ဒါဆိုရင် Stock ROM တွေက ဖုန်းထုတ်လုပ်သူတွေ ဖန်တီးထားတာ မဟုတ်လား လို့ မေးလို့ရပါတယ်။ Stock ROM တွေက ဖုန်းထုတ်လုပ်သူတွေ ဖန်တီးထားတာဆိုပေမယ့် အဲဒါအတွက် ကျွန်တော်တို့ ပိုက်ဆံပေးဖို မလိုပါဘူး။ သူတို့ဘာသာ Marketing သဘောအရ ပြုလုပ်ပေးတာပါ။ ခုနက ASUS Laptop ကိုပဲ ပြန်ကြည့်ပါဦး ။ Laptop ဝယ်တုန်းက ASUS က အပိုထည့်ပေးလိုက်တဲ့ Application တွေနဲ့ Tools တွေကို တွေ့ရမှာပါ။ ဒါတွေက Laptop ဝယ်လို့ ASUS က မေတ္တာလက်ဆောင်ပေးထားတဲ့ သဘောပါပဲ။ ဟုတ်ပါတယ် ဖုန်းထုတ်လုပ်သူတွေလည်း Android ကို Google ကပေးတဲ့အတိုင်း ဖုန်းထဲ ထည့်ပေးလိုက်လည်း ဖြစ်ပါတယ်။ Marketing သဘောအရ ဖုန်းထုတ်လုပ်သူအချင်းချင်း Stroke ROM တွေ ပြိုင်ဆိုင်ရေးပြီး ပြင်ဆင်ထည့်ပေးလိုက်တဲ့အတွက် ကျွန်တော်တို့က ဘာလို့များ ပိုက်ဆံအပိုပေးရမှာလဲ...?
ကျွန်တော်တို့ဖုန်းရဲ့ Android ကို ကျွန်တော်တို့ကြိုက်တာ ထည့်ခွင့်ရှိရမယ်။ Google ကနေ Android Icecream Sandwich ထွက်လာရင်လည်း ကျွန်တော်တို့ သုံးချင်တယ် Android Jelly Bean ထွက်လာရင်လည်း သုံးချင်ပါတယ်။ ဖုန်းဝယ်တုန်း ကတည်းက ပါလာတဲ့ Android Gingerbrad ကြီးကို ရိုးနေပြီဗျာ...။ ဒါကို ခင်ဗျား လက်ခံတယ်ဆိုရင် စနစ်တစ်ခုလုံးပြောင်းပစ်တာမျိုးတောင်မဟုတ်တဲ့ Root လုပ်တာလေးကို ကျွန်တော်တို့ ဘာလို့များ မလုပ်သင့်/လုပ်ခွင့်မရှိရမှာလဲဗျာ ။ ဒါကြောင့် ကျွန်တော်တို့ ဝယ်ထားတာ ဖုန်းရဲ့ စနစ်ပိုင်းကို ကျွန်တော်တို့စိတ်တိုင်းကျ ကြည့်ရှုခွင့် လေ့လာခွင့် ပြင်ဆင်ခွင့် ရှိရမှာပါ။ နောက်ဆုံး ကျွန်တော်တို့ ဖုန်းကို စဖွင့်ဖွင့်ချင်း ပေါ်လာတဲ့ Samsung ဆိုတဲ့ပုံနေရာမှာ ကျွန်တော်တို့ကြိုက်တဲ့ပုံ အစားထိုးထည့်ခွင့်ရှိရပါမယ်။ ဖုန်းထုတ်လုပ်သူတွေကတော့ သူတို့ရဲ့ ရပိုင်ခွင့်အနေနဲ့ ဖုန်းရဲ့ ကိုယ်ထည်မှာ Samsung ဆိုတဲ့စာတန်းကို ထည့်နိုင်ပါတယ်။
Root လုပ်လိုက်ရင် ဘာအကျိုးထူးမှာလဲ? ဒါ Android ကို Root လုပ်သင့်မလုပ်သင့် စဉ်းစားနေတဲ့သူတွေ မေးနေကျမေးခွန်းပါပဲ။ Root လုပ်ရင် ဘာတွေ ထူးမှာလဲဆိုတော့ ဒါလေးက နမူနာပါ။ Nandroid - ကိုယ့်ရဲ့ ဖုန်းတစ်ခုလုံးရဲ့ စနစ်တစ်ခုလုံးကို Backup ပြုလုပ်ထားနိုင်ပါတယ်။ Backup ကို ကွန်ပြူတာထဲမှာပဲဖြစ်ဖြစ် သိမ်းထားနိုင်ပါတယ်။ ကိုယ့်ရဲ့ဖုန်း ပျက်သွားတဲ့အခါ အမျိုးအစားတူ ဖုန်းတစ်ခုကို ဝယ်ပြီး Restore ပြုလုပ်လိုက်တာနဲ့ တစ်ပြိုင်နက် ကိုယ့်ဖုန်းအတိုင်း တစ်ထပ်တည်း ပြန်ရပါလိမ့်မယ်။ ဒီလိုမျိုး တစ်ထပ်တည်းပြန်ရအောင် Service Center ကရော စွမ်းဆောင်နိုင်လို့လား။ Root ပြုလုပ်ထားရင် ကိုယ့်ဖုန်းပျက်သွားမှာလား ဆိုပြီး အမြဲ စိတ်ပူနေရမှလား..။ သိပ်လည်း စိတ်မပူပါနဲ့ Nandroid နဲ့ Backup ပြုလုပ်ထားရင် System file တစ်ခုခုကို မတော်တဆဖျက်မိတာတောင် ပြဿနာမရှိပါဘူ။ နည်းပညာပိုင်းအတွက် မသိတာရှိရင် သိတဲ့သူတွေကိုမေးပါ။ ကျွန်တော်တို့လည်း ခင်ဗျားလိုပါပဲ . . ဘာမှမသိခဲ့ပါဘူး။ သိတဲ့သူတွေကို မေးမြန်းအကူအညီတောင်းရင်း နည်းနည်းလေး နားလည်လာတာပါ။ အဆိုးဝါးဆုံး ဖြစ်နိုင်ခြေကတော့ Brick ဖြစ်တယ်လို့ ခေါ်တဲ့ လုံးဝဖွင့်မရတော့တဲ့အခြေအနေ ဖြစ်သွားတာပါပဲ။ အဲဒီ့လိုဖြစ်လာခဲ့ရင်တောင်မှ Stock ROM လို့ခေါ်တဲ့ ဖုန်းထုတ်လုပ်သူက ထုတ်ပေးတဲ့ Android စနစ်ကို ပြန်ပြီး ထည့်သွင်းလိုက်ရင် ဝယ်စဉ်ကအတိုင်း ပြန်ရပါလိမ့်မယ်။
Root မလုပ်သင့်တဲ့ အကြောင်းပြချက်-
- ကိုယ့်ကိုကိုယ် IT နည်းပညာနဲ့ပတ်သက်ရင် ခပ်တုံးတုံးလူလို့ထင်ရင်
- ကိုယ့်ဖုန်းကို ပိုပြီး မြန်လာအောင်၊ မလိုအပ်တဲ့ အမှိုက် (Stock Apps) တွေဖယ်ထုတ်တာမျိုး လုပ်ဖို့မလိုဘူးဆိုရင်
- ဖုန်းထုပ်လုပ်သူတွေက ပြုလုပ်ပေးထားတာတွေကသာ အကောင်းဆုံးလို့ တရားသေ ယူဆထားရင်
- Root Access ရမှ ထည့်သွင်းလို့ရမယ့် Apps တွေကိုလည်း စိတ်မဝင်စားဘူးဆိုရင်
- ကိုယ့်ရဲ့ဖုန်းစနစ်ကို မလေ့လာချင်ဘူး/မကလိချင်ဘူး/ ဖုန်းအတွက်နဲ့ အချိန်မပေးနိုင်ဘူး ဆိုရင်
- ကိုယ့်ရဲ့ ဖုန်း(Android) ကို Apple iPhone လိုပဲ ဘာမှ ပြုပြင်ဖန်တီးခွင့်မရှိဘူးလို့ ယူဆထားရင်
- Open Source ရဲ့ အဓိပ္ပါယ် (ရပိုင်ခွင့်) ကို သေချာနားမလည်ဘူး ဆိုရင်
- ဖုန်းထုတ်လုပ်သူတွေက တစ်ဖက်သက်ချမှတ်ထားတဲ့ Rule တွေကို ပြောသမျှ ခေါင်ငြိမ့်တတ်တဲ့သူ ဆိုရင်
- ဖုန်းဆိုတာ ဖုန်းဆက်လို့ရရင် ပြီးတာပဲလို့ သဘောထားတဲ့သူဆိုရင် Root မလုပ်ပါနဲ့....
Root လုပ်သင့်တဲ့ အကြောင်းပြချက် -
- Root မလုပ်သင့်တဲ့အကြောင်းပြချက်တွေက ကိုယ်နဲ့ မကိုက်ညီဘူးဆိုရင်
- ကိုယ့်ဖုန်းကိုကိုယ် ထိန်းသိမ်းနိုင်စွမ်းရှိတယ်လို့ ယူဆရင်
- ကိုယ်ဝယ်ထားတဲ့ဖုန်းကို ကိုယ်ပိုင်တယ်လို့ ယူဆရင်
- Root ပြုလုပ်ခြင်းဟာ ကိုယ့်ရဲ့ အခွင့်အရေး/ရပိုင်ခွင့်လို့ ယုံကြည့်ရင် ဒါဆို Root လုပ်ဖို့ ကြိုးစားကြည့်နိုင်ပါပြီ။
Root လုပ်ပြီးရင် ဘာလုပ်ရမလဲ ?
အကြံပေးချင်တာကတော့ Root လုပ်ပြီးရင် အရင်ဆုံး မိမိဖုန်းရဲ့ Original Firmware ကို Backup ပြုလုပ်ထားပါ။ ဒါကအရမ်းကိုအရေးကြီးပါတယ်.....
Root လုပ်ပြီးပီဆိုရင်တော့ user တစ်ယောက်ဟာ အနည်းနဲ့အများတော့ မိမိဖုန်းကိုလက်တည့်စမ်းကျမှာပါ ။ အဆင်မပြေခဲ့ရင် Restore ပြန်လုပ်နိုင်အောင်ပါခင်ဗျာ
Friday, May 16, 2014
Motorola Alert
ဘေးအန္တရယ် ကြုံတဲ့အခါ ကိုယ်ရဲ့ အရင်းအနီးဆုံး အဆက်အသွယ်တွေကို ဆက်သွယ်ပေးမဲ့ စမတ်ဖုန်း
တစ်ခြားတော့မဟုတ်ပါဘူး။ ကျတော်တို့နဲ့ မစိမ်းတဲ့ Motorola စမတ်ဖုန်းတစ်ခုရဲ့ app တစ်ခုဖြစ်ပါတယ်။ စမတ်ဖုန်းတစ်လုံးက သတ်မှတ်တဲ့
အရင်းအနီးဆုံး ဆိုတာ ကိုယ်ခေါ်ဆိုထားမူအများဆုံးနဲ့ တစ်သီးတစ်ခြားသတ်မှတ်ထားတဲ့ကိုယ်ရဲ့ Contact တွေ ဖြစ်ပါတယ်။
ဘယ်သူဘဲဖြစ်ဖြစ်တော့ တကယ်အရေးပေါ်အခြေအနေကိုရောက်နေတယ်ဆိုရင် ကိုယ်ရဲ့ သူငယ်ချင်းဖြစ်စေ၊ မိသားစုကို ဖြစ်စေ သင့်ဟာ အကူအညီလိုနေပြီးဆိုတာ
အားကိုတစ်ကြီး အကူအညီတောင်းလို့ကြတာ၊ တောင်းချင်ကြတာပဲလေ။ သူတို့ဆီကို ဘယ်လို လျှင်မြန်စွာ အသိပေးနိင်ပါမလဲ ? တကယ်လို့ သင့်ဟာ Moto E ဒါမှမဟုတ် Moto G ကို ကိုင်ထားမယ်ဆိုရင် Motorola Alert လို့ခေါ်တဲ့ App ကို သင့်ရဲ့ အန္တရယ်တွေကို ဖယ်ရှားပစ်ဖို့ရာ အသုံးပြုနိင်ပါလိမ့်မယ်။ ထို App အသစ်ဟာ Emergency mode မှာ သင့်ကို ခလုတ်ဆွဲဖို့ ခွင့်ပြုပေးထားပြီး ပုံမှန် သတိပေးမူနဲ့ တည်နေရာ အသိပေးမူတွေကို သင့်ရဲ့ အရေးကြီးတဲ့ အဆက်အသွယ်တွေဆီကို ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ လူတွေနဲ့ တွေ့ဖို့ နဲ့ သင့်ဟာ မိသားစုနေရာမှာ အလုပ်နေရာတွေမှာ ရှိတယ်ဆိုတာကိုလည်း အသိပေးနိင်ပါတယ်။ စိတ်မချတဲ့ ဇနီး ၊ ယောကျာင်္တွေ အတွက် စိတ်ချရစေမဲ့ app တစ်ခုလို့လည်း
ယူဆနိင်ပါတယ်။
Motorola E ဟာဆိုရင် ဈေးက $ 129 သာသာ ရှိတဲ့ အတွက် အသုံးပြုသူတွေကို ငွေကြေးပိုင်းမှာ အဆင်ပြေအောင် ပြုလုပ်ပေးထားတာကိုတွေ့ရပါတယ်။
App ဒေါင်းလုပ်ခ်လင့် >>> http://adf.ly/n8puQ
Sunday, May 11, 2014
SimCard ပျက်၊ ပျောက် လျှောက်ထားရာတွင်ကတ်ပြန်လည်ထုတ်ပေးခြင်း လုပ်ငန်းစဉ်ကိုရပ်ဆိုင်းထားရှိ

Saturday, May 10, 2014
မီးသီး မရှိလို့ပါ

Sunday, May 4, 2014
ပိန္နဲသီး၏ ကျန်းမာရေး အကျိုးကျေးဇူး (၁၀) ရပ်

Saturday, May 3, 2014
မြန်မာ စစ်တုရင်ဂိမ်း (For android)


Subscribe to:
Posts (Atom)