a
Sunday, December 21, 2014
Huawei မှ မြန်မာနိုင်ငံ အတွက် Official web page ဖြင့်စတင်မိတ်ဆက်
မန်မာနိုင်ငံ ဈေးကွက်ထဲတွင် နေရာရယူကာကြီးစိုးနေသော စမတ်ဖုန်း
Company တစ်ခုဖြစ်တဲ့ Huawei ဟာ Customer များနှင့် တိုက်ရိုက်ထိတွေ့နိုင်စေရန်
ရည်ရွယ်ပြီး မြန်မာ ဘာသာဖြင့် Web Page တစ်ခု လွှင့်တင်လိုက်ကြာင်းသိရပါသည်
အဆိုပါ Web Page မှာ ၄င်းတို့ရဲ့ ထုတ်ကုန်များ
ပစ္စည်း အရည် အသွေးများ ကို သေသေချာချာရှင်းလင်းပြသပေးထားပြီး
အသုံးပြု သူ Customer များ အတွက် နီးစပ်ရာ Service Centre များ
မြန်မာနိုင်ငံတွင်ဖြန့်ချီထားသော Device တွေရဲ့ Firmware တွေကိုပါ
Support ပြုလုပ်ပေးထားတာကြောင့် အသုံးပြုရအဆင်ပြေစေမှာ သေချာပါတယ်
http://consumer.huawei.com/mm/
Monday, September 29, 2014
✔ဖုန်းဝန်ဆောင်မှုများApk(android)✔
-MPT,MEC,OOREDOO,TELENOR
များအတွက်
-ငွေလက်ကျန်စစ်ရန်
-ဖုန်းထဲသို့ငွေပြန်ဖြည့်ရန်
-အခြားဖုန်းသို့ငွေဖြည့်ပေးရန်
-အင်တာနက်လျှောက်ရန်
-ဆက်သွယ်ရေးဝန်ဆောင်မှုများစုံစမ်းရန်
-Call Forwarding လျှောက်ရန်
-Call Wating လျှောက်ရန်
-Miss Call Alert လျှောက်ရန်
-Voice Mail လျှောက်ရန်
-အပိုဝန်ဆောင်မှုများပယ်ဖျက်ရန်
-ငွေဖြည့်မရလျှင်အကူအညီတောင်းရန်
-အသံညွှန်ကြားချက်အတိုင်ငွေဖြည့်/စစ်ရန်
-Mobile Money ဝန်ဆောင်မှုအကြောင်း
-Mobile Money လျှောက်ရန်
-အခြားဖုန်းသို့ငွေဖြည့်ရန်
-ဖုန်းထဲမှငွေလွှဲပြောင်းပေးရန်
-ငွေဖြည့်ပေးရန်တောင်းဆိုခြင်း
-ဖုန်းပြန်ခေါ်ခိုင်းရန်
-ဝန်ဆောင်မှုများကိုစီမံရန်
-အင်တာနက်Dataဝန်ဆောင်မှုများ
-ဖုန်းနံပါတ်ကိုစစ်ဆေးရန်...........
စတဲ့ဝန်ဆောင်မှာများကိုဒီapplicationလေး
ကနေတဆင့်အသုံးပြုလုပ်ဆောင်စေနိုင်မှာဖြစ်
ပါတယ်။
-လိုအပ်အသုံးပြုလိုပါကအောက်ကလင့်ခ်မှာ
ဒေါင်းလုပ်ဆွဲယူအသုံးပြုနိုင်ပါပြီ-
Download Link to:
http://www.solidfiles.com/d/2f3754d86b/%E1%80%96%E1%80%AF%E1%80%94%E1%80%B9%E2%80%8B%E1%80%B8%E1%80%9D%E1%80%94%E1%80%B9%E2%80%8B%E2%80%8B%E1%80%B1%E1%80%86%E1%80%AC%E1%80%84%E1%80%B9%E2%80%8B%E1%80%99%E1%82%88%E1%80%99%E1%80%BA%E1%80%AC%E1%80%B8.apk
Friday, August 15, 2014
မော်ဒယ် အလန်းလေးတွေနဲ့ Zapya Apk
Zapya ဆိုရင် လူတိုင်းသိပြီးသားဖြစ်မှာပါ ပုံတွေ Video တွေ File တွေကို အပြန်အလှန် မြန်ဆန်စွာ ပို့ဆောင်ပို့ နိုင်တဲ့ Apk လေးဖြစ်ပါတယ်။နောက်ခံပုံကို Model အလန်းလေးတွေနဲ့ အစားထိုးထားတာတွေ့ရပါတယ်
စိတ်ဝင်စားသူတွေ ဒေါင်းယူနိုင်ပါပြီ။
DOWNLOAD LINK TO;
http://www.mediafire.com/download/6d62bvhkpmo6psb/Zapya+MM.apk
ပြည်တွင်းသို့ဝင်ရောက်သည့် ဟန်းဆက်များ ကျန်းမာရေးထိခိုက်မှုရှိ၊ မရှိစစ်ဆေးမည်
ပြည်တွင်းသို့ တင်သွင်းနေသော မိုဘိုင်းဟန်းဆက်များကို ကျန်းမာရေးအတွက် ထိခိုက်နိုင်မှုနှင့် အရည်အသွေးပြည့်မီခြင်း ရှိ၊ မရှိ သိရှိနိုင်ရန် စမ်းသပ်ခန်း (Lab)တစ်ခုထားပြီးစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ အတွင်းရေးမှူးဦးမျိုးမြင့်ထွန်းက ပြောသည်။
လက်ရှိတွင် ပြည်တွင်းသို့ မိုဘိုင်းဟန်းဆက်များ တင်သွင်း ရောင်းချခြင်းကို ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ တင်ပြရပြီး အဆိုပါဌာန၏ ခွင့်ပြုချက်ဖြင့် တင်သွင်းမှုများ ပြုလုပ်နေသော်လည်း ဈေးကွက်အတွင်း၌ ရောင်းချနေသည့် ဟန်းဆက်အများစုမှာ စနစ်တကျစစ်ဆေး၍ ရောင်းချခြင်းမျိုးနည်းပါးနေသေးကြောင်း သတင်းရရှိသည်။
‘‘ကိုယ်ပိုင် Lab တစ်ခုတည်ထောင်တဲ့အခါမှာ သုံးစွဲသူတွေကို မထိခိုက်အောင် ကာကွယ်ပေးတဲ့ အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး လုပ်သွားမယ်၊ အရည်အသွေး မပြည့်မီတဲ့ ပစ္စည်းတွေတွေ့တယ်ဆိုရင် ကနဦးသတိပေးသွားမယ်၊ ဆက်ဖြန့်မယ်ဆိုရင် အရေးယူတဲ့အထိ လုပ်သွားမယ်’’ဟု ဦးမျိုးမြင့်ထွန်းက ဆိုသည်။
လက်ရှိတွင် ဟန်းဆက်များ တင်သွင်းလိုပါက ရောင်းချမည့်လူကိုယ်တိုင်သွားရောက်တင်ပြရမည့်စနစ်ကို ကျင့်သုံးနေသော်လည်း နောက်ပိုင်းတွင် ဟန်းဆက်ထုတ်လုပ်သည့် ကုမ္ပဏီများကိုယ်တိုင် သွားရောက်စစ်ဆေးခံရမည်ဖြစ်ပြီးသည်
တင်သွင်းရောင်းချမည့်သူများမှ စစ်ဆေး၍အတည်ပြုပြီးသား ဟန်းဆက်များကို မော်ဒယ်အလိုက်တင်သွင်းခွင့်ရသည့်စနစ်ကို ပြောင်းလဲကျင့်သုံးသွားရန်လည်း စီစဉ်နေကြောင်း သတင်းရရှိသည်။
Monday, July 14, 2014
အာဇာနည်နေ့ ဥသြဆွဲပေးမဲ့ Apk
Android ဖုန်းတွေအတွက် ဒီ apk ကို ဒေါင်းပြီးတာနဲ့ ဖုန်းမှာ install လုပ်ထားပါ။ အခြားဘာမှထပ်လုပ်စရာမလိုဘဲ အာဇာနည်နေ့ နံနက် 10 နာရီ 37 မိနစ်တိတိမှာ ၂မိနစ်ကြာ ဥသြသံထွက်ပေါ်လာမှာဖြစ်ပါတယ်။ ဥသြသံပြီးတာနဲ့ ဒေါ်မေလှမြိုင်ရဲ့ အာဇာနည်ခေါင်းဆောင်ကြီးများအားအလေးပြုပါသည် သီချင်းဆက်တိုက်ထွက်ပေါ်လာမှာဖြစ်ပါတယ်။ အချိန်ကိုက်တပြိုင်နက်သံပြိုင်ဥသြသံထွက်ပေါ်စေရန် မြန်မာနိုင်ငံသားတိုင်း မမေ့မလျော့ install လုပ်ထားကြပါ။ကြိုတင်ခံစားကြည့်ချင်ရင်တော့ မိမိတို့ဖုန်းရဲ့ Date and Time ကို July 19
10: 35 လောက်ပြောင်းထားကြည့်ပါ။
Download Link to:
http://d-h.st/TNG
Tuesday, July 8, 2014
★အသစ်ထွက်ရှိလာတဲ့ Bagan Keyboard Premium V-4.4 Cracked★
အသစ်ထွက်ရှိလာတဲ့ Bagan Keyboard Premium V-4.4 နောက်ဆုံးဗားရှင်းလေးဖြစ်ပါတယ် အထဲမှာ theme တွေအစုံအလင်နဲ့ လန်းမှလန်း သုံးရတာ လွယ်ကူပြီးအသုံးပြုလို့လဲကောင်းပါတယ် Crack ပြီးသားဖြစ်တဲ့ အတွက် Install ပြီးတာနဲ့ အသင့်အသုံးပြုလို့ရမှာဖြစ်ပြီး PreActivated ဗားရှင်းလေးဖြစ်ပါတယ် စိတ်ဝင်စားရင်တော့ အောက်မှဒေါင်းယူနိုင်ပါပြီ။
Download Link to:
https://www.dropbox.com/s/scmpmz1jae5ylvi/BaganKeyboardOrangePremium%20v4.4.apk
MECTEL 1500တန်ဖုန်းများနှင့် GSM/WCDMA/CDMA များပါ Internet လိုင်းလျှောက်ပေးနိုင်တဲ့ - Easy USSD v2.0 APK
ဒီရက်ပိုင်းမှာ MECTEL 1500တန်ဖုန်းတွေ အင်တာနက်လိုင်းလျှောက်ခွင့်ရသွားတဲ့အတွက်ဖုန်းကနေတဆင့် အင်တာနက်လိုင်း တိုက်ရိုက်လှမ်းလျှာက်နိုင် တဲ့ Application လေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။
ဒီ Application လေးနဲ့ဆိုတော့ ဖုန်းထဲကနေ အလွယ်တကူလိုက်လုပ်နိုင်တဲ့အတွက် အချိန်ကုန်ငွေကုန် သက်သာစေတာပေါ့ဗျာ။ အခု တင်ပေးလိုက်တဲ့ Application လေးက MECTEL ဖုန်းအမျိုးအစား
တစ်ခုထဲအတွက်တင်မဟုတ်ပါဘူး GSM / CDMA ဖုန်းများအတွက်ပါ အင်တာနက်လိုင်းလျှောက် ထားပေးနိုင်ပါတယ်။ ဒါ့အပြင် ဖုန်းငွေဖြည့်ပေးနိုင်ခြင်း အခြားဖုန်းများသို့ Phone Bill ဖြည့်ပေးနိုင်ခြင်း ၊ Bill လက်ကျန်ငွေစစ်ပေးနိုင်ခြင်းတို့ကိုလည်းလုပ်နိုင်ပါ တယ်။ အောက်မှာ Screen Shot လေးကိုကြည့် လိုက်ပါဦး။ ဖိုင်ဆိုဒ်ကလည်း 292kb ဆိုတော့ ပုစိညှောက်တောက်သေးသေးလေးပါ။ အလွယ်တကူ ဒေါင်း ယူနိုင်တဲ့အတွက် ဆောင်ထားစေချင်ပါတယ် ဗျာ။
Download Link to:
http://d-h.st/ZHe
Thursday, June 26, 2014
Green acres: Farm time Game For Android
Tuesday, June 24, 2014
IOS 7.1 & 7.1.1Untethered Jailbreak Tool ထွက်ပါပြီ
iOS 7.1 မှ 7.1.1 အထိ jailbreak လုပ်နိုင်မည့် Untethered Jailbreak Tool ထွက်ရှိပြီဖြစ်ပါတယ်။ Pangu လို့ခေါ်တဲ့ တရုတ် iOS Hacker Team ကနေ တရားဝင်ထုတ်ပေးလိုက်တာပါ။
Pangu Jailbreak Tool နဲ့ iOS 7.1.1 Jailbreak ပြု လုပ်နိုင်မယ့် iOS Device တွေကတော့
Phone 4
iphone 4S
iphone 5
iphone 5C
iphone 5S (64-bit)
iPad Air (64-bit) တို့ပဲဖြစ်ပါတယ်။
Download ရယူပြီးပြီဆိုရင်တော့ Pangu ဆော့ဝဲကိုဖွင့်လိုက်ပါ။ ပြီးရင် Jailbreak လုပ်မယ့် iPhone/Pad နဲ့ ကွန်ပျူတာနဲ့ကိုချိတ်ဆက်ပါ။ ပြီးရင် pangu ဆော့ဝဲက ခလုတ် အမဲလေးကိုနှိပ်လိုက်ပါ။
ဖုန်းရဲ့ Setting ထဲကိုဝင်ပါ။General ထဲကိုဝင်ပါ။ Date & Time ထဲကိုဝင်ပါ။Date & Time ထဲရောက်ရင် 24 Hrs time ကို enabled လုပ်ထားပါ။ Set Automatically ကို Disable လုပ်ပါ။ပြီးရင် Date ကို Jun 2 2014 သို့ပြောင်းလိုက်ပါ။ ပြီးတာနဲ့ Date & Time Setting ထဲကနေပြန်ထွက်ပါ။
ကွန်ပျူတာက Pango ဆော့ဝဲမှာ Jailbreak Process စတင်နေပါလိမ့်မယ်။
ခဏအကြာမှာဖုန်းရဲ့ Home Screen မှာလည်း Pangu icon လေးပေါ်လာပါမယ်။ ယင်း icon လေးကိုနှိပ်ပါ။
Continue & Quit ပေါ်လာရင် Continue ကိုနှိပ်လိုက်ပါ။Pangu Screen ပေါ်လာပါမယ်။ ဖုန်းကိုဘာမှမလုပ်ဘဲ ဒီအတိုင်းထားလိုက်ပါ။
ကွန်ပျူတာက Pangu ဆော့ဝဲမှာ သူ့ဘာသာသူဆက်အလုပ်လုပ်နေပါမယ်။
ခဏအကြာမှာ မိမိရဲ့ iDevice ဟာ Respring ကျသွားပါမယ်။
ပြီးရင် ပန်းသီး Logo ပြန်တက်လာပါမယ်။ ပြီးရင် Lock Screen ကိုပြန်ဖွင့်ပြီး Home Screen ကိုပဲပြန်သွားလိုက်ပါ။
ဖုန်းက နောက်တစ်ကြိမ် Respring ပြန်ကျသွားပါမယ်။
ကွန်ပျူတာက Pangu ဆော့ဝဲဟာလည်း Jailbreak Process ပြီးစီးပြီဖြစ်ပါတယ်။
ပြန်တက်လာပြီဆိုရင်တော့ ဖုန်းရဲ့ Home Screen မှာ Cydia icon လေးရောက်နေပါပြီ။
PANGU SOFTWARE DOWNLOAD TO:
http://koye9992.blogspot.com/2014/06/ios-71-711-jailbreak-untethered.html
Wednesday, June 11, 2014
Linux OS အကြောင်းကို မြန်မာလိုရှင်းပြထားပြီးတော့ အသုံးပြုပုံကိုလဲ အသေးစိတ် ရှင်းပြထားပါတယ်
Linux OS အကြောင်းကို မြန်မာလိုရှင်းပြထားပြီးတော့ အသုံးပြုပုံကိုလဲ အသေးစိတ်
ရှင်းပြထားပါတယ် .
စိတ်ဝင်စားဖို့ကောင်းတဲ့ စာအုပ်ကလေးပါ ဆရာ ဦး ဇော်လင်း ရေး သား စာ တွေ ထဲ
အကောင်းဆုံး လို့ တောင် ဆို လို့ ရပါ တယ် သူ မှာ ရှင်းလင်းချက်ပေါင် page အား ဖစ်
၇၈ page ရှိပါ တယ် ခင်များ အဲ အထဲ မှ ကောင်းနိုးရာရာ လေး တွေ ကူးယူ ရေးပြ ထား ပါ
တယ်
open source software ဆိုတာ လာလည်း
inux မူကွဲ များ အကြောင်း ထဲမှာ မှ အပိုင်း ၁၀ ပိုင်း ထပ်ပီး ခွဲ ကာ ရှင်း ပြ ထား သေးပါ တယ
်
ubuntu အကြောင်း
fedora အကြောင်း
openSUSE အကြောင်း
Debain အကြောင်း
mandriva အကြောင်း
linux Mint အကြောင်း
PCLinux OS အကြောင်း
Slackware အကြောင်း
Gentoo အကြောင်း
Centoo အကြောင်း
CentOS အကြောင်း တွေ ပါ ရှိ ပီး l
inux မှု ကွဲ များ ၏ အာသာ ချက် များအ ကြောင်း
Linux Kenel အကြောင်း
linux ၏ ကောင်းကျိုး များ
linux ၏ Hardware Requirement အကြောင်း
linux install ပြု လုပ် နည်း
openSUSE install ပြု လုပ် နည်း
LINUX DESKTOP ကို လေ့ လာခြင်း
GNONE panel ကိုအသုံးပြုနည်း အကြောင်း
desktop Effect ကို ပြုပြင် ခြင်း
shell Interface အကြောင်း
shell မှ ပြန် ထွက် ခြင်း
shell အသုံးပြုခြင်း
shell command အသုံး ပြုပုံ
grub boot loader အကြောင်း
file system ထဲမှာ ပါရှိ တဲ့
ext file system /swap file system/ vfat file system/ xfs file system
အား လုံး ကို လည်း အသေးစိတ် ရှင်း ပြ ထား သေး သည်
စုစု ပေါင်း chapter ပေါင်း chapter 11 အထိ ပါ ရှိ အတော် လေး စုံလင် တဲ့ စာ အုပ် တစ်
ဖစ်ပါ တယ် ကျနော် ဖတ် သမျှ linux myanmar Ebook ထဲ မှာ
အကြိုက် နှစ်သက် ဆုံး စာ အုပ် တစ်အုပ်ပါ
DOWNLOAD LINK TO:
http://usersfiles.com/gfk7vkc6k14u
Tuesday, June 10, 2014
Android ပေါ်မှလက်တွေ့သုံးနည်းပညာ် သန်းထိုက်(ရွှေရိပ်) ebook
Android သမားတွေတွက် ဖတ်သင့်တဲ့စာအုပ်လေးပါပဲ အခန်း(၈) ခန်းပါဝင်ပြီး setting တွေ app ထဲသွင်းပုံတွေ root လုပ်နည်းတွေ အစုံပါတဲ့ စာအုပ်လေးပါပဲ။
DOWNLOAD LINK TO:
https://www.dropbox.com/s/e2qtvx4zqjlbd1g/Android%20%E1%80%B1%E1%80%95%E1%81%9A%E1%80%99%E1%80%BD%E1%80%9C%E1%80%80%E1%80%B9%E1%80%B1%E1%80%90%E1%80%BC%E1%82%95%E1%80%A1%E1%80%9E%E1%80%B6%E1%80%AF%E1%80%B8%E1%80%81%E1%80%BA%E1%80%94%E1%80%8A%E1%80%B9%E1%80%B8%E1%80%95%E1%80%8A%E1%80%ACbyAKARI.rar
ဘောပွဲတွေတိုက်ရိုက်ကြည့်လို့ရမဲ့ SkyNet APK လေးပါ
Thursday, June 5, 2014
♪ ရုပ်ဆိုးဆိုးပုံတွေရုပ်ပြောင်တွေဖန်တီးနိုင်မယ့် - Face Blender v2.0.7 APK ♫
ပုံတွေကိုမြင်လိုက်တာနဲ့တင် အရမ်းမိုက်ပြီးပျော်ရွင်စရာကောင်းမယ့် Application အသစ်လေးဆိုတာကိုသိ ကြမှာပါ။ Face Blender v2.0.7 ကတော့ 27ရက်နေ့ကမှအသစ်ထွက်လာတာဖြစ်ပါတယ်ဗျာ။ သူငယ်ချင်း အချင်းချင်း ရုပ်ဆိုးဆိုးပုံတွေရဲ့ အစိတ်အပိုင်းတွေကိုယူမျက်နှာမှာ ရုပ်ဖျက်လို့ရပါတယ်။ ပြုပြင်ပြီးတာနဲ့ Facebook ပေါ်တိုက်ရိုက်လှမ်းတင်နိုင်ပါတယ်ဗျာ။ စိတ်ကူးကောင်းရင်ကောင်းသလို အင်မတန်ရုပ်ဆိုးတဲ့ ပုံတွေကိုဖန်တီးနိုင်မှာဖြစ်ပါတယ်ဗျာ။ Android OS 2.1 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။
DOWNLOAD LINK TO:
http://www.solidfiles.com/d/e207b4e522/Face_Blender_v2.0.7_By_www.pyaephyo.com.apk
♪ Viber မှ Chat, Call, Contact များကို Backup လုပ်ထားနိုင်သော Viber Backup.apk ♫
သင့် Viber မှ chat ထားသမျှစာများ၊ Call နှင့် Contact များသည် အကြောင်းအမျိုးမျိုးကြောင့် ဖုန်းတစ်ခုခု ဖြစ်၍ဖြစ်စေ ဖုန်းနံပါတ်လဲ ရ၍ဖြစ်စေ၊ ဖုန်းလဲရ၍ဖြစ်စေ၊ အခြားအကြောင်းများကြောင့် ဖြစ်စေ Viber ကို အစအဆုံးပြန်လုပ်ရ၍ ပျောက်ပျက်ကုန် တတ်သည်။ တန်ဖိုးထားတတ်သူအတွက် တန်ဖိုးကြီးပါသည်။ ထို ဖိုင်များကို မပျောက်ပျက်ပဲ လိုအပ်လျှင် ကွန်ပျူတာ၊ ဖုန်းတို့ ဖြင့် ပြန်ကြည့်နိုင်ရန် Backup လုပ်ထားသင့်သည်။
Viber Backup app သည် သင့် Viber မှ Chats, Calls နှင့် Contacts များကို Backup လုပ်ပေးနိုင်သည်။ ရရှိလာသော Backup ဖိုင်များကို SDCard/Viber Backup Folder တွင် zip ဖိုင် အနေဖြင့် save လုပ်ပေးလိမ့်မည်။ zip ဖိုင်ထဲတွင် တစ်ဦးချင်းဆီ၏ Chats, Calls, Contacts များကို csv format ဖြင့်ထည့်ထားပါသည်။ csv format တွင် photo, sticker, video ဖိုင်များ ပါမလာနိုင်ပါ။
ထို Backup ဖိုင်များကို Phone, Computer တို့ထဲတွင် ပြန်ဖတ်ရန် သိမ်းထားနိုင်သည်။
Viber Backup app ကို သုံးရန် သင့် ဖုန်းတွင် Root ရှိရန်လိုအပ်သည်။
csv ဖိုင်များကို play store မှ CSV Viwer ၊ Root Explorer နှင့် အခြား မိမိနှစ်သက်ရာများသုံး၍ ပြန်ဖတ်နိုင်ပါသည်။
Thanks to Viber, Original Owner Dev
အသုံးပြုလိုပါက အောက်က လင့် တွင် ဒေါင်း၍ ယူနိုင်ပါသည်။
DOWNLOAD LINK TO:
http://www.solidfiles.com/d/0e374822f5/Viber_Backup_v1.0_By_www.pyaephyo.com.apk
♪ Android Phone နဲ့ Video Edit လုပ်နိုင်မယ့် - AndroVid Pro Video Editor v2.4.6 ♫
Android User များအတွက် Android Phone ပေါ်မှာတင် Video Editing လုပ်နိုင်ဖို့အတွက် AndroVid Pro Video Editor ဆိုတဲ့ Application လေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ မိမိနှစ်သက်တဲ့ Video အပိုင်းတွေကို စုစည်းပြီး ဖြတ်ဆက်ညှပ် လုပ်နိုင်ပါတယ်။ ဓါတ်ပုံတွေကိုလည်း သီချင်းနောက်ခံတွေနဲ့ Slide Show လည်း လုပ်ပေးနိုင်ပါတယ်။ ဒါအပြင် Edit လုပ်ပေးနိုင်တဲ့ Feature တွေ Effect တွေလည်း အများကြီးပါဝင်ပါတယ်ဗျာ။ ကိုယ်တိုင်သာကလိကြည့်ကြပါနော်။ နမူနာကြည့်နိုင်ဖို့လည်း အောက်မှာ Screen Shot တွေရိုက်ပြထားပါ တယ်ဗျာ။ Android OS 2.1 နှင့်အထက်ဖုန်းများမှာ အသုံးပြုနိုင်ပါတယ်ဗျာ။
Down Load Link To:
http://adf.ly/pId8i
Cl ios 8 in 1 icon pack HD v1 APK
Android phone/Tablet ကိုင်ဆောင်သူတွေ Themes, Launcher အစရှိသော Go, Apex, Nova, လန်းလန်းကြိုက်တယ်သူတို့အတွက်Cl ios 8 in 1 icon pack HD
တင်ပေးလိုက်ပါတယ်ဗျာ အောက်ပုံလေးကြည့်တာ အသုံးပြုမယ်စိတ်ကလေးက ၀င်းလာမှာပါဗျာ။ အသုံးပြုမယ်ဆိုရင်အောက်မှာယူနိုင်ပါတယ်။အားလုံးအဆင်ပြေပါစေ။
This is NOT a standalone app, you need a launcher such as Go, Apex, Nova, etc that allow custom themes.
Nova Launcher
Apex Launcher
ADW Launcher
Inspire Launcher
Smart Launcher
Atom Launcher
S Launcher
Galaxy Launcher
Solo Launcher
Slide
Winterboard
KK Launcher
Mini Launcher
Holo Launcher
Action Launcher Pro
Go Launcher (icons only)
Unicon only Icon
Walpaper design and resolution
DOWNLOAD LINK TO:
http://www.solidfiles.com/d/1ce89dc6dd/Clios_8_in_1_icon_pack_HD_v1__www.winhlaing.org.apk
Friday, May 30, 2014
Huawei g730u & Honor 3c မြန်မာစာ 100% sure
Huawei g730u & honor 3c တို့မှာ ဂဏ္ဏာန်းနံပါတ် တစ်ခုခုနှိပ်ပြီး မြန်ာမာစာ ထပ်ရိုက်လိုက်ရင် မမ်ြင်ရတဲ့ error ကိုရှင်းနည်းတင်ပေးလိုက်ပါတယ်
Error ကို ဥပမာနေနဲ့ပြမယ် 12 နေကောင်းလား လို့ရိုက်လိုက်ပျောက်သွားလိမ့်မယ် မယုံရင် စမ်းကြည့်လိုက်ပါ
Huawei G730u နဲ့ Honor 3c မြန်မာစာ 100 % အဆင်ပြေတဲ့ font link ကိုတင်ပေးလိုက်ပါတယ်။
ပေးထားတဲ့ apk ကိုဒေါင်းလော့ဆွဲပြီးတာနဲ့ apk ထဲကို 0င်လိုက်ပါ ပြီးရင် apply fontကိုနှိပ်လိုက်ပါ theme ထဲမှာ အခုထည့်လိုက် myanmar font theme ကိုapply နှိပ်လိုက်တာနဲ့ theme with font နှိနှိပ်လိုက်ပါးပြီရင် phone restart ကျသွားပါလိမ့်မယ်
အဓိက main ကတော့
setting Display ထဲမှာ font style ထဲမှာ အခုပေးထားတဲ့ myanmar.font ဆိုတဲ့စာသားကို ရွေးပေးထားရမှာပါ
Root ရှိဖို့မလိုပါဘူး။
Download Link to:
https://www.dropbox.com/s/m1mg9uv0qem3ots/HuaweiFont_1.0.apk
Credit to:MPX-TEAM From Ko Khant Thu
Monday, May 26, 2014
ကိုယ့်ဖုန်းကိုဘယ်သူကိုင်သွားလည်းသိချင်ရင်phone spy နဲ့သာဖော်ထုတ်ပေတော့
ဘော်ဒါ ဖုန်းအနားမှာ မရှိတဲ့အချိန် ဘော်ဒါရဲ့ ဖုန်းကို ဘယ်သူတွေ ..
ဝင်ကလိသွားလဲဆိုတာ ဖော်ထုတ်ပေးမယ့် စုံထောင်ကြီး ဖြစ်ပါတယ်။
ဘယ်လိုဖော်ထုတ်ပေးမှာလဲဆိုတော့ ဖုန်းကိုင်လိုက်တဲ့သူရဲ့ ..
မျက်နှာကို ဓါတ်ပုံရိုက်ပေးမှာဖြစ်ပါတယ်။ Phone Spy ရဲ့ service ကို
on လိုက်တာနဲ့ ဖုန်း lock ကျနေတဲ့အခါ ဖုန်းကို lock ပြန်ဖွင့်တဲ့သူရဲ့ ..
မျက်နှာကို front camera နဲ့ ဓါတ်ပုံရိုက်လိုက်ပါမယ်။ ဓါတ်ပုံရိုက်မှန်းလဲ
သိလိုက်မှာ မဟုတ်ပါဘူး။ ဓါတ်ပုံကို Gallery ထဲမှာ Phone Spy ဆိုတဲ့
folder ထဲကနေ ပြန်ကြည့်နိုင်ပါတယ်။ ဓါတ်ပုံများကို တစ်ခါတည်း
ပြန်ဖျက်နိုင်တဲ့ function လဲပါဝင်တယ်။ ကိုယ်မရှိတဲ့အချိန် ဘယ်သူတွေ
ကိုယ့်ဖုန်းကို လာကိုင်သွားလဲ သိချင်ရင် Phone Spy နဲ့သာ
ဖော်ထုတ်ပေတော့။ မိမိဖုန်းမှာ front camera ပါမှ အသုံးပြုနိုင်ပါမယ်။
Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။
လိုချင်ရင်အောက်ကလင့်မှာအသုံးပြုပါနော်
Download Link to:
http://miloshare.com/wt89ile8olk1
FACEBOOK က MOVIE တွေကို အပီဒေါင်းပေးမဲ့ APK FOR ANDROID
Official Facebook က ဗီဒီယိုတွေဒေါင်းမရတဲ့သူတွေအတွက်
လွယ်လွယ်ကူကူနဲ့ ကိုယ့်စိတ်ကြိုက်ဒေါင်းလို့ရနိုင်မဲ့ application
ကောင်းလေးပါ။ကိုယ့် facebook ထဲက ကိုယ်တင်ထားတဲ့ Movie တွေ၊
Friend တွေတင်ထားတဲ့ Movie တွေ၊ Page တွေက တင်ထားတဲ့ Movie တွေ၊
ပီးတော့ Group တွေက တင်ထားတဲ့ Movie တွေ ကို စိတ်ကြိုက် Download,
Watch,Share နိုင်ပါတယ်။သုံးရတာတကယ်ရိုးရိုးလေးပါ။အဲ့ app လေးထဲ ၀င်ပီး
Log in ဆိုတာလေးကို နှိပ်ပီး Yes ဆိုတာကိုရွေးပေးလိုက်ရင် Log in ၀င်ပီးသား
ဖြစ်သွားမှာပါ။စမ်းကြည့်တာအိုကေလို့ ပြန်ရှယ်ပေးလိုက်ပါတယ်။အဆင်ပြေပါစေ။
Downlaod Link to:
http://usersfiles.com/f83v6p77big2
ဆောင်ထားသင့်တဲ့ အင်တာနက်မြန်နှုန်းပြ apk
Sunday, May 25, 2014
သင့် Viber ကို အချိန်ဇယားဖြင့် လိုသလို Offline လုပ်ထားနိုင်သော Viber Switch Timetable.apk
ဤ app သည် အင်တာနက် သုံးနေစဉ် သင့် Viber ကို လိုသလို စိတ်ကြိုက် Offline အခြေအနေတွင် ထားပေးနိုင်သည်။ Viber တွင် လွတ်လပ်စွာ ပုန်းနိုင်သည်။ Online/Offline ချက်ချင်း ပြောင်းနိုင်ရန် ဖွင့်/ပိတ် ခလုတ် ပါရှိသည်။ နေ့စဉ် သို့မဟုတ် အချိန်ပိုင်း မည်သည့်အချိန်မှ မည်သည့် အချိန်ထိ offline အခြေအနေ တွင်ထားမည်ကို ရွေးချယ်နိုင်သည်။ အကြိမ်များစွာ လုပ်နိုင်သည်။
အချိန် ရက် လ ခုနှစ် သို့ကြိုတင်၍ Offline အခြေအနေအတွက် အချိန်ဇယားဆွဲ ပြင်ဆင်နိုင်သည်။ အင်တာနက် အသုံးပြုနေသော်လည်း သင် Offline အခြေအနေတွင် ထားပါက သင့် Viber သည် offline ဖြစ်နေမည်။ တစ်ဘက်လူမှ ပို့သမျှ ဘာမှ မ၀င်တော့ပါ။ တစ်ဘက်လူမှ သင့် Viber ကို ကြည့်လျှင် Offline ဖြစ်နေမည်။
သင် အင်တာနက်ကို လွတ်လပ်စွာ သုံးပြီး Viber တွင် အနှောက်ယှက်ကင်းစွာ ပုန်းနေ၍ ရပါပြီ။ Online ပြန်ဖြစ်ချင်ပါက ချက်ချင်းပြန် On နိုင်ပါသည်။ ဒီ app ကို သုံး၍ အဆင်မပြေပါက "Uninstall လုပ်ရန်" ကိုနှိပ်ပြီး ဖျက်ထုတ်နိုင်သည်။ Viber အချိန်ဇယားကွက်တွင် အပြာရောင်ဖြင့် ပြထားသော အချိန်များသည် အလုပ်လုပ်ရန် အချိန်များဖြစ်ပြီး မီးခိုးရောင်ဖြင့် ပြထားသော အချိန်များသည် Offline အတွက် အလုပ်လုပ်ပြီးသွားသော အချိန်များ ဖြစ်ပါသည်။
Download Link to:
http://usersfiles.com/scdpwti08nfw
အချစ်အဘိဓါန်Apk
Saturday, May 17, 2014
Mobile Network အကြောင်း
ကျနော်အခုပြောမှာကတော့ Phone Network တွေအကြောင်းပါ။ကျနော်တိုမြန်မာနိုင်ငံမှာအသုံးပြုနေတဲ့ ဖုန်းအမျိုးအစားတွေကတော့ GSM | WCDMA | CDMA 800MHZ | CDMA 450 MHZ စတဲ့ဖုန်းတွေပဲဖြစ်ပါတယ်။ဖုန်းအမျိုးအစားတွေအကုန်လုံး အင်တာနက် (Data) အသုံးပြုနိုင်ပေမယ့် CDMA 450 MHZ မှာတော့ အသုံးမပြုနိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့ သူက လှိုင်းအလျား နိမ့်လို့ပါ။Mobile Phone Data စနစ်မှာ GPRS,EDGE နဲ့ 3G ယခုဆိုလျင်နိုင်ငံရပ်ခြားတွေမှာ 4G စနစ်ကိုတောင်အသုံးပြုနေပီဖြစ်ပါတယ်။
GPRS(General Packet Radio Service)
GPRS ဆိုတာကတော့ Packet-based ၀ါယာလက်စနစ်ကို အခြေခံထားပါတယ်။ကျနော်တိုအသိများတာကတော့ 2G Network လိုခေါ်ပါတယ်။အမှန်တကယ် 2G Network ဆိုလျင် Download Speed 144 Kbps လောက်ထိရနိုင်ပါတယ်။GPRS ကတော့ ကန်သက်ချက်တွေရှိပါတယ် ကျနော်တိုဖုန်းပြောနေရင်း Data စနစ်ကိုအသုံးမပြုနိုင်ပါဘူး။
EDGE(Enhanced Data GSM Evolution)
GPRS နဲ့ EDGE ဆိုတာ 2G နက်ဝက်နည်းပညာတစ်ထည်းပါပဲ။ဒါပေမယ် EDGE က GPRS ထက် Download Speed ပိုများပါတယ်။384Kbps နည်းပါးလောက်ရနိုင်ပါတယ်။တစ်ခါတစ်ရံမှာ EDGE ကို 2.5G Network လိုလည်းခေါ်ဆိုကြပါတယ်။
3G
3G နက်ဝက်ဆိုတာကတော့ Video Calling,MMS စတဲ့ လုပ်ဆောင်ချက်တွေအများကြီးအပိုပါလာပါတယ်။မြန်မာနိုင်ငံမှာတော့ ချပေးထားခြင်းမရှိပါဘူး။Download Speed ကတော့ အနည်းဆုံး 3.1Mbps အထိရနိုင်ပါတယ်
HSDPA(Hight-Speed-Down-link Packet Access)
HSDPA ဆိုတာကတော့ 3G နက်ဝက်အပေါ်အခြေခံထားပါတယ်။ရိုးရိုးသာမန် 3G နက်ဝက်ထက်ပိုမြန်ပါတယ်။Download Speed 14Mbps အထိရရှိနိုင်ပါတယ်။HSPDA ကိုတစ်ခါတစ်ရံမှာ 3.5G နက်ဝက်လိုလည်းခေါ်ကြပါတယ်။
HSPA+(Evolved High-Speed Packet Access)
HSPA+(Evolved High-Speed Packet Access) ဆိုတာကလည်း 4G Nework နည်းပညာကိုအသုံးပြုထားပါတယ်။သူရဲ့ အမြင်ဆုံးရနိုင်တဲ့ Download Speed ကတော့ 168Mbps ပဲဖြစ်ပါတယ်။WCDMA ရဲ့အရှည်ကောက်ကတော့ "Wideband Code Division Multiple Access" လိုခေါ်ပါတယ်။
4G LTE(Long Term Evolution)
LTE ဆိုတာကတော့ 4G Network အပေါ်အခြေခံပြုလုပ်ထားသောစနစ်ဖြစ်ပါတယ်။HD ဇာတ်ကားတွေကိုအထစ်ငပေါ့မရှိကြည့်ရှုနိုင်ပါတယ်။သူရဲ့အမြင့်ဆုံး Download Speed ကတော့ 222.96Mbps ပဲဖြစ်ပါတယ်။
Root ဆိုတာ ဘာလဲ
Root လုပ်ထားပါက မမြင်တွေ့နိုင်တဲ့ System file တွေကို မြင်တွေ့ပြင်ဆင်နိုင်ပါတယ်။ Root လုပ်ပြီးသွားပြီဆိုရင် ဖုန်းတစ်ခုလုံးမှာရှိတဲ့ File တွေအားလုံးကို တစ်ခုမကျန် တွေ့ရမှာပါ။ Root ပြုလုပ်လိုက်တာဟာ ဖုန်းတစ်ခုလုံးကို ပြောင်းလဲပစ်လိုက်တာမျိုးမဟုတ်ပါဘူး။ Root လုပ်လိုက်ပြီးရင်လည်း မူလအတိုင်း ပြန်ထားနိုင်ပါတယ်။
Root ပြုလုပ်ခြင်းအတွက် အများကြီး စိုးရိမ်နေဖို့ မလိုပါဘူး။ ဖုန်းထုပ်လုပ်သူတွေကတော့ Root ပြုလုပ်ခြင်းဟာ အသုံးပြုသူနဲ့ မသက်ဆိုင်တဲ့စနစ်ရဲ့ File တွေကို ကိုင်တွယ်မှာစိုးလို့ ဆိုပြီး ဆင်ခြေပေးကြပါတယ်။
ဒါပေမယ့် Root ပြုလုပ်ခြင်းကို တားမြစ်တာဟာ မလုပ်သင့်တဲ့အရာပါ။ သာမန်ပညာတတ် တစ်ယောက် အနေနဲ့တော့ ကိုယ့်ရဲ့ ဖုန်းစနစ်ကို ပျက်ဆီးသွားစေမယ့် လုပ်ရပ်မျိုးကို
အလွယ်တကူ ပြုလုပ်ကြမှာမဟုတ်ပါဘူး။ နောက်ပြီးကိုယ်ကြုံတွေ့ နေရတဲ့ အသေးအဖွဲ Software ပြဿနာလောက်ကိုတော့ Service Center ထိ အချိန်ပေးပြီးသွားရမယ်ဆိုတာက သိပ်ပြီး ကျေနပ်စရာမကောင်းလှပါဘူး။
တစ်ကယ်တော့ Android မှာ Root လုပ်ခြင်းဟာ ကွန်ပြူတာမှာဆိုရင် Administrator User နဲ့ Guest User နီးပါးလောက် ကွာခြားပါတယ်။ ဒါမှမဟုတ် Hidden Files တွေကို
မြင်ရခြင်းနဲ့ မမြင်ရခြင်း ကွာသလိုမျိုးပါပဲ။ ဒီ Android ကို ဖုန်းထုတ်လုပ်သူတွေ မပိုင်ပါဘူး။ ဖုန်းထုပ်လုပ်သူတွေဟာလည်း Android ကို Google ကနေ အခမဲ့ ရယူထားတာဖြစ်လို့ Android ကို သူတို့လည်း မပိုင်ဆိုင်ပါဘူး။ ဒါ့ကြောင့် ဖုန်းထုတ်လုပ်သူတွေ ကြိုးစားပြီး ပိတ်ထားပေမယ့်လည်း Developer ရပိုင်ခွင့်နဲ့ တောင်းဆိုတော့မှာ ဖုန်းရဲ့ OEM ကို Unlock လုပ်ဖို့အတွက် မပေးချင် ပေးချင်နဲ့ ပေးရပါတော့တယ်။ Bootloader ကို ပိတ်ပင်ထားတာဟာလည်း ဥပဒေအရ မညီညွတ်ပါဘူး။ Bootloader ဆိုတာ နားလည်လွယ်အောင် ပြောရရင် Android ကိုစတင် မောင်းနှင်မည့် စနစ်ပါပဲ။
Boodloader ကို Lock ချထားတဲ့အတွက် ဖုန်းဝယ်ယူစဉ်ကပါတဲ့ Android (Stock ROM) ကိုပဲ သုံးလို့ရပြီး ကျွန်တော်တို့ စိတ်ကြိုက် Android စနစ် (Custom ROM) တွေကို ထည့်လို့မရတော့ပါဘူး။ နည်းနည်းရှုပ်သွားပြီးလား... Laptop တစ်လုံးနဲ့ယှဉ်ပြီး ဥပမာပေးရအောင်...။ တစ်ကယ်လို့ ကျွန်တော်တို့က Windows 7 ပါတဲ့ ASUS Laptop တစ်လုံးဝယ်လိုက်ပြီ ဆိုပါစို့။ အဲဒီ့ Laptop ထဲကို Windows 8 ထည့်ချင်လည်း ထည့်လို့ရတယ်၊ တစ်ခြား Ubuntu တို့လို OS တွေလည်း ထည့်ချင်ထည့်လို့ရပါတယ်။ ကျွန်တော်တို့ ပိုက်ဆံပေးထားတာ Laptop (Hardware) အတွက်ပါပဲ။ ဝယ်တုန်းက Windows 7 ကို ဖြုတ်ပြီး တစ်ခြား OS ထည့်လိုက်လို့ Warranty ပျက်သွားပြီလို့ မရှိပါဘူး။ ဒါဆို သဘောပေါက်မှာပါ။ ကျွန်တော်တို့ ဖုန်းဝယ်ထားတာလည်း Hardware ကိုပါပဲ။ ဒါကြောင့် OS ဖြစ်တဲ့ Android ကို ကျွန်တော်တို့ ကြိုက်တာ ထည့်ခွင့်ရှိရမှာပေါ့။ အဲဒါအပြင် ဖုန်းထဲမှာပါတဲ့ Android ကိုတောင်မှ ဖုန်းထုတ်လုပ်သူတွေ ဖန်တီးထားတာမှ မဟုတ်တာ။ ဒါဆိုရင် Stock ROM တွေက ဖုန်းထုတ်လုပ်သူတွေ ဖန်တီးထားတာ မဟုတ်လား လို့ မေးလို့ရပါတယ်။ Stock ROM တွေက ဖုန်းထုတ်လုပ်သူတွေ ဖန်တီးထားတာဆိုပေမယ့် အဲဒါအတွက် ကျွန်တော်တို့ ပိုက်ဆံပေးဖို မလိုပါဘူး။ သူတို့ဘာသာ Marketing သဘောအရ ပြုလုပ်ပေးတာပါ။ ခုနက ASUS Laptop ကိုပဲ ပြန်ကြည့်ပါဦး ။ Laptop ဝယ်တုန်းက ASUS က အပိုထည့်ပေးလိုက်တဲ့ Application တွေနဲ့ Tools တွေကို တွေ့ရမှာပါ။ ဒါတွေက Laptop ဝယ်လို့ ASUS က မေတ္တာလက်ဆောင်ပေးထားတဲ့ သဘောပါပဲ။ ဟုတ်ပါတယ် ဖုန်းထုတ်လုပ်သူတွေလည်း Android ကို Google ကပေးတဲ့အတိုင်း ဖုန်းထဲ ထည့်ပေးလိုက်လည်း ဖြစ်ပါတယ်။ Marketing သဘောအရ ဖုန်းထုတ်လုပ်သူအချင်းချင်း Stroke ROM တွေ ပြိုင်ဆိုင်ရေးပြီး ပြင်ဆင်ထည့်ပေးလိုက်တဲ့အတွက် ကျွန်တော်တို့က ဘာလို့များ ပိုက်ဆံအပိုပေးရမှာလဲ...?
ကျွန်တော်တို့ဖုန်းရဲ့ Android ကို ကျွန်တော်တို့ကြိုက်တာ ထည့်ခွင့်ရှိရမယ်။ Google ကနေ Android Icecream Sandwich ထွက်လာရင်လည်း ကျွန်တော်တို့ သုံးချင်တယ် Android Jelly Bean ထွက်လာရင်လည်း သုံးချင်ပါတယ်။ ဖုန်းဝယ်တုန်း ကတည်းက ပါလာတဲ့ Android Gingerbrad ကြီးကို ရိုးနေပြီဗျာ...။ ဒါကို ခင်ဗျား လက်ခံတယ်ဆိုရင် စနစ်တစ်ခုလုံးပြောင်းပစ်တာမျိုးတောင်မဟုတ်တဲ့ Root လုပ်တာလေးကို ကျွန်တော်တို့ ဘာလို့များ မလုပ်သင့်/လုပ်ခွင့်မရှိရမှာလဲဗျာ ။ ဒါကြောင့် ကျွန်တော်တို့ ဝယ်ထားတာ ဖုန်းရဲ့ စနစ်ပိုင်းကို ကျွန်တော်တို့စိတ်တိုင်းကျ ကြည့်ရှုခွင့် လေ့လာခွင့် ပြင်ဆင်ခွင့် ရှိရမှာပါ။ နောက်ဆုံး ကျွန်တော်တို့ ဖုန်းကို စဖွင့်ဖွင့်ချင်း ပေါ်လာတဲ့ Samsung ဆိုတဲ့ပုံနေရာမှာ ကျွန်တော်တို့ကြိုက်တဲ့ပုံ အစားထိုးထည့်ခွင့်ရှိရပါမယ်။ ဖုန်းထုတ်လုပ်သူတွေကတော့ သူတို့ရဲ့ ရပိုင်ခွင့်အနေနဲ့ ဖုန်းရဲ့ ကိုယ်ထည်မှာ Samsung ဆိုတဲ့စာတန်းကို ထည့်နိုင်ပါတယ်။
Root လုပ်လိုက်ရင် ဘာအကျိုးထူးမှာလဲ? ဒါ Android ကို Root လုပ်သင့်မလုပ်သင့် စဉ်းစားနေတဲ့သူတွေ မေးနေကျမေးခွန်းပါပဲ။ Root လုပ်ရင် ဘာတွေ ထူးမှာလဲဆိုတော့ ဒါလေးက နမူနာပါ။ Nandroid - ကိုယ့်ရဲ့ ဖုန်းတစ်ခုလုံးရဲ့ စနစ်တစ်ခုလုံးကို Backup ပြုလုပ်ထားနိုင်ပါတယ်။ Backup ကို ကွန်ပြူတာထဲမှာပဲဖြစ်ဖြစ် သိမ်းထားနိုင်ပါတယ်။ ကိုယ့်ရဲ့ဖုန်း ပျက်သွားတဲ့အခါ အမျိုးအစားတူ ဖုန်းတစ်ခုကို ဝယ်ပြီး Restore ပြုလုပ်လိုက်တာနဲ့ တစ်ပြိုင်နက် ကိုယ့်ဖုန်းအတိုင်း တစ်ထပ်တည်း ပြန်ရပါလိမ့်မယ်။ ဒီလိုမျိုး တစ်ထပ်တည်းပြန်ရအောင် Service Center ကရော စွမ်းဆောင်နိုင်လို့လား။ Root ပြုလုပ်ထားရင် ကိုယ့်ဖုန်းပျက်သွားမှာလား ဆိုပြီး အမြဲ စိတ်ပူနေရမှလား..။ သိပ်လည်း စိတ်မပူပါနဲ့ Nandroid နဲ့ Backup ပြုလုပ်ထားရင် System file တစ်ခုခုကို မတော်တဆဖျက်မိတာတောင် ပြဿနာမရှိပါဘူ။ နည်းပညာပိုင်းအတွက် မသိတာရှိရင် သိတဲ့သူတွေကိုမေးပါ။ ကျွန်တော်တို့လည်း ခင်ဗျားလိုပါပဲ . . ဘာမှမသိခဲ့ပါဘူး။ သိတဲ့သူတွေကို မေးမြန်းအကူအညီတောင်းရင်း နည်းနည်းလေး နားလည်လာတာပါ။ အဆိုးဝါးဆုံး ဖြစ်နိုင်ခြေကတော့ Brick ဖြစ်တယ်လို့ ခေါ်တဲ့ လုံးဝဖွင့်မရတော့တဲ့အခြေအနေ ဖြစ်သွားတာပါပဲ။ အဲဒီ့လိုဖြစ်လာခဲ့ရင်တောင်မှ Stock ROM လို့ခေါ်တဲ့ ဖုန်းထုတ်လုပ်သူက ထုတ်ပေးတဲ့ Android စနစ်ကို ပြန်ပြီး ထည့်သွင်းလိုက်ရင် ဝယ်စဉ်ကအတိုင်း ပြန်ရပါလိမ့်မယ်။
Root မလုပ်သင့်တဲ့ အကြောင်းပြချက်-
- ကိုယ့်ကိုကိုယ် IT နည်းပညာနဲ့ပတ်သက်ရင် ခပ်တုံးတုံးလူလို့ထင်ရင်
- ကိုယ့်ဖုန်းကို ပိုပြီး မြန်လာအောင်၊ မလိုအပ်တဲ့ အမှိုက် (Stock Apps) တွေဖယ်ထုတ်တာမျိုး လုပ်ဖို့မလိုဘူးဆိုရင်
- ဖုန်းထုပ်လုပ်သူတွေက ပြုလုပ်ပေးထားတာတွေကသာ အကောင်းဆုံးလို့ တရားသေ ယူဆထားရင်
- Root Access ရမှ ထည့်သွင်းလို့ရမယ့် Apps တွေကိုလည်း စိတ်မဝင်စားဘူးဆိုရင်
- ကိုယ့်ရဲ့ဖုန်းစနစ်ကို မလေ့လာချင်ဘူး/မကလိချင်ဘူး/ ဖုန်းအတွက်နဲ့ အချိန်မပေးနိုင်ဘူး ဆိုရင်
- ကိုယ့်ရဲ့ ဖုန်း(Android) ကို Apple iPhone လိုပဲ ဘာမှ ပြုပြင်ဖန်တီးခွင့်မရှိဘူးလို့ ယူဆထားရင်
- Open Source ရဲ့ အဓိပ္ပါယ် (ရပိုင်ခွင့်) ကို သေချာနားမလည်ဘူး ဆိုရင်
- ဖုန်းထုတ်လုပ်သူတွေက တစ်ဖက်သက်ချမှတ်ထားတဲ့ Rule တွေကို ပြောသမျှ ခေါင်ငြိမ့်တတ်တဲ့သူ ဆိုရင်
- ဖုန်းဆိုတာ ဖုန်းဆက်လို့ရရင် ပြီးတာပဲလို့ သဘောထားတဲ့သူဆိုရင် Root မလုပ်ပါနဲ့....
Root လုပ်သင့်တဲ့ အကြောင်းပြချက် -
- Root မလုပ်သင့်တဲ့အကြောင်းပြချက်တွေက ကိုယ်နဲ့ မကိုက်ညီဘူးဆိုရင်
- ကိုယ့်ဖုန်းကိုကိုယ် ထိန်းသိမ်းနိုင်စွမ်းရှိတယ်လို့ ယူဆရင်
- ကိုယ်ဝယ်ထားတဲ့ဖုန်းကို ကိုယ်ပိုင်တယ်လို့ ယူဆရင်
- Root ပြုလုပ်ခြင်းဟာ ကိုယ့်ရဲ့ အခွင့်အရေး/ရပိုင်ခွင့်လို့ ယုံကြည့်ရင် ဒါဆို Root လုပ်ဖို့ ကြိုးစားကြည့်နိုင်ပါပြီ။
Root လုပ်ပြီးရင် ဘာလုပ်ရမလဲ ?
အကြံပေးချင်တာကတော့ Root လုပ်ပြီးရင် အရင်ဆုံး မိမိဖုန်းရဲ့ Original Firmware ကို Backup ပြုလုပ်ထားပါ။ ဒါကအရမ်းကိုအရေးကြီးပါတယ်.....
Root လုပ်ပြီးပီဆိုရင်တော့ user တစ်ယောက်ဟာ အနည်းနဲ့အများတော့ မိမိဖုန်းကိုလက်တည့်စမ်းကျမှာပါ ။ အဆင်မပြေခဲ့ရင် Restore ပြန်လုပ်နိုင်အောင်ပါခင်ဗျာ
Friday, May 16, 2014
Motorola Alert
ဘေးအန္တရယ် ကြုံတဲ့အခါ ကိုယ်ရဲ့ အရင်းအနီးဆုံး အဆက်အသွယ်တွေကို ဆက်သွယ်ပေးမဲ့ စမတ်ဖုန်း
တစ်ခြားတော့မဟုတ်ပါဘူး။ ကျတော်တို့နဲ့ မစိမ်းတဲ့ Motorola စမတ်ဖုန်းတစ်ခုရဲ့ app တစ်ခုဖြစ်ပါတယ်။ စမတ်ဖုန်းတစ်လုံးက သတ်မှတ်တဲ့
အရင်းအနီးဆုံး ဆိုတာ ကိုယ်ခေါ်ဆိုထားမူအများဆုံးနဲ့ တစ်သီးတစ်ခြားသတ်မှတ်ထားတဲ့ကိုယ်ရဲ့ Contact တွေ ဖြစ်ပါတယ်။
ဘယ်သူဘဲဖြစ်ဖြစ်တော့ တကယ်အရေးပေါ်အခြေအနေကိုရောက်နေတယ်ဆိုရင် ကိုယ်ရဲ့ သူငယ်ချင်းဖြစ်စေ၊ မိသားစုကို ဖြစ်စေ သင့်ဟာ အကူအညီလိုနေပြီးဆိုတာ
အားကိုတစ်ကြီး အကူအညီတောင်းလို့ကြတာ၊ တောင်းချင်ကြတာပဲလေ။ သူတို့ဆီကို ဘယ်လို လျှင်မြန်စွာ အသိပေးနိင်ပါမလဲ ? တကယ်လို့ သင့်ဟာ Moto E ဒါမှမဟုတ် Moto G ကို ကိုင်ထားမယ်ဆိုရင် Motorola Alert လို့ခေါ်တဲ့ App ကို သင့်ရဲ့ အန္တရယ်တွေကို ဖယ်ရှားပစ်ဖို့ရာ အသုံးပြုနိင်ပါလိမ့်မယ်။ ထို App အသစ်ဟာ Emergency mode မှာ သင့်ကို ခလုတ်ဆွဲဖို့ ခွင့်ပြုပေးထားပြီး ပုံမှန် သတိပေးမူနဲ့ တည်နေရာ အသိပေးမူတွေကို သင့်ရဲ့ အရေးကြီးတဲ့ အဆက်အသွယ်တွေဆီကို ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ လူတွေနဲ့ တွေ့ဖို့ နဲ့ သင့်ဟာ မိသားစုနေရာမှာ အလုပ်နေရာတွေမှာ ရှိတယ်ဆိုတာကိုလည်း အသိပေးနိင်ပါတယ်။ စိတ်မချတဲ့ ဇနီး ၊ ယောကျာင်္တွေ အတွက် စိတ်ချရစေမဲ့ app တစ်ခုလို့လည်း
ယူဆနိင်ပါတယ်။
Motorola E ဟာဆိုရင် ဈေးက $ 129 သာသာ ရှိတဲ့ အတွက် အသုံးပြုသူတွေကို ငွေကြေးပိုင်းမှာ အဆင်ပြေအောင် ပြုလုပ်ပေးထားတာကိုတွေ့ရပါတယ်။
App ဒေါင်းလုပ်ခ်လင့် >>> http://adf.ly/n8puQ
Sunday, May 11, 2014
SimCard ပျက်၊ ပျောက် လျှောက်ထားရာတွင်ကတ်ပြန်လည်ထုတ်ပေးခြင်း လုပ်ငန်းစဉ်ကိုရပ်ဆိုင်းထားရှိ
မန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်အတူ အကျိုးတူပူးပေါင်း၍ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC Tes) ၏ ကတ်ပျက်၊ကတ်ပျောက်များ လျှောက်ထားခြင်းကို လက်ခံလျှက်ရှိသော်လည်း ကတ်ပြန်လည်ထုတ်မပေးနိုင်သေးကြောင်းမြန်မာ့ ဆက်သွယ်ရေးမှတစ်ဆင့်သိရှိရသည်။
’’ ၃၁ နဲ့စတဲ့ MEC Tel Sim Card တွေကိုတော့ အခုပျက်၊ ပျောက် လျှောက်ထားတဲ့ Sim card တွေ ကိုတော့ မထုတ်ပေးသေးပါဘူး။ ဟိုဘက်က Sim card တွေမရသေးလို့ပါ’’ ဟုဆက်သွယ်ရေးနှင့်သ တင်းအချက်နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ သည်။
၂၀၁၃ ခုနှစ် ဧပြီကာလမှ အစပြု၍ငွေကျပ် (၁၅၀၀) တန် တန်ဖိုးနည်း CDMA 800 MHz (MEC Tel) Sim card များကိုသက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက်ခွဲတမ်းစနစ်ဖြင့် ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ CDMA 800 MHz (MEC Tel) Sim card ပျက်၊ ပျောက်များကို သက်ဆိုင်ရာတိုင်း နှင့်ပြည်နယ်ဒေသကြီးအတွင်းရှိ ဆက်သွယ်ရေးရုံးများတွင်ပြန်လည်လျှေက်ထားရမည်ဖြစ်သည်။ ၀န် ဆောင်ခအနေဖြင့် CDMA 800 MHz (MEC Tel) Sim card အပျက်ပြန်လည်လျှောက်ထားပါက၀န် ဆောင်ခအနေဖြင့် စာရွက်စာတမ်းကြေးသာကျသင့်မည်ဖြစ်ပြီး SimCard ပျောက် ပြန်လည်လျှောက် ထားပါက ငွေကျပ် (၂) သောင်းနှင့်တကွစာရွက်စာတမ်းများသာကျသင့်မည်ဖြစ်သည်။
’’၂၀၁၄ ခုနှစ်မေ (၁၄) (၁၅) ရက်နေ့လောက် Sim Card ပြန်ထုတ်ပေးမယ်လို့ ကြားပါတယ်။ ဧပြီလ လယ်ပိုင်းကတည်းက စပြီး Sim Card ပျက်တော့ဒီမှာကတ်ဝယ်သွားပြီး ပျက်၊ ပျောက်ဖြစ်တဲ့အခါလာ လျှောက်လို့ချက်ချင်းမရတဲ့အပြင် အခုက ဘယ်အချိန်ပြန်ရမယ်လို့ အတိအကျ မပြောတော့ သိပ်အ ဆင်မပြေပါဘူး’’ ဟုဧရာဝတီတိုင်းမှတစ်ဆင့်ကတ်ပျောက်လာရောက်လျှောက်ထားသူ ကိုသီဟကျော် မှပြောကြားခဲ့သည်
Saturday, May 10, 2014
မီးသီး မရှိလို့ပါ
မိုက်ကယ်တစ်ယောက် ရုံးပိတ်ရက် ၂ ရက်၊ ၃ ရက်လောက် အရေးတကြီးလိုအပ်နေပါတယ်။ ကုမ္မဏီကနေလည်း ရုံးပိတ်ရက်ရဖို့ ခက်ခဲနေတာကြောင့် အကြံတစ်ခု ထုတ်ပြီး အကောင် အထည်ဖော်ပါတော့ တယ်။
အလုပ်စားပွဲခုံပေါ်တက်ပြီး မက်တပ်ရပ်နေပါတယ်။ ဒါကိုမြင်တဲ့ စာရင်းကိုင် အမျိုးသမီးက “ရှင်ဘာ လုပ်နေတာ လဲ” လို့မေးတော့ ပြန်ဖြေပါတယ်။ “သူဌေးလာပြီး င့ါကိုမေးတဲ့အခါ ငါက မီးသီးတစ် လုံးဖြစ်တယ်လို့ပြော လိုက်မယ်။ ဒါဆိုရင် စိတ်ပင်ပန်းပြီး ရူးကြောင်ကြောင်ဖြစ်နေလို့ဆိုပြီး င့ါကို နားရက် ပေးလိမ့်မယ်”
ဒါနဲ့ပဲ သူဌေးက ရုံးထဲ ရောက်လာပါတယ်။ စားပွဲခုံပေါ် မက်တပ်ရပ်ပြီး ငြိမ်ငြိမ်း သက်သက်ရှိနေတဲ့ မိုက်ကယ်ကို ကြည့်ပြီး သူဌေးက ဘာလုပ်နေတာလဲလို့မေးပါတယ်။ ဒီတော့ မိုက်ကယ်က စီစဉ်ထားတဲ့ အတိုင်းပဲ “ကျနော်ဟာ အလင်းရောင်ပေးနေတဲ့ မီးလုံးတစ်လုံးပါ။ တစ်ရုံးလုံးမီးရအောင် ထွန်းလင်းနေပါ တယ်”လို့ ပြန်ဖြေ ပါတယ်။
ဒါနဲ့ စိတ်မကောင်းဖြစ်တဲ့ သူဌေးက “အေး။ မိုက်ကယ် မင်းအလုပ်ကြောင့်မို့ စိတ်ဖိစီးတာ အတော်များနေပြီ ထင်ပါတယ်။ အိမ်ပြန်နားတော့။ ၄ ရက်လောက် နားပြီးမှ ရုံးပြန်တက်” လို့မှာလိုက်ပါတယ်။ ဒါနဲ့ပဲ မိုက်ကယ် တစ်ယောက် ပျော်ရွှင်စွာပဲ အိမ်ပြန်သွားပါတယ်။ သူအိမ်ပြန်တာကို မြင်တဲ့ စာရင်းကိုင်မ ကလည်း အိတ်ထဲ ပစ္စည်းထည့်လို့ ရုံးဆင်းဖို့ ပြင်ပါတယ်။ ပြင်ဆင်နေတဲ့ အမျိုးသမီးကိုကြည့်ပြီး သူဌေးက မေးတော့ ယခုလို ပြန်ဖြေပါတယ်။
“မီးသီး မရှိပဲ ကျမဘယ်လို အလုပ်လုပ်ရမလဲ၊ အဲဒါကြောင့်ပြန်တာပါ”
Sunday, May 4, 2014
ပိန္နဲသီး၏ ကျန်းမာရေး အကျိုးကျေးဇူး (၁၀) ရပ်
(၁) ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်
=============================
ပိန္နဲသီးမှာ အစွမ်းထက် အာဟာရဖြစ်တဲ့ ဗီတာမင်စီ များစွာ ပါဝင်တာကြောင့် ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားပိုး ဝင်တာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်စီဟာ သွေးဖြူဥတွေရဲ့ လုပ်ငန်းဆောင်တာ ကို ထောက်ပံ့ပေးတာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို သန်စွမ်းစေပါတယ်။ ပိန္နဲသီးတစ်ခွက်ကို စားတာက ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အင်တီအောက်ဆီးဒင့် ပမာဏကို ကောင်းကောင်း ရရှိစေနိုင်ပါတယ်။
(၂) ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်
===========================
ပိန္နဲသီးမှာ ဗီတာမင်စီအပြင် လစ်ဂနင်၊ အိုက်ဆိုဖလေဗုန်းနဲ့ ဆာပိုနင်တို့လို ဖိုင်တိုအာဟာရဓာတ် များစွာ ပါဝင်တာကြောင့် ကင်ဆာမဖြစ်အောင် ကာကွယ်ပေးပြီး အိုမင်းမှုကို တားပေးနိုင်ပါတယ်။ ဖိုင်တိုအာဟာရ ဓာတ်တွေက ခန္ဓာကိုယ်ရှိ ကင်ဆာဖြစ်စေနိုင်တဲ့ ဖရီးရယ်ဒီကယ်တွေကို ကင်းစင်စေပြီး ဆဲလ်ပျက်စီးမှု ကို နှေးကွေးစေပါတယ်။
(၃) အစာကြေညက်စေပါတယ်
===================
ပိန္နဲသီးမှာ အနာမဖြစ်အောင် ကာကွယ်ပေးတဲ့ အာနိသင်တွေ ပါဝင်တာကြောင့် အစာအိမ်အနာနဲ့ အစာချေဖျက်မှုဆိုင်ရာ ဝေဒနာတို့ မဖြစ်ပေါ်အောင် ကာကွယ်ကုသပေးနိုင်ပါတယ်။ ပိန္နဲသီးမှာ အမျှင်ဓာတ် များစွာ ပါဝင်တာကြောင့် ဝမ်းချုပ်တာမဖြစ်အောင် ကာကွယ်ပေးပြီး အူလှုပ်ရှားမှု ကောင်းစေကာ ဝမ်းမှန်မှန်သွားစေပါတယ်။ အမျှင်ဓာတ်တွေက အူမကြီးရှိ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်းတွေကို ကင်းဝေးစေတဲ့နည်းနဲ့ အူအမြှေးပါးတွေကို ကျန်းမာအောင် ကာကွယ်ပေးပါတယ်။
(၄) မျက်စိနဲ့ အသားအရေကို ကျန်းမာစေပါတယ်
============================
ပိန္နဲသီးမှာ အစွမ်းထက် အာဟာရ ဗီတာမင်အေ ပါဝင်တာကြောင့် မျက်စိနဲ့ အသားအရေကို ကျန်းမာစေပါ တယ်။ ဒါ့အပြင် မက်ကူလာ ယိုယွင်းပျက်စီးမှုနဲ့ ညဘက် မျက်စိမမြင်တာတွေလို အမြင်ပိုင်းဆိုင်ရာ ပြဿနာတို့ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။
(၅) စွမ်းအင် တိုးစေပါတယ်
=================
ပိန္နဲသီးမှာ ဖရက်တို့စ်နဲ့ ဆူးခရို့စ်တို့လို သကြားဓာတ်တွေ ပါဝင်တာကြောင့် စွမ်းအင်ထွက်ရှိစေတဲ့ အသီးအဖြစ် နာမည်ကြီးပါတယ်။ စွမ်းအင်အားကောင်းစေတဲ့ အသီးဖြစ်ပေမယ့် ပြည့်ဝဆီနဲ့ ကိုလက်စထရော မပါဝင်ပါဘူး။
(၆) သွေးတိုးကို ကျစေပါတယ်
==================
ပိန္နဲသီးမှာ ပိုတက်စီယမ်ဓာတ် ပါဝင်တာကြောင့် သွေးတိုးနေသူတွေမှာ သွေးဖိအားကျစေပြီး နှလုံးရောဂါ ထတာနဲ့ လေဖြတ်တာတို့ရဲ့ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။
(၇) ရင်ကျပ်ပန်းနာကို ထိန်းချုပ်နိုင်ပါတယ်
=========================
ပိန္နဲသီးအမြစ်ဟာ ပန်းနာရင်ကျပ် ရောဂါ ခံစားနေရသူတွေအတွက် ဆေးဖက်ဝင်တယ်လို့ ဆိုကြပါတယ်။
(၈) အရိုးကို သန်စွမ်းစေပါတယ်
===================
ပိန္နဲသီးမှာ မဂ္ဂနီဆီယမ်ဓာတ် များစွာ ပါဝင်တာကြောင့် ကယ်လ်စီယမ် စုပ်ယူရေးအတွက် အသုံးဝင်ပါတယ်။ ဒါကြောင့် အရိုးတွေကို သန်စွမ်းစေပြီး အရိုးပါးရောဂါလို အရိုးနဲ့ ဆက်စပ်နေတဲ့ ရောဂါဝေဒနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
(၉) သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်
==================================
ပိန္နဲသီးမှာ သံဓာတ် ပါဝင်တဲ့အတွက် သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပြီး ခန္ဓာကိုယ်ထဲ မှာ သွေးလှည့်ပတ်မှု ကောင်းအောင် ကူညီပေးပါတယ်။
(၁၀) သိုင်းရွိုက်ကို ကျန်းမာစေပါတယ်
======================
ပိန္နဲသီးမှာ ပါတဲ့ ကြေးနီ (Copper) ဟာ သိုင်းရွိုက်ရဲ့ လုပ်ငန်းဆောင်တာအတွက် အရေးပါပါတယ်။ အထူးသဖြင့် ဟော်မုန်း ထုတ်လုပ်ရေးမှာ ပါဝင်ကူညီပေးပါတယ်။
Saturday, May 3, 2014
မြန်မာ စစ်တုရင်ဂိမ်း (For android)

အားလုံးစောင့်မျှော်နေတဲ့ မြန်မာစစ်တုရင် အွန်လိုင်းဂိမ်းကို PlayStore မှာ download လုပ်လို့ရပါပြီ။ http://bit.ly/sittuyin မှာ သွားရောက် အခမဲ့ download လုပ်နိုင်ပါပြီ။ မြန်မာနိုင်ငံ region lock ဖြစ်တာမို့၊ မြန်မာနိုင်ငံကပဲ download လုပ်လို့ရအုန်းမှာပါ။ သိပ်မကြာခင် International market, iOS နဲ့ PC version တွေကို ဆက်လက် ဖြန့်ချီသွားမှာ ဖြစ်ပါတယ်။
Download Link to;
http://www.mediafire.com/download/j7vi5pztcw5ly69/Sittuyin%28%E1%80%95%E1%80%BA%E1%80%A5%E1%80%B9%E1%80%B8%E1%80%99%E1%80%94%E1%80%AC%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%29.apk
Tuesday, April 29, 2014
★★TransZilla Voice Translator Pro version v2.1 Apk Full version New update (All Android)★★
ဒီကောင်လေးကတော့ Voice Translator free app လေးပဖြစ်ပါတယ်။ဘာသာစကားပေါင်း 70 ကျော်ကို
translate လုပ်ပေးနိုင်ပါတယ်။translate text အဖြစ်နဲ့လည်းမိမိကြိုက်ရာဘာသာစကားကိုရှာဖွေနိုင်ပါတယ်
တဖက်လူနဲ့စကားပြောရမှာအခက်အခဲမရှိတော့ပါဘူး။ကိုယ်လိုချင်တဲ့ဘာသာစကားကိုပြောင်းထားလိုက်ရုံပါပဲ။
ဒီကောင်လေးကိုတော့ Android: 3.0 နှင့်အထက်ကစပြီးအသုံးပြုနိုင်ပါတယ်။
TransZilla Voice Translator is free app which supports translate text in more than 70 languages.Translate voice to make conversation with foreign people and ask questions in other languages. Traveling around the world and talk without knowing the language, only with this translator app in your pocket!
Download Link to:
http://www.mm-ubuntu.org/2014/04/transzilla-voice-translator-pro-version.html
Monday, April 28, 2014
အရိမေတ္တေယျမြတ်စွာဘုရား ကို ဖူးခွင့်ရမည့် ပုဂ္ဂိုလ်များ
၁။ ယခုကြုံတွေ့နေတဲ့ ဂေါတမ သာသနာတွင်းမှာ ကိုယ်တိုင် ရဟန်းသာမဏေ သီလရှင်ဝတ်ပြီး ပရိယတ်၊ ပဠိပတ်သာသနာပြုတဲ့ ပုဂ္ဖိုလ်။
၂။ မိမိရင်မှဖြစ်တဲ့သား၊ သူတစ်ပါးရင်မှ ဖြစ်တဲ့သားတွေကို ရဟန်းခံပေးခြင်း၊ ရှင်ပြုပေးခြင်းပြုတဲ့ ပုဂ္ဖိုလ်။
၃။ မိခင်ဖခင်တို့ကို ဝတ်ကျေတန်းကျေမဟုတ်ဘဲ စိတ်ပါလက်ပါ ရိုသေစွာပြုစုလုပ်ကျွေးတဲ့ ပုဂ္ဖိုလ်။
၎။ သရဏဂုံသီလ မပြတ် ဆောက်တည်သော ပုဂ္ဖိုလ်။
၅။ ဘုရားသာသနာ တည်စိမ့်သောဌာ စေတီ၊ ပုထိုး၊ စည်းခုံ ဥမင်လိုဏ်ခေါင်း ဇရပ် စသည်တို့ကို ပြုပြင်တဲ့ပုဂ္ဖိုလ်၊ အသစ်ဆောက်လုပ်လှူးဒါန်းတဲ့ ပုဂ္ဖိုလ်။
၆။ ဗောဓိညောင်ပင် စိုက်ပျိုးသော ပုဂ္ဖိုလ်၊ ညောင်ရေသွန်းလောင်းသော ပုဂ္ဖိုလ်။
၇။ ရေတွင်း ရေကန် ရေအိမ် စတုဒီသာ ကျောင်းဇရပ် တံတား ပြုပြင်သောပုဂ္ဖိုလ်၊ အရုဏ်ဆွမ်း နေ့ဆွမ်း လောင်လှူသော ပုဂ္ဖိုလ်။
၈။ ရဟန်းတို့အား ပစ္စည်းလေးပါး လှူဒါန်းထောက်ပံ့သော ပုဂ္ဖိုလ်။
၉။ ကမ္မဋ္ဌာန်းဘာဝနာ ပွားများအားထုတ်သော ပုဂ္ဖိုလ်
အားလုံး ဧကန်မုချ မြေကြီး လက်ခတ်မလွဲ၊ အရိမေတ္တေယျဘုရားရှင်ကို ဖူးမြော်ရပြီး နိဗ္ဖာန်ကိုရမယ်။
*အရိမေတ္တေယျမြတ်စွာဘုရား*
ကျွန်တော်တို့ဟာ တကယ်လို့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြမယ်ဆိုရင် ဟောဒီကမ္ဘာမှာ နောင်ပွင်တော်မူမဲ့ မြတ်စွာဘုရားအကြောင်းကို သိချင်ကြမယ်လို့ထင်ပါတယ် တချို့လည်း သိပြီးဖြစ်နေကြမှာပါ မသိရသေးတဲ့ သူတွေအတွက် ဒီပိုစ့်လေးကိုတင်လိုက်တာပါ ဒီမေးလ်လေးကို ပို့ပေးတဲ့ အရှင်ဝိမလဝံသကို အထူးကျေးဇူးတင်ပါသည်ဘုရား။ နောင်ပွင့်တော်မူမည့် အရိမေတ္တေယျဘုရားရှင် ကို ရှိခိုးကန့်တော့လိုက်ပါတယ် ဘုရား
ကျွန်တော်တို့ နေထိုင်သောဟောဒီကမ္ဘာမှာဘုရားငါး ဆူပွင့်မယ်လို့ မှတ်သားကြားသိဖူးပါတယ် အခုဘုရားလေးဆူးပွင့်ထွန်းပြီးပါပြီ နောင်ပွင့်လတ္တံသော မြတ်စွာဘုရားမှာ အရိမေတ္တေယျဘုရားရှင် ဟုသိရပါတယ်။ ဗုဒ္ဓဘာသာတိုင်းရဲ့ရည်မှန်းချက်ပန်းတိုင်းက နိဗ္ဗာန်ဖြစ်ပါတယ် "အလွန်ကြည်ညိုစရာကောင်းသောဘုရားရှင်ရဲ့ တရားတော်အားနာကြားပြီး ရှေ့တော်မှာတင်ကျွတ်တမ်းဝင် နိဗ္ဗာန်စံရမယ်ဆိုရင် အကောင်းဆုံးပေါ့ဗျာ။"
အဲဒီအတွက် ကျွန်တော်တိုဘုရားရှင် ဟေားကြားခဲ့သည့်အတိုင်း လိုက်လုပ်ဖို့ လိုပါတယ် …သုံးချက်ထဲပါ
၁။ မကောင်းမှု ကိုရှောင်ရမယ် ။
၂။ ကောင်းမှု ကိုဆောင်ပြီးအစဉ်ပြုလုပ်နေရမယ် ။
၃။ စိတ်ကို ဖြူစင်အောင်ထားရပါမယ် ။
ဂေါတမ မြတ်စွာဘုရားရှင်က ကပ္ပိလဝတ်ပြည် နိဂြောဓာရုံကျောင်းမှာ သီတင်းသုံးနေတဲ့အချိန် အရှင်သာရိပုတ္တရာ၏ လျှောက်ထားချက်အရ အရဟတ္တဖိုလ်ဈာန်သမာပတ် ဝင်စားပြီး အဇိတရဟန်း နောင်အနာဂတ်ကာလမှာ အရိမေတ္တေယျဘုရား ဖြစ်တော်မူမည့်အကြောင်းကို ဟောကြားတော် မူပါတယ်။ အရိမေတ္တေယျဘုရားလောင်းက တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီတွေဖြည့်ကျင့်ပြီး တုသိတာနတ်ပြည်မှာရှိနေမယ်။
နောင်ပွင့်တော်မူမည့်အရိမေတ္တေယျဘုရားရှင်အကြောင်း...
အလောင်းတော်နတ်သားက လူ့ပြည်ကိုဆင်းပြီး ပဋိသန္ဓေနေဖို့ရာအတွက် ဘုရားလောင်းတို့ရဲ့ ထုံးတမ်းအစဉ်အလာ ဓမ္မတာအရ ပဋိသန္ဓေယူတော့မယ်ဆိုရင် ကြည့်ခြင်းငါးပါး အရင်ကြည့်ပြီးမှ ပဋိသန္ဓေယူလေ့ရှိကြတယ်။
ကြည့်ခြင်းငါးပါးဖြင့်ကြည့်တော်မူခြင်းက-..
(၁)ဘုရားဖြစ်မည့်ခေတ်အခါကာလကား အနှစ်တစ်သိန်းမှစပြီး အောက်ဖြစ်သောကာလ အနှစ်တစ်ရာတန်းမှစပြီး အထက်ဖြစ်သောကာလ (တစ်သိန်းနှင့် တစ်သိန်းအောက်- ၁၀ဝအထက်)
(၂)ဘုရားဖြစ်ရာကျွန်းကား ဇမ္ဗူဒိပ်ကျွန်း
(၃)ဘုရားပွင့်ရာဒေသကား မဇ္ဈိမဒေသ
(၄)ဘုရားလောင်းဖြစ်ရာ အမျိုးကား မင်းမျိုး ပုဏ္ဏားမျိုး
(၅)မယ်တော်၏အသက်အပိုင်းအခြားကား ဘုရားလောင်းမွေးပြီး ခုနစ်ရက်သာနေရခြင်း
ပဋိသန္ဓေယုခြင်း...
ကေတုမတီပြည်………..သင်္ခစကြဝတေးမင်းနှင့်တိုင်ပင်ကြံစည်ဘက်ကိုးကွယ်ရာဖြစ်သော အတိတ် အနာဂတ်ကိုသိမြင်နိုင်ပြီးပစ္စုပန်သံသရာအစီးအပွားကို ဆုံးမတတ်သော သုဗြဟ္မပုဏ္ဏားကြီး၏ ဗြဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာ ပဋိသန္ဓေနေလိမ့်မည်။
ဗြဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာဆယ်လပြည့်တဲ့အခါမှာ ဣသိပတေနသမင်တောမှာ မယ်တော် ဗြဟ္မဏဝတီသည်ထိုင်လျက်လည်းမဟုတ် အိပ်လျက်လည်းမဟုတ်ဘဲ ရပ်လျက်သာလျှင် သစ်ပင်၏အကိုင်းအခက်ကိုကိုင်လျက် မေတ္တေယျကိုဖွားတော်မူလိမ့်မည်။ဘုရားလောင်းနဲ့အတူ တစ်ချိန်တည်းဖွားတော်မူတဲ့ဖွားဘက်တော် ၁၈ ကုဋေအားလုံးအမတ်တွေချည်းဖြစ်မယ်။ အဇိတဟူသောအမည်ကိုသာပေးလိမ့်မယ်။ ဘုရားလောင်းအဇိတမင်းသားဟာဖွားလျှင်ဖွားချင်း ခုနစ်ဖဝါးလှမ်းပြီး ခြေတော်ချတိုင်းချတိုင်း ကြာပွင့်တွေပေါ်ပေါက်လိမ့်မယ်။
ဖွားလျှင်ဖွားချင်း ခုနစ်လှမ်းလှမ်းပြီး "ယခုဘဝကား ငါ့အဖို့နောက်ဆုံးဘဝတည်း နောက်ထပ်ဘဝမရှိတော့ပြီ အာသဝေါကင်းသည် ဖြစ်သောကြောင့်ငြိမ်းအေးလတ္တံ့" ဟူသောစကားကိုအရပ်လေးမျက်နှာကို ကြည့်ပြီးပြောဆိုလိမ့်မယ်။
ပြာသာဒ်လေးဆောင်ပေါ်လာခြင်း...
အဇိတမင်းသားလောကစည်းစိမ်ခံစားဖို့ရာနေမင်း၏ရောင်ခြည်ကဲ့သို့ လူသားတွေမျက်စိဖြင့် စိန်းစိန်းမကြည့်ဝံ့တဲ့ အရောင်တလက်လက်ဖြင့် ရတနာအရောင် ထွန်းလင်းပြောင်တဲ့တင့်တယ်ခံ့ညားသော ပြာသာဒ်လေးဆောင် ပေါ်ပေါက်လာလိမ့်မည်။ ပြာသာဒ်လေးဆောင်ကို တစ်ဆောင်မှာ ပရိဘောဂအသုံးအဆောင် အပြည့်အစုံပါတဲ့တိုက်ခန်းက ခုနစ်ထောင်စီ တစ်ဖက်တစ်ဖက်မှာ ပတ္တမြားကျောက်မျက်ရွဲစီသောနဝရတ်ကိုးပါးနဲ့ ပြည့်စုံသော ပလ္လင်ခုနစ်ထောင်စီ ရတနာခုနစ်ပါးနှင့်ပြည့်စုံသော ထီးဖြူခုနစ်ထောင်စီ ခုတင်ညောင်စောင်းခုနစ်ထောင်စီ ပြာသာဒ်တစ်ဆောင်ကို တိုက်ခန်းက ခုနစ်ထောင်စီဆိုတော့ ပြာသာဒ်လေးဆောင်ဆိုရင် တိုက်ခန်းပေါင်း ၂၈၀၀၀ ရှိမယ်။ ပြာသာဒ်တစ်ဆောင်တစ်ဆောင်ကို ရွှေအိုးကြီးကတစ်လုံးစီ။ ရွှေအိုးတစ်လုံးစီရဲ့အဝကား တစ်ယူဇနာကျယ်မယ်။ ရွှေအိုး၏အမောက်ကား မြေကြီးနဲ့အမျှအောက်မြေကြီးအဆုံးထိ သုံးလို့မကုန်ဘူး။ ဒါတင်မကသေးဘူး ရွှေအိုးတစ်လုံးစီမှာ ပဒေသာပင်ကြီးခြောက်ပင်စီ ပေါက်လိမ့်မယ်။ ပြာသာဒ်တစ်ဆောင် တစ်ဆောင်မှာ ဆဒ္ဒန်ဆင်မင်းခုနစ်ထောင် လောဟကသိန္ဓောမြင်း တစ်ထောင်ဖြင့် မောင်းနှင်ရသောရထားခုနစ်ရာ မောင်းမပေါင်းတစ်သောင်းခြောက်ေ ထာင်က ဆိုတီးမှုတ်ဖြေဖျော်ဖို့ရာ ကချေသည်အမျိုးသမီးခုနစ်ထောင်တို့ဖြင့်ဖျော်ဖြေကြလိမ့်မည်။
အဇိတမင်းသားအိမ်ထောင်ပြုခြင်း...
အချိန်တန်လို့အရွယ်ရောက်တဲ့အခါ စန္ဒမုက္ခီအမျိုးသမီးနဲ့အိမ်ထောင်ပြုလိမ့်မည်။ စန္ဒမုက္ခီအမျိုးသမီးကလည်း သူမတူ နတ်သမီးတမျှအလွန်လှပပြီး သူ့ရဲ့ခန္ဓာကိုယ်အနံ့ကား စန္ဒကူးသရက္ခန်အနံ့လိုမွှေးကြိုင်နေမယ်။ ခန္ဓာကိုယ်အသားကလည်း ဝါဂွမ်းကဲ့သို့ နူးညံ့မယ်။ ခန္ဓာကိုယ်အရောင်က ဆယ့်နှစ်တောင်အတွင်း မီးမထွန်းဘဲ အရောင်တဝင်းဝင်းထိန်နေမယ်။ အရိမေတ္တေယျဘုရားရှင်ဟာဘယ်လောက်ဘုန်းကြီးလိုက်မလဲဆိုတာ ရှင်ဘုရင်မဟုတ်ဘဲနဲ့ အဇိတမင်းသားဘဝလောက်ရှိတာတောင်မှသင်္ခစကြဝတေးမင်းနှင့်တကွ မြို့ပေါင်းရှစ်သောင်းလေးထောင်က ရှင်ဘုရင်တွေနတ်သားတွေက ဝေယျဝစ္စလုပ်ပေးချင်လို့ပြုလုပ်ခွင့်ပေးဖို့လာပြီးတောင်းပန်ကြတယ်တဲ့။ အဇိတမင်းသားက အကျွန်ုပ်မှာ ဖွားဘက်တော် ၁၈ ကုဋေအမတ်ကြီးနှင့်တကွ ဆင်မြင်းရဲမက်ဗိုလ်ပါတွေ ရှိပါတယ်။ အလိုမရှိတော့ပါဟု ပြောလွှတ်လိမ့်မယ်။
သားတော်ဖွားမြင်ခြင်း...
အဇိတမင်းသားဟာ ပြသာဒ်လေးဆောင်မှာ လောကီစည်းစိမ်ခံစားနေစဉ်မှာ အနှစ်တစ်သောင်းပြည့်တဲ့အခါကျရင် ဗြဟ္မာဝံသ ဆိုတဲ့ သားယောက်ျားလေးမွေးဖွားလိမ့်မယ် ။
နိမိတ်လေးပါးမြင်ခြင်း...
ဗြဟ္မာဝံသ သားယောက်ျားလေးမွေးဖွားပြီးတဲ့အခါ ဘုရားရှင်တို့ရဲ့ ထုံးတမ်းစဉ်လာ ဓမ္မတာအရ ဥယျာဉ်ကထွက်စဉ်မှာ သူအို သူနာ သူသေ ရဟန်း နိမိတ်ကြီးလေးပါးတွေ့မြင်ရရင် သံဝေဂတရားတွေရလာပြီးတော့ တောထွက်မည့်အကြံဖြစ်ပေါ်လာလိမ့်မည်။ ဒိဗျာဝဒါန မေတ္တေယျဗျာကရဏဝဒါန (၃၆-၃၇) မှာပြဆိုထားတာကတော့ သင်္ခမင်း၏ ယဇ်တိုင်အပိုင်းပိုင်းပြတ်သည်ကို မြင်ရပြီး သံဝေဂဖြစ်ပြီးတောထွက်လိမ့်မည်လို့ပြဆိုထားတာရှိသေးတယ်။ ဘယ်လိုပုံနည်းနဲ့ဖြစ်ဖြစ် တောကတော့ထွက်မှာပါပဲ။ အဇိတမင်းသား တောထွက်မယ့်အကြံစိတ်ကို သင်္ခစကြဝတေးမင်းက သိတဲ့အခါ အဇိတမင်းသားပျော်အောင်ဆိုပြီးတော့ ရှစ်သောင်းလေးထောင်သော ကချေသည်တွေမြို့သူ မြို့သား နိဂုံးဇနပုဒ်သူ မင်းသားမင်းမြေး သူဌေး သူကြွယ်စသော လူအပေါင်းတို့က ပန်းနံ့သာစွဲလျက် အဇိတမင်းသားကို ခြံရံပြီး နေကြလိမ့်မယ်။ နတ်ဗြဟ္မာတွေကလည်း နတ်တို့ရဲ့ ထီး တံခွန် ပန်းနံ့သာ ရွှေပေါက်ပေါက် ငွေပေါက်ပေါက် စသည်တို့ဖြင့် ဘုရားလောင်းပြာသာဒ် မိုးကြီးရွာသကဲ့သို့ အပြည့်အလျှံခြံရံခစားနေကြလိမ့်မယ်။ လူ့ဘဝ ကာမဂုဏ်ထဲမှာပျော်အောင်ဖြေဖျော်နေကြတာ။
အဇိတမင်းသားတောထွက်တော်မူခြင်း...
အဇိတမင်းသား တောထွက်မယ်ဆိုတဲ့ စိတ်အကြံကို သင်္ခစကြဝတေးမင်းနှင့်တကွ တိုင်းသူပြည်သား လူတွေအားလုံးသိသွားကြတဲ့အခါမှာ ဘယ်နေ့ ဘယ်ရက် ဘယ်အချိန်မှာ အဇိတမင်း တောထွက်မယ်ဆိုတဲ့ သတင်းအသံကို အားလုံးသိသွားကြတော့ နန်းတွင်းသူ နန်းတွင်းသား မြို့သူမြို့သားတွေ တောရွာဇနပုဒ်က လူတွေ မင်းသား မင်းမြေး သူဌေး သူကြွယ်အစရှိတဲ့ လူပေါင်းများစွာနှင့်တကွ စန္ဒမုက္ခီ သားတော် ဗြဟ္မာဝံသ အလုပ်အကျွေးကချေသည်တွေရော အဇိမင်းရဲ့ ပြာသာဒ်ထဲမှာ တောထွက်ရင်လိုက်ဖို့ရာအတွက်ပြည့်လျှံပြီးတော့နေမယ်။ တောထွက်မည့် အချိန်လည်းရောက်ရော လူပေါင်းများစွာပြည့်နေတဲ့ ပြာသာဒ်ကြီးဟာ ဘုရားလောင်းတန်ခိုးတော်ကြာင့်လည်းကောင်း စကြဝတေးမင်းအာဏာကြောင့်လည်းကောင်း နတ်ဗြဟ္မာတို့ တန်ခိုးတော်ကြောင့်လည်းကောင်း ဟသာင်္မင်းပျံသကဲ့သို့ ကောင်းကင်ယံသို့ပျံတက်ပြီး ကံ့ကော်ပင်ရှိရာအရပ်သို့ ကောင်းကင်ယံခရီးဖြင့် တောထွက်သွားကြလိမ့်မယ်။ နတ်ဗြဟ္မာများ ပို့ဆောင်ခြင်း ကောင်းကင်ယံ ဟသာင်္ပျံ ပြာသာဒ်ကြီးကို ဗြဟ္မာမင်းက သုံးယူဇနာ ရှိသောထီးကိုကိုင်ပြီး လိုက်မယ်။ သိကြားမင်းက အတောင်ခြောက်ဆယ်ရှိသော လက်ယာရစ် ခရုသင်းကိုကိုင်လျက် သာဓု သုံးကြိမ်ခေါ်ပြီးလိုက်မယ်။ သုတဝံနတ်သားက သားမြီးယပ်ကိုကိုင်ပြီးလိုက်မယ်။ တုသိတာနတ်သားက ပတ္တမြားယပ်ကိုကိုင်ပြီးလိုက်မယ်။ ပဉ္စင်္သိခနတ်သားက စောင်းကိုကိုင်မယ်။ လောကပါလနတ်သားလေးယောက်က သန်လျက်ကိုကိုင်မယ်။ နှစ်သိန်းရှစ်သောင်းရှိတဲ့ ဘီလူးစစ်သည်တွေက လက်နက်ကိုယ်စီကိုင်မယ်။ နတ်သမီးတွေက ရတနာပုဋောင်းကိုကိုင်မယ်။ အသူရာနတ်တို့က သီချင်းဆိုပြီးတော့ နတ်တို့၏ တံခွန်ကိုကိုင်မယ်။ နတ်မင်းတို့က ပတ္တမြားရှိသော ဆီမီးကိုကိုင်မယ်။ ဂဠုန်တို့က စောင်းတီးလိုက်မယ်။ ဂန္ဓဗ္ဗနတ်တို့က စောင်းတီးပြီးလိုက်မယ်။ ဟသာင်္ပျံကောင်းကင်ပြာသာဒ်ထဲမှာ တောထွက်လို့ လိုက်ကြမည့် ပရိသတ်တွေက ရှစ်သောင်းလေးထောင်တဲ့။ ကောင်းကင်ယံပြာသာဒ်ပျံနဲ့ ဆွေစုံမျိုးစုံ သားနဲ့ မယားနဲ့ ရှစ်သောင်းလေးထောင်ပရိသတ်နဲ့ အခြံအရံနဲ့ ကောင်းကင်ခရီးဖြင့် ကံ့ကော်ပင်ရှိရာသို့ တောထွက်မှာ။ အရိမေတ္တေယျဘုရားရှင်ဟာ ကံ့ကော်ပင်အောက်မှာပွင့်မှာပါ။ ကံ့ကော်ပင်ဆီရောက်တဲ့အခါမှာ အဇိတမင်းသားက ကံ့ကော်ပင်အောက်မှာ ဒုက္ကခရစရိယာကို ကျင့်တော်မူပါမယ်။ အဇိတမင်းသားဟာ ဒုက္ကခရစရိယာကို ခြောက်ရက်ကျင့်တော်မူရုံမျှနဲ့ ဘုရားစင်စစ်ဖြစ်လိမ့်မည်။ စန္ဒမုက္ခီမိဖုရားက အဲဒီနေရာမှာပဲ နတ်ဩဇာနဲ့ပြည့်စုံတဲ့ နွားနို့ဆွမ်းလှုလိမ့်မယ်။
သဗ္ဗညုတဥာဏ်ရသည့်အချိန်...
ညနေချမ်းအချိန်ရောက်သည့်အခါ ကံ့ကော်ပင်နဲ့ မနီးမဝေး ရတနာခုနစ်ပါးနဲ့ပြည့်စုံတဲ့ အမြင့် ၆၄တောင်ရှိတဲ့ ရွှေပလ္လင်ပေါ်ပေါက်လာလိမ့်မယ်။ ထိုရွှေပလ္လင်အထက်ဝယ် ထက်ဝက်ဖွဲ့ခွေထိုင်နေတော်မူလျက် အရှေ့လောကဓာတ်ကိုကြည့်ပြီး နတ်ပရိသတ်နဲ့ လူပရိသတ်တွေခြံရံလျက် မာရ်နတ်ရဲ့ရန်ကိုအောင်မြင်လိမ့်မယ်။ ညဉ့်ဦးယံမှာ ပုဗ္ဗေနိဝါသနုဿတိဥာဏ်ကိုရမယ်။ သန်းခေါင်ယံအချိန်မှာ ဒိဗ္ဗစက္ခုဥာဏ်ကိုရမယ်။ မိုးသောက်ယံအချိန် အာသဝက္ခယဥာဏ်တွေရပြီးတော့ နေဝန်းကြီးပေါ်ပေါက်လာတဲ့အချိန်ကျတော့ သစ္စာလေးပါးကိုသိပြီး သဗ္ဗညုတဥာဏ်ကိုရမယ်။
ဘုရားပွင့်တဲ့ကံ့ကော်ပင်ရဲ့ လုံးပတ်က အဲဒီခေတ်အခါမှာ လူတွေရဲ့ အတောင်နဲ့ အတောင်ခုနစ်ဆယ်ရှိမယ်။ အကိုင်းအခက် ကိုးကိုင်း ခက်မကိုးဖြာလို့ခေါ်တယ်။ ကံ့ကော်ပင်ရဲ့ အနံ့တွေက လေအောက်ကိုဆယ်ယူဇနာ လေအထက်ကို ဆယ်ယူဇနာမွှေးမယ်။ ကံ့ကော်ပွင့်တွေက နွားလှည်းဘီးလောက်ကြီးမယ်။ ဘုရားဖြစ်တဲ့နေ့ကစပြီး ပွင့်ကြတဲ့ ကံ့ကော်ပွင့်တွေဟာ ဘုရားပရိနိဗ္ဗာန်စံတဲ့နေ့ကျမှ ကြွေကြတော့မှာ။ အဲဒီကံ့ကော်ပင်ကို ဘယ်ငှက်မှ မနားဝံ့ကြဘူး။ ဖြတ်ကျော်မပျံ့ဝံ့ကြဘူး။ ကံ့ကော်ပင်းနားရောက်တဲ့ငှက်တို င်း သတ္တဝါတိုင်း ကံ့ကော်ပင်ကို လက်ယာရစ်သုံးပတ်ပတ်ပြီးမှ သွားကြလိမ့်မယ်။ ဗြဟ္မာမင်းက တရားဟောရန် တောင်းပန်ခြင်း အဲဒီကံ့ကော်ပင်ရဲ့ အနီးအနားမှာပဲ သီတင်းသုံးနေတဲ့အချိန် လေးဆယ့်ကိုးရက်ကျော်လွန်တဲ့အခါ ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းရဲ့ ထုံးတမ်းအစဉ်အလာအရ ဗြဟ္မာမင်းကြီးရဲ့လောကဂရုကို ခံယူမယ်။ ဗြဟ္မာမင်းကတောင်းပန်မှ တရားဟောရတာက ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းရဲ့ ဓမ္မတာဖြစ်လို့ ဟောရတာ။ ဘုရားမပွင့်မီ ဗာဟိရကာလမှ လူဝတ်ကြောင်များ ရသေ့ ပရိဗိုဇ် ရဟန်း ပုဏ္ဏားတို့တွေဟာ ဗြဟ္မာတွေကိုသာ အလေးဂရုပြု ကိုးကွယ်နေကြတာ။ တလောကလုံးက အလေးအမြတ်ပြုသော ဗြဟ္မာကြီးက မြတ်စွာဘုရားအား အလေးပြု ညွှတ်တွားကိုင်းရှိုင်းလာလျှင် တစ်လောကလုံးပင် မြတ်စွာဘုရားကို အလေးပြုညွှတ်တွားကိုင်းရှိုင်းလာလိမ့်မယ်။ အဲဒါကို လောကဂရု ယူလိုက်တာလို့ခေါ်တယ်။
ဓမ္မစကြာတရားဟောကြွခြင်း...
ဗြဟ္မာမင်းထံမှ တရားဟောရန်ဝန်ခံပြီးပြီဆိုလျှင်ပဲ ဣသိပတနဥယျာဉ်တောသို့ ဓမ္မစကြာတရားဟောဖို့ရန်ကြွလိမ့်မယ်။ ဘုရားရှင်ခြေတော်အစုံကို ခံအံ့သောငှာ မြေကြီးကိုခွင်းပြီး အတောင်သုံးဆယ်ရှိတဲ့ ကြာပွင့်ကြီး ၂၄ တောင်ရှိတဲ့ ကြာပွင့်ငယ်တွေက ဘုရားရှင်ခြေချတိုင်း ခြေချတိုင်း ပွင့်ပေးလိမ့်မယ်။ လူပရိသတ် ရှစ်ယူဇနာ နတ်ပရိသတ် စကြာဝဠာတိုက်အပြည့် ဗြဟ္မာပြည်အထက်ဆုံး အကနိဋ္ဌဘုံတိုင်အောင် ပရိသတ်တွေကို ထန်းသီးလုံးလောက်ကြီးသော ရောင်ခြည်တော် ခြောက်ပါးလွှတ်ပြီး ဓမ္မစကြာတရားဟောတဲ့အခါမှာ လူပုဂ္ဂိုလ် ကုဋေတစ်သိန်း နတ်ဗြဟ္မာတွေက ကုဋေတစ်သိန်း ကျွတ်တမ်းဝင်ကြလိမ့်မယ်။
ဘုရားရှင်၏တန်ခိုးတော်...
ဘုရားရှင်၏တန်ခိုးတော်ကြောင့် ရွှေပန်းဆိုင်း ငွေပန်းဆိုင်း ပုလဲပန်းဆိုင်း သန္တာပန်းဆိုင်းတို့ဖြင့် တန်ဆာဆင်လျက် ရတနာခုနစ်ပါးနှင့် ပြည့်စုံပြီး ဆယ့်နှစ်ယူဇနာကျယ်ဝန်းတဲ့ ဗိမာန်မျက်နှာကျက်သည် ဓမ္မစကြာတရားဦးဟောသည့်နေ့မှစပြီး ပရိနိဗ္ဗာန်ဝင်စံသည့်တိုင်အောင် နေ့ညအမြဲပင်လိုက်ပါပြီး မျက်နှာကျက်အဖြစ် မိုးကာပြီးနေမယ်။ အရိမေတ္တေယျဘုရား နေသန့်စင်သောအခါ နေဖို့ရာအတွက် မြေကြီးတို့ကိုခွဲပြီး ရတနာသုံးပါးနှင့်ပြည့်စုံသော ၁၂ ယူဇနာကျယ်ဝန်းတဲ့ ရွှေမဏ္ဍပ်ကြီးပေါ်ပေါက်လိမ့်မယ်။ ဘုရားရှင်တန်ခိုးတော်ကြောင့် မိတာန်ပန်းဆိုင်း တုရင်တိုင် ထီး တံခွန် ဆီမီး တန်ဆောင်း ရတနာမဏ္ဍပ်ကြီးဟာ ဘုရားရှင်တရားဟောရာ ဌာနတိုင်းမှာ အိမ်မှာဟောမယ်ဆိုရင် အိမ်ပေါက်ဝ ကျောင်းမှာဟောမယ်ဆိုရင် ကျောင်းပေါက်ဝ မြို့မှာဟောမယ်ဆိုရင် မြို့မှာ တောမှာဟောမယ်ဆိုရင် တောမှာ စတဲ့ ဟောတဲ့နေရာတိုင်းမှာ ကောင်းကင်ယံကနေပြီး အမြဲတမ်း ပရိနိဗ္ဗာန်စံအထိ လိုက်ပါနေမှာ။
ရုပ်မြင်သံကြားမေတ္တေယျဘုရား...
အရိမေတ္တေယျဘုရား တရားဟောတဲ့အခါ ဘယ်မြို့ ဘယ်ဒေသ ဘယ်အရပ် ဘယ်ရွာဒေသ ဇနပုဒ် အိမ်ကပဲဟောဟော စကြဝဠာတိုက်တစ်သောင်းလုံး ဘုရားရှင်ရဲ့ တရားဟောအသံကိုကြားနေရမယ်။ ဘုရားရှင်ရဲ့ ပုံသဏ္ဌာန်ကိုလည်းမြင်နေရမယ်။ ရုပ်လည်းမြင်ရမယ် အသံလည်းကြားရမယ်။ မမြင်ချင်လို့ မျက်စိမှိတ်ထားလည်း မရဘူး။ မကြားချင်လို့နားပိတ်ထားလည်းမရဘူး။ ဘုရားရှင်ရဲ့တန်ခိုးတော်ကြောင့် ၃၁ ဘုံအကာအရံမရှိ ဖီလာထုတ်ချင်းပေါက်မြင်ကြရမှာ။ အပေါ်ကြည့်ရင် နတ်သား နတ်သမီး ဗြဟ္မာတွေမြင်ရမယ်။ အောက်ငုံ့ကြည့်ရင် ငရဲပြည်မှာ ခံစားနေရတဲ့ ငရဲဒုက္ခမျိုးစုံကိုမြင်ရတော့ ငရဲရောက်အောင် အကုသိုလ်တွေပြုရဲဖို့မရှိတော့ဘူး။ အရိမေတ္တေယျဘုရားရှင်ရဲ့တန်ခိုးတော်ကြောင့် ယောက်ျားဆိုရင် နတ်သားလို မိန်းမဆိုရင် နတ်သမီးလို ချောမောလှပတွေချည်းဖြစ်ရာ ရုပ်မချော အင်္ဂါမစုံတစ်ယောက်မှမရှိ။ အကုန်းအကွ အကန်း အနူအဝဲရောဂါသည်တွေ လုံးဝမရှိ။ အသက်ငါးရာပြည့်တဲ့အရွယ်ရောက်ရင် အမျိုးသား အမျိုးသမီးတွေ အိမ်ထောင်ပြုကြလိမ့်မယ်။ ဇနီးမောင်နှံနှစ်ဦး ခိုက်ရန်ဒေါသမရှိ ပြဿနာမရှိ ကွဲကွာသွားခြင်းလည်းမရှိ။ အမြဲအဆင်ပြေမယ်။ ရာသက်ပန်ပေါင်းသင်းရမယ်။ အမျိုးသမီးတိုင်းမှာ ပတ္တမြားနားတောင်း လက်စွပ် လက်ကောက် ခြေကျင်းစသည်တို့ဟာ ရွှေအိုးကြီးတွေထဲက ကြိုက်နှစ်သက်ရာ ယူဝတ်ကြမှာ။ ရွှေမဝတ်နိုင်တဲ့သူမရှိဘူးတဲ့။ စားစရာပဒေသာပင်တွေမှာ ယူစားချင်တဲ့အချိန်ယူစားလို့ရတယ်။ ကျန်းမာရေးအနေနဲ့ကြည့်မယ်ဆိုရင်လည်း ဘာရောဂါမှကိုမရှိဘူး။ နေ့ညခွဲမရ အရိမေတ္တေယျဘုရားရှင်ရဲ့ တန်ခိုးတော်ကြောင့် ကမ္ဘာလောကြီးဟာ နေ့အခါ ညအခါရယ်လို့မရှိ နေ့ရောညပါ အမြဲတမ်းလင်းထိန်ပြီးတော့ မနက်ပွင့်တဲ့ပန်း ညပွင့်တဲ့ပန်း မနက်ပန်း ညပန်း ကြက်တွန်သံတွေကို ကြည့်ရှုနားထောင်ပြီး နေ့ညခွဲယူရလိမ့်မယ်။ ပရိနိဗ္ဗာန်စံမည့်အရွယ် မြတ်စွာဘုရားရှင်ဟာ ဘုရားဖြစ်တော်မူပြီးတဲ့အချိန်ကစပြီး ကုဋေခုနစ်ရာသော ပရိသတ်တို့ကို ချေချွတ်တော်မူပြီးလျှင် အနှစ်ရှစ်သောင်းပြည့်တဲ့အချိန်မှာ ပရိနိဗ္ဗာန်စံဝင်လိမ့်မယ်။ ဒါပေမယ့် သာသနာတော်က အနှစ်နှစ်သိန်းခြောက်သောင်း ပြည့်တဲ့အခါ ဘဒ္ဒကမ္ဘာကြီးသည် အချိန်တန်လျှင် ပျက်ပြီး ကမ္ဘာတစ်သိန်းကာလလုံး ဘုရားမပွင့်တော့ဘူးတဲ့။ ဘုရားမပွင့်တဲ့ ကမ္ဘာတစ်သိန်းကျော်လွန်သောအခါ မဏ္ဍကမ္ဘာဖြစ်ပြီးတော့ ဥတ္တရာမမင်းသည် ရာမသမ္ဗုဒ္ဓဘုရားဖြစ်လိမ့်မယ်။ ပသေနဒီကောသလမင်းက ဓမ္မရာဇာဘုရားဖြစ်လိမ့်မယ်။ အဲဒီ မဏ္ဍကမ္ဘာမှာဘုရားနှစ်ဆူပွင့်ပြီး ပျက်စီးသွားတဲ့အခါ သာရကမ္ဘာဖြစ်ပေါ်ပြီး အဘိဘူဘုရားတစ်ဆူသာပွင့်လိမ့်မယ်။ သာရကမ္ဘာပျက်ပြီး ကမ္ဘာတစ်သိန်းဘုရားမပွင့်ဘဲနေပြီးတော့ ကမ္ဘာတစ်သိန်းကျော်လွန်သောအခါ ဖြစ်ပေါ်လာမယ့် ကမ္ဘာများမှာ ဒီဃသောနိအသူရိန်နတ်သား စန္ဒနီပုဏ္ဏား၊ သုဘလုလင် တောဒေယျပုဏ္ဏား ၊ နာဠာဂီရိဆင်မင်း ပလလေယဆင်မင်းတို့ အစဉ်အတိုင်း ဘုရားဖြစ်လိမ့်မယ်။ အရိမေတ္တေယျဘုရားဖူးမြော်ရန် ပြုလုပ်ရမည့်ကုသိုလ် ယခုကြုံတွေ့နေရတဲ့ ဂေါတမမြတ်စွာဘုရား သာသနာကာလအတွင်းမှာ ကိုယ်တိုင် ရဟန်းသာမဏေ သီလရှင်ဝတ်ပြီး ပရိယတ် ပဋိပတ် သာသနာပြုနေတဲ့ပုဂ္ဂိုလ် မိမိရင်မှဖြစ်တဲ့သား သူတစ်ပါးရင်မှဖြစ်တဲ့သားတွေကို ရဟန်းခံပေးခြင်း ရှင်ပြုပေးခြင်းပြုတဲ့ပုဂ္ဂိုလ် မိခင်ဖခင်ကျေးဇူးရှင်တွေကို ဝတ်ကျေတမ်းကျေမဟုတ်ဘဲ စိတ်ပါလက်ပါပြုစုလုပ်ကျွေးသောပုဂ္ဂိုလ် သရဏဂုံသီလမပြတ်ဆောက်တည်သောပုဂ္ဂိုလ် ဘုရားသာသနာတည်စိမ့်သောငှာ စေတီပုထိုး စည်းခုံ ဥမင်လိုဏ်ခေါင်း ဇရပ်စသည်တို့ကို ပြုပြင်တဲ့ပုဂ္ဂိုလ် အသစ်ဆောက်လုပ်လှုဒါန်းတဲ့ပုဂ္ဂိုလ် ဗောဓိညောင်ပင်စိုက်ပျိုးသောပုဂ္ဂိုလ် ညောင်ရေသွန်းလောင်းသောပုဂ္ဂိုလ် ရေတွင်း ရေအိုင် ရေကန် စတုဒိသာကျောင်းဇရပ် တံတာျး့ပုပြင်သောပ္ဂိုလ် အရုဏ်ဆွမ်း နေ့ဆွမ်းမပြတ်လောင်းလှုသောပုဂ္ဂိုလ် ရဟန်းတို့အားပစ္စည်းလေးပါးတို့ဖြင့်ထောက်ပံ့လှုဒါန်းသောပုဂ္ဂိုလ် ကမ္မဌာန်းဘာဝနာပွားများအားထုတ်သောပုဂ္ဂိုလ်…. အဲဒီ ပုဂ္ဂိုလ်တွေအားလုံး ဧကန်မုချ မလွဲမသွေ မြေကြီးလက်ခတ်မလွဲ အရိမေတ္တေယျမြတ်စွာဘုရားကို ဖူးမြော်ရပြီး နိဗ္ဗာန်ကိုရမယ်။ အဲဒါက ဂေါတမမြတ်စွာဘုရားကိုယ်တိုင်ပြောပြခဲ့တဲ့ ကုသိုလ်တွေဖြစ်ပါတယ်။
အရိမေတ္တေယျမြတ်စွာဘုရားလောင်းပြောပြခဲ့တဲ့ ကုသိုလ်တွေကတော့….. မဟာဝေသန္တရာဇာတ်တော်ကို နေ့ချင်းကုန်အောင်နာကြားကြသောသူတို့သည် ကျွန်ုပ်ဘုရားမဖြစ်မီအကြား သံသရာ၌ ကျင်လည်လေသမျှမှာလည်း စိတ်နှင့်ကိုယ်ကို အစိုးရ၍ လူကောင်း နတ်ကောင်း စည်းစိမ်ကောင်းကို ခံစားရပြီး ကျွန်ုပ်ဘုရားဖြစ်သောအခါ ရှေးဦးစွာ ဖူးတွေ့ရ၍ ပဋိသမ္ဘိဒါပညာလေးပါးနှင့်တကွ ရဟန္တာအဖြစ်ကို မချွတ်မလွဲရနိုင်ပါလိမ့်မယ်လို့ ရှင်မာလဲမထေရ်မြတ်အား အရိမေတ္တေယျမြတ်စွာဘုရားလောင်းက ပြောပြတော်မူခဲ့ပါတယ်။
လူနတ်ဗြဟ္မာသတ္တဝါအပေါင်း နှလုံးစိတ်ဝမ်းအေးချမ်းပြီး ရောဂါခပ်သိမ်းကင်းဝေးနိုင်ကြပါစေ...
Sunday, April 27, 2014
Samsung Updates v1.2.5 (For Android)
Hacking နှင့်ပတ်သက်သမျှ အင်္ဂလိပ်-မြန်မာ EBook ၄၅ အုပ်ကျော်စုစည်းမှု
Hacking, Cracking, Wifi Network
ပိုင်း လေ့လာလိုသူများအတွက် တန်ဖိုးရှိတဲ့ မှတ်စုများ၊ ebook များ
စုစည်းပေးထား တာဖြစ်ပါတယ်.. hack ဖို့ စိတ်မ၀င်စားသည့်တိုင် hacking
ဆိုင်ရာ ဗဟုသုတများ ရရှိပြီး ကိုယ်တိုင်လည်း hacker များရန်မှ ကင်းဝေးအောင်
ရှောင်ရှားနိုင်မှာဖြစ်ပါတယ်.. keylogger, phishing အကြောင်း၊ botnet
အကြောင်း၊ backtrack အကြောင်း၊ wifi အကြောင်းများ အပြင် ....
Facebook hack ခံ ရခြင်းမှ ဘယ်လိုကာကွယ်မလဲ
facebook လော့ကျလျှင်ပြန်ယူနည်း
GMAIL မှားယွင်းဖျက်မိသောcontact များကိုပြန်လည်ရယူခြင်း
Hacker တွေ ပြုလုပ်လေ့ရှိတဲ့ နည်းလမ်းများ
IP address သိရင် ဘယ်လို hack လို့ရနိုင်သလဲ
Wifi မှန်သမျှ လွယ်လွယ်ဟက်မယ်.... စသည်နှင့် အခြားစာအုပ်ပေါင်းများစွာ.. ပါဝင်ပါတယ်..
အောက်ကအဆင်ပြေရာလင့်မှာ ဒေါင်းယူနိုင်ပါတယ်..\
Download Link to:
http://d-h.st/twx
Saturday, April 26, 2014
Android သုံးသူများသိထားသင့်သည့် Code များ
Backup လုပ်ရန်
*#*#273283*255*663282*#*#* – (Backup လုပ်ရန်)
Service mode သို့ဝင်ရန်
*#*#197328640#*#* – (Service Mode သို့ဝင်ရန်)
Reset လုပ်ရန်
*2767*3855# – (Factroy reset လုပ်ရန်)
(မှတ်ချက် – reset လုပ်ရင်မှတ်ထားသော အကြောင်းအရာများ setting များအကုန်ပျက်မည်) … *#*#7780#*#* – (Factory Data reset လုပ်ရန်) (
(မှတ်ချက် – Factory Data reset ပြုလုပ်လျှင် ဖုန်းထဲရှိ Google Account
setting၊ install လုပ်ထားသော application၊ phone memory ထဲတွင်သိမ်းထားသော ဖုန်းနံပါတ်များ ဖုန်းထဲတွင်Download ပြီး ဖုန်း memory ထဲတွင် သိမ်းထားသော game & application အားလုံးပျက်မည်)
Phone information ပိုင်းများကြည့်ရန်
*#*#4636#*#*- {battery information & history, phone information,
usage statistics} —Updated— *#*#0588#*#* –
{Proximity sensor test} *#*#2664#*#* –
{Touch screen test} *#*#2663#*#* –
{Touch screen version} *#*#0*#*#* –
{LCD test စမ်းရန်} *#*#0842#*#* –
{Device test (Vibration test and BackLight test)} *#*#3264#*#* –
{RAM version စစ်ရန်} *#*#0283#*#* –
{Packet Loopback} *#*#232331#*#* –
{Bluetooth device စမ်းရန်} *#*#232337#*# –
Thursday, April 24, 2014
Perfect365 v.3.5.2 (For Android)
Camera 360 ထက် များစွာသာလွန်တဲ့ App လေးတစ်ခုပါ … မိမိလိုသလို ပြင်ဆင်နိုင်ပါတယ် … အရမ်း Professional ကြပါတယ် … သုံးရတာလဲအဆင်ပြေသလို Feature တွေကလဲလန်ထွက်လွန်ကဲနေပါတယ် … အသုံးပြုသူကို စိတ်ချမ်းသာမှုကိုအပြည့်အဝပေးစွန်းနိုင်မှာပါ
Download link to:
https://my.pcloud.com/#page=publink&code=XZHPOZHKjbWM9U3l7981tWRgQdFQPeNW0k
Windows 9 အချက်အလက် အသေးစိတ် ထွက်ပေါ်လာ
အနာဂတ်တွင် ထွက်ပေါ်လာဖွယ်ရှိသည့် Windows နှင့်ပတ်သက်သော အသေးစိတ် အချက်အလက်များကို Windows နှင့် ပတ်သက်သည့် ဆက်စပ် သတင်းများ ဖော်ပြပေးသော ရုရှားဝက်ဆိုက် WZOR က ဖော်ပြခဲ့ပေးကြောင်း သိရသည်။
WZOR ၏ဖော်ပြချက်အရ အနာဂတ်တွင် ထွက်ရှိလာမည့် Windows update တွင် Start menu ပြန်လည် ပါဝင်လာ ဖွယ်ရှိသည်။ အဆိုပါ button ကို Windows 9 အသုံးပြုမည့် touchscreen နှင့် touchscreen မပါဝင်သည့် ထုတ်ကုန်များတွင် တွေ့မြင် ရဖွယ်ရှိပြီး ၎င်းကို Windows ၏ Metro interface ဖြင့်လည်း အသုံးပြုနိုင်ကြောင်း သိရသည်။
ကောလာဟလ သတင်းများအရ Windows 9 ကိုသုံးစွဲသူများ ထံသို့ free update အဖြစ် ဖြန့်ချိပေးသွားမည် ဖြစ်သော်လည်း အဆိုပါသတင်းကို အတည်မပြုနိုင်သေးကြောင်း WZOR ကဖော်ပြခဲ့သည်။ ထို့ပြင် Microsoft သည် Windows Cloud ဟုခေါ်သည့် cloud အခြေခံ operating system တစ်ခုကို စမ်းသပ် လုပ်ကိုင် နေကြောင်း WZOR ကဖော်ပြခဲ့သည်။ ၎င်း OS ကို သုံးစွဲသူများ အနေဖြင့် အစောပိုင်း Windows Starter edition များကဲ့သို့ ကို အခမဲ့ download ပြုလုပ်နိုင်ဖွယ် ရှိကြောင်း သိရသည်။ အဆိုပါ OS ကို feature များဖြင့် စုံလင်စွာ သုံးလိုပါက ဝယ်ယူ အသုံးပြုရဖွယ် ရှိကာ Internet connection လည်း လိုအပ်မည် ဖြစ်ကြောင်း WZOR က ဖော်ပြထားသည်။
android ဖုန်းးနဲ့"ပလွေ"မူပ်မယ်
လာပြန်ပြီဗျာandroidသမားတွေအတွက့်ဖုန်းနဲ့အပျင်းပြေပလွေမူပ်တဲ့ ဆောလ့်ဝဲလေးပါmic အပေါက်လေးကနေလေမူက်ပြီးscreenပေါ်ကနေ လဘားလေးတွေကိုထိမ်းချုပ်ရတာကတစ်ကယ့်ပလွေတစ်ချောင်းကို မူပ်နေရသလိုပါပဲအရမ်းလန်း၏ထူးထူးဆန်းဆန်းလေးတွေမှ့ကြိုက်တဲ့ ကျွန်တော့်ဘော်ဒါတွေအကြိုက်တွေ့စေမယ့်ဆောလ်ဝဲလေးတစ်ခုပါပဲ ကဲပြောနေကြာတယ်လိုချင်ရင်အောက်မှာသာဒေါင်းတော့ဗျို
Download link to
http://www.mediafire.com/download/12jlnv60758j54a/dudukplay-1%E1%80%95%E1%80%B1%E1%80%9C%E1%80%BC.apk
Wednesday, April 23, 2014
Anti Virus Hacker [ E-book Myanmar Version]
ဒီစာအုပ်လေးက Computer အသုံးပြု့ သူတိုင်း ဖတ်စေချင်ပါတယ်။
Internet user တွေဆို ပိုလို့ တောင် ဖတ်သင့်တယ်လို့ ကျွန်တော် ယူဆထားပါတယ်။
ဘာလို့ လဲဆိုတော့အများစု က Anti Viurs Software ထည့်ထားရင် သူတို့  Computer တွေ
လုံခြုံ လှပြီ ထင်နေကြတာပါ။ ဒီတော့ ကျွန်တော်စိတ်ကူးပေါက်တာနဲ့ ဒီစာအုပ်လေးနဲ့ ဘဲ စာဖတ်သူ
ညီကို မောင်နှမများကို မျှဝေပေးလိုက်ပါတယ်။ အတည်းမှာပါတဲ့အချက်တွေကတော့
Anti Virus ရှိတာနဲ့ တင် သင့်စက်က လုံခြုံမူ မရှိနိုင်တဲ့အကြောင်းအရာတွေရယ်
ပြီးတော့ Anti Virus မမိအောင် Virus တွေကို လုပ်ခြင်း နည်းပညာတစ်ချို့ ရယ်ကို ထည့်သွင်းရေးသားပေးထားပါတယ်။
အခြေခံနဲ့  ဗပာုသုတ ကိုရည်ရွယ်ပြီးရေးသားပေးထားတာဖြစ်လို့  သင့်အတွက် အထောက်အကူများစွာပြု့ လိုက်မယ်လို့ 
ကျွန်တော် ယူဆပါတယ်။ နားမလည်ဘူးထင်ရင် ၃ ခေါက်လောက်ပြန်ဖတ်ပါစမ်းပါ။
ကျွန်တော်ကတော့ အားလုံးလိုလို ကိုဖတ်စေချင်ပါတယ် သိပြီးသူများအနေနဲ့ လည်း ဝေဖန် မူကြိုက်သလို ပေးနိုင်ပါတယ်။
Downloaad link to: http://www78.zippyshare.com/v/97364144/file.html
DiDi - Free Calls & Texts
VOIP App တစ်ခုဖြစ်တဲ့ DiDi နဲ့ မိတ်ဆက်ပေးမယ်ဗျာ။ Viber လိုမျိုးအသုံးပြုနိုင်တဲ့ Free Call & Chatting app တစ်ခုပါ။ VOIP ထဲမှာတော့
Viber အကောင်းဆုံးဆိုတာ အားလုံး အသိပါပဲ။ Viber နဲ့အပြိုင်ဖန်တီးကြတဲ့ VOIP app တွေ အများကြီး ရှိပါတယ်။ အဲ့ဒီအထဲမှDiDi app ကို သုံးရတာ အဆင်ပြေပြီး အသံအရည်သွေး၊Chatting ဒီဇိုင်းတွေ လန်းတာကြောင့် မိတ်ဆက်ပေးလိုက်ပါတယ်။Register လုပ်ရပါမယ်။ Viber လိုပဲ Code နံပါတ် (၄)လုံးတောင်းကာRegister လုပ်ရုံပါပဲ။ Chatting ဒီဇိုင်း Theme များစွာ ရွေးချယ်နိုင်ပါတယ်။
Viber လောက် Sticker တွေ မစုံလင်ပေမယ့် GIF အလန်းတွေပါရှိလို့ကျနော်ကတော့ သဘောကျတယ်။ ထူးခြားတာလေးတစ်ခုက DiDi မှာSocial ဆိုတဲ့ function တစ်ခုပါရှိတယ်။ facebook wall တွေမှာ ..ဓါတ်ပုံတွေ တင်သလိုမျိုး အသုံးပြုနိုင်တယ်။ DiDi member တွေ အချင်းချင်းဓါတ်ပုံတွေတင်ကာ Like , Comment တွေ ပေးနိုင်တာကလဲ လန်းတယ်။
နောက်တစ်ခု လန်းတာက Social မှာ ဓါတ်ပုံတွေကို အသံပါ တစ်ခါတည်းrecord လုပ်ပြီး ထည့်သွင်းနိုင်ပါတယ်။ ပထမဆုံး ဓါတ်ပုံမှာ အသံသွင်းပြီးSocial ဆန်ဆန် မျှဝေနိုင်တဲ့ App လို့ DiDi က ဂုဏ်ယူစွာ ပြောခဲ့တယ်။
တကယ်လဲ ပထမဆုံးပါပဲ။ ဓါတ်ပုံနဲ့အတူ အသံပါသွင်းပြီး တင်နိုင်ခြင်းကအရသာတစ်မျိုး ထူးတာပေါ့။ ကျန်တာတွေကတော့ Group Chat ,
Free Call , Chatting , voice chat စသဖြင့် Viber လိုမျိုး အားလုံး သုံးနိုင်ပါတယ်။ facebook က သူငယ်ချင်းတွေကိုလဲ invite လုပ်ကာ ဆက်သွယ်နိုင်တယ်။
Viber သုံးရတာ ညည်းငွေ့နေရင် DiDi ကို ပြောင်းသုံးကြည့်ဗျာ။ကျွန်တော်တို့ဆီမှာ လူသိနည်းသေးတဲ့ App လေးဆိုတော့ ..
ကိုယ် တကယ်ခင်တဲ့ သူငယ်ချင်းတွေနဲ့ DiDi မှာ အေးဆေးတော်ကီပွားလို့ ရတာပေါ့။ Android 2.1 နှင့်အထက်မှာ သုံးနိုင်တယ်။
စမ်းကြည့်မယ်ဆိုရင်တော့........
Download link to:
http://www.solidfiles.com/d/e5bef4b163/DiDi.apk
Monday, April 21, 2014
Facebook တွင် လုံခြုံစိတ်ချစွာ ရှိနေဖို့အတွက် အကြံပြုချက် (၇) ချက်
Facebook တွင် လုံခြုံစိတ်ချ အစစ်အမှန် မဟုတ်သော ကမ္ဘာသည် အန္တရာယ်တစ်ခုပင် ဖြစ်နိုင် သည်။ ဖေ့ဘုတ်ခ်တွင် သင်သည် ဘေးအန္တရယ်မှ ကင်းဝေးရန် အောက်ပါအချက် ၇ ချက်ကို
အသေအချာ ဖတ်ရှုပါ။
၁။ အများနှင့် သက်ဆိုင်ခြင်းမှ သင့်ကိုယ်သင် ပုန်းကွယ်ပါ။
ဒါကတော့ ရှေ့သို့ ဖြောင့်တန်းနေတယ်လို့ သင် တွေးထင်နေလိမ့်ပါမယ်။ ပြီးတော့လူအများဟာ ထင်မြင်ချက်အောက်နေ သူတို့တွေ ပုန်းကွယ်နှင့်ပြီးဖြစ်သည်။ သို့သော် သင်ဟာ ၎င်း categories အများအပြားတွင် ဆက်တင်ကို မသုံးဘူးဆိုရင်တခြားလူတွေ က သင့်ရဲ့ အချက်အလက်တွေ ကို မြင်တွေ့နေရမှာ ဖြစ်ပါတယ်။ ဒါကတော့ဖေ့ဘုတ်လ်အကောင့် အတွက် အလွန်အရေးကြီးတဲ့ အပိုင်းဖြစ်ပါတယ်။ သင်ကိုယ်သင်ကာကွယ်ရန် click Account> Privacy settings> Profileinformation ဆီသွားပါ။ Categories ၁၂ ခုလုံးအတွက် သင့်ရဲ့ သီးသန့်တည်ရှိမှုကို ချိန်ကိုက်ပါ။ အဲဒီနောက်မှာ Privacy> Contact information ကို ပြန်သွားပါ။ သင့်privacy ဆက်တင်မှာရှိတဲ့ categories ၉ ခုလုံးကို ပြင်ဆင်ပါ။
၂။ သင်ကို ရှာဖွေရေးအင်ဂျင်တွင် ရှာဖွေခွင့်မပြုပါနှင့်။
တစိမ်းတရံလူများရဲ့ သင့် စာမျက်နှာကို ဆက်သွယ်လာမှုကို တားဆီးရန် Account> Privacy settings> Search သို့သွားပါ။ ဖေ့ဘုတ်ဘ် ရှာဖွေရေး ရလဒ်အတွက် ‘Only friends’ ဆိုတာ ကို ရွေးချယ်ပါ။
၃။ သင်ရဲ့ အချက်အလက်အပြည့်အစုံတွေကို တခြားကုမ္ပဏီများဆီ မလွှဲပြောင်းဖို့ ဖေ့ဘုတ်ခ်ကို ခွင့်မပြုပါနဲ့။
သင်က သူတို့ကို ခွင့်ပြုလိုက်မယ်ဆိုရင် ဖေ့ဘုတ်ခ်သည် ကုမ္ပဏီတွေဆီ သင့်ရဲ့ကောက်ကြောင်း ပုံတွေကို ကြေငြာ အကြောင်းအရာတွေနဲ့ သုတေသနလုပ်ငန်းတွေအတွက် ဆက်သွယ်လာမှာ ဖြစ်ပါ တယ်။ သူတို့က သူတို့ရဲ့ ကြေငြာတွေမှာ သင့်အချက်အလက်တွေကို သုံးစွဲသွားနိုင်တယ်။ ဒါတွေကို ရပ်တန့်အောင် လုပ်ဆောင်ဖို့အတွက် Account> Privacy>Settings>Applications and websites ကို ကလစ်ပါ။ နောက်တဖန် ‘Instact Personalisation Pilot Program ’ ကို သွားပြီး ‘Edit setting’ ကို ကလစ်ပါ။ ဖန်သားပြင်ရဲ့အောက်ဆုံးမှာ ပုံးလေဟာ အမှန်ခြစ် ထားတာမှာရှိတဲ့အတွက် အသေအ ချာ ပြုလုပ်ပါ။ ဘယ်ကြေငြာမှာမှ သင့်အချက်အလက်တွေ မပေါ်အောင် အသေအချာ လုပ်ဆောင်ရမှာက Account> Account Settings> Facebook Adaverts ဆီသွားပါ။ ‘no one’ on ‘Allow ads on platform pages to show my information to’ နှင့် ‘Show my social actions in Facebook ads to’ တခု ကို ရွေးချယ်ပါ။
၎။ တခြားသောသူမှ သင် အကောင့်ကို သုံးမသုံး အသေအချာ လုပ်ပါ။
အရင်ပတ်က ဖေ့ဘုတ်ခ်မှာ မကြာသေးခင်က ထွက်ပေါ်လာတဲ့ အကြောင်းအရာအသစ်ဖြစ်ပါတယ်။
အဲဒီfeature အသစ်က သင်အကောင့်ကို ဆက်သွယ်ဖို့ ကြည့်ရှုစစ်ဆေးမယ့် devices များကို ခွင့်ပြုခြင်း ဖြစ်ပါတယ်။ Account> Account settings > Account security သို့ သွားပါ။ ‘Wouldyou like to receive notifications for logins from new devices’ ကို ကလစ်ပေးပြီးနောက်မှာအောက်မှာ ရှိတဲ့ ‘Yes’ ကို ကလစ်ပါ။ အကောင့်ကို ပိတ်ပြီး ပြန်ဖွင့်ပါ။ သင်သုံးနေတဲ့ device နာမည်ကို သင်ကိုမေးနေ ပါလိမ့်မယ်။ အဲဒီ့နောက်မှာ ၎င်းက သင့်အီးမေးလ်ဆီ ပို့ပါလိမ့်မယ်။ အခုချိန်မှာတော့သင်မသုံးတဲ့ device မှ သင့် အကောင့်ကို တခြားတယောက်က ၀င်ရောက်မယ်ဆိုရင်အီးမေးလ်က ပြောပြတာကို သင်သည် လက်ခံ ရရှိပါလိမ့်မယ်။ ထိုပုံစံမျိုးဖြစ်ပေါ်လာမယ်ဆိုရင် သင်အနေနဲ့ ချက်ချင်း လျှို့ဝှက်နံပါတ်ကိုပြောင်း လဲပေးပြီး ဖေ့ဘုတ်ခ်ရဲ့ Help Centre ကို အကြောင်းအကြားပါ။
၅။ သင့် ပရိုဖိုင်ထဲတွင် မွေးနေ့ရက်ကို အပြည့်မဖော်ပြပါနဲ့။
ဒီအကြောင်းအရာကတော့ မည်သူမည်ဝါဖြစ်တယ်ဆိုတဲ့ အကြောင်းအရာတွေကိုခိုယူသူတွေ အတွက် ပစ်မှတ်ကောင်းတခု ဖြစ်ပါတယ်။ ၎င်းတို့ဟာ သင့်ရဲ့ ပိုမိုပြည့်စုံတဲ့ သတင်းအပြည့် အစုံတွေ စုဆောင်းပြီး ဖြစ်နိုင်ချေရှိတဲ့ သင့်ဘဏ် သို့မဟုတ် credit ကဒ် အကောင့်တွေကို ဆက်သွယ်ရယူပြီး အသုံးပြုနိုင်ပါတယ်။ သင်အနေနဲ့မွေးရက်သက္ကရာဇ် အပြည့်အစုံ ထည့်သွားပြီးခဲ့လျှင်ပရိုဖိုင် စာမျက်နှာ ဆီသွားပြီး ‘info’ tab ကို ကလစ်ပါ။ “Edit information” လုပ်ပါ။ အခြေခံ အကြောင်အရာ အချက် လက်အောက်မှာ မွေးသက္ကရာဇ်တွင် လ သို့မဟုတ် ရက်ကိုသာဖော်ပြပါ။ အပြည့်အစုံ မဖော်ပြပါနဲ့။
၆။ သင်သူငယ်ချင်များမှ သင့်ကိုယ်သင် ကာကွယ်ပါ။
သင့် ဖေ့ဘုတ်ခ် သူငယ်ချင်းများသည် applications များကို အသုံပြုလာသောအခါ သူတို့သည် third parties မျာနှင့် သင့် အချက်လက်များကို မတော်တဆ အသုံးပြုလာနိုင်တယ်။ ကာကွယ်ရန်အတွက် Account > Privacy Settings > Applications andwebsites > What your friends can share about you သို့သွားပါ။ ပုံးပုံစံအားလုံးထဲက အမှတ်ခြစ် ထားတာတွေကို ပြန်ဖြုတ်ပြီး save ပြန်လုပ်ပါ။
၇။ သင်ရဲ့ ပင်မစာမျက်နှာမှာ ကြေငြာ မထားပါနဲ့။
ဖေ့ဘုတ်ခ်ပေါ်တွင် သင်ပို့စ်လုပ်သည့်အခါတိုင်း လိပ်စာအပြည့်အစုံ မသုံးမိရန် အသေအချာလုပ်ပါ။
Sunday, April 20, 2014
Contacts နဲ့ Dialer တွေကို စတိုင်အလန်းနဲ့ပြောင်းနိုင်တဲ့ - ExDialer - Dialer & Contacts v1.7.3 Apk
အခု Android User တွေအတွက် Application အမိုက်စားလေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ ကျွန်တော်တို့ အမြဲတမ်းအသုံးပြုနေတဲ့ Contacts နဲ့ ဖုန်းခေါ်တဲ့ Dialer ကိုစတိုင်အသစ်တမျိုးနဲ့ပြောင်းသုံးနိုင်မယ့် Ex Dialer - Dialer & Contacts ဆိုတဲ့ Application လေးပါ။ မိမိပြောင်းသုံးချင်တဲ့ စတိုင်တွေကိုပြောင်းသုံးနိုင်ပါတယ်ဗျာ။ နမူနာကြည့်ချင်ရင်တော့ အောက်မှာ Screen Shot တွေတင်ပေးထားပါတယ်ဗျာ။ Android OS 2.1 နှင့် အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။
Download link to: http://adf.ly/kRGqE
Grand Royal မဏ္ဍပ်ကို အမည်ပျက် စာရင်းသွင်း
Grand Royal မဏ္ဍပ် ကို အမည်ပျက်စာရင်းသွင်းပြီး နောင်နှစ်များတွင် ခွင့်ပြုချက် မပေးရန် ဆုံးဖြတ် လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီးတင်ဝင်း က ပြောကြားသည်။
မြန်မာသင်္ကြန် အကြိုနေ့ တွင် Grand Royal မဏ္ဍပ်အရက် ကြော်ငြာရှိုးပွဲ၌ ထိုင်းအကမယ် များက အတွင်းခံသာဝတ်ပြီးကပြ ခဲ့၍ သင်္ကြန်ကာလနှင့်ရောကာ မြန်မာ့ရိုးရာနှင့် ဆန့်ကျင်ဘက် ဖြစ် ခဲ့သောကြောင့် ရန်ကုန် သင်္ကြန်နာမည်ပျက်ခဲ့ရကြောင်း ဗိုလ်မှူးကြီး တင်ဝင်းက ပြော သည်။
‘‘သင်္ကြန်မဏ္ဍပ်အနေနဲ့တင် မဟုတ်ဘဲ မျှော်စင်ကျွန်းထဲမှာ ရှိုးပွဲအနေနဲ့ ခွင့်ပြုချက်တင်ပြီး လုပ်တာ။ ထိုင်းအကအဖွဲ့က အဖော်အချွတ်လုပ်ပြီး အရက် ကြော်ငြာလုပ်ခဲ့ကြတာ။ သင်္ကြန် ကာလနဲ့ တိုက်ဆိုင်သွား တာ။ ဘလက်လစ် သွင်းထားတယ်။ မှတ်တမ်းလုပ်ထားတယ်။ နောင်နှစ်မှာရှိုးပွဲမပေးတော့ဘူး။ မဏ္ဍပ် လာလျှောက်ရင်လည်း မပေး တော့ဘူး’’ဟု ရန်ကုန်တိုင်းဒေသ ကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောသည်။
အဆိုပါ အကမယ်များမှာ Stars and Model Agency ပိုင်ရှင် ဂျွန်လွင် ခေါ်လာသည့် ထိုင်း နိုင်ငံမှ မိန်းမလျာများ၊ အကသမား များဖြစ်ပြီး ရန်ကုန်မြို့ရှိ အရောင်းပြခန်းဖွင့်ပွဲ တစ်ခုတွင်လည်း လာ ရောက်ခဲ့ဖူး သူများဖြစ်ကြောင်း အဆိုပါ မဏ္ဍပ်သို့ သွားရောက်ကြည့်ရှုခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။
ထို့ကြောင့် နောင်နှစ်သင်္ကြန် ကာလများတွင် မဏ္ဍပ်များလာ ရောက်လျှောက်ထားပါက အမည်ပျက် စာရင်းသွင်းခံထားရသည့် မဏ္ဍပ်များကို ခွင့်ပြုချက် မပေးတော့ဘဲ မဏ္ဍပ်အမည်ဆိုင်းဘုတ်များ ကို မြန်မာလို ရေးသားရာတွင်လည်း အရွယ်အစား သတ်မှတ်ပေးတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ဖော်မှ ချွတ်မှ အရက် ရောင်းကောင်းတာမဟုတ်ဘူး။ အရက် ကွာလတီကောင်းရင်၊ ကျန်းမာရေးနဲ့ ညီညွတ်ရင် ရောင်း ကောင်းမှာပဲ။ မန်နေဂျာကို ခေါ် ပြောပြီးပြီ။ သူဌေးက နိုင်ငံခြား ရောက်နေတယ်ဆို လို့ ပြန်လာရင် ခေါ်ပြောမယ်။ သာမန်ကိစ္စမို့ ဝန်ခံချက်နဲ့တော့ နောင်မလုပ်ဖို့ ပြောရတော့မှာပေါ့’’ဟု ဗိုလ်မှူး ကြီးတင်ဝင်းက ပြောသည်။
အလားတူ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ရေကစား မဏ္ဍပ်နှင့် ဖျော်ဖြေရေးမဏ္ဍပ် ၉၃ ခုတွင် မဏ္ဍပ် ၃၀ ကျော်၌ မြန်မာ့ ယဉ်ကျေးမှုနှင့် မလျော်ညီသည့် သောက်စားမူးယစ်ပြီး သရုပ်ပျက် အပြုအမူများ ဆောင် ရွက်ခဲ့၍ မှတ်တမ်းပြုစုကာ အမည်ပျက် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။
‘‘ကျွန်တော်တို့ကတော့ သူ တို့ချမှတ်ထားတဲ့စည်းကမ်းအ တိုင်း အကုန်လိုက်နာပါတယ်။ မဏ္ဍပ်တိုင်းက အရက်ပါတာပဲ။ ဘလက်လစ် သွင်းမယ်ဆိုရင် အကုန်လုံးသွင်းရမှာ။ မဏ္ဍပ်တိုင်း မှာ အရက်မသောက်ရင် ဘယ်သူ ကပျော်မှာလဲ။ နောင်နှစ်ဆို နောက်တစ်မျိုးထပ်ပြောင်းပြီး ပြောဦးမှာပဲ’’ဟု ဟစ်ဟော့ပ်အဆိုတော် ရန်ရန်ချမ်းက ပြောကြားသည်။
ဖုန်းများ အားကုန်အောင် သုံးခြင်းကြောင့် ဖြစ်တတ်သော ပြသနာ အမျိုးမျိုး နှင့် ဖြေရှင်းခြင်း
ဖုန်း တစ်လုံးက အနည်း ဆုံး ၃.၇ ဗို့ ရှိမှ ပါဝါ တက်ပါမယ်။ ၃.၇ ဗို့ ထက်နည်း ပါက ဖုန်းပေါ်
မူတည်ပြီး ပြသနာ အမျိုးမျိုး ဖြစ်ပါတယ်။
၁။ လိုဂို ရပ်ခြင်း
၂။ လိုဂို ပဲတက်ပြီး ပြန်ကျခြင်း
၃။ အားသွင်းပုံ ပြ သော်လည်း အားမ၀င် ခြင်း
၎။ ကြိုးထိုး ထားမှ ပါဝါ ဖွင့် ရခြင်း
၅။ အားသွင်းပုံ မပြ ပဲ လုံးဝ ပါဝါ ပျောက် ခြင်း
ဓာတ်ခဲ တွေက 3.7 ဗို့ မှ 4.2 ဗို့ ကြားထဲ ရှိရပါမယ်။ 3.7v ထက် လျော့ပါက အထက်ပါ error
များကြုံ တွေ့ နိုင်ပါတယ် ။ ဘာကြောင့် 3.7ဗို့ အောက် လျော့ ကျ သလဲ ?? အကြောင်း အမျိုး
မျိုး ရှိပါတယ် ။ အဓိက အဖြစ် များတာ က တရုတ် ဓာတ်ခဲ တွေ ကြောင့် ပါ ။ ဓာတ်ခဲ သုံးတာ
ကြာ ရင် လဲ ဖြစ်တက်ပါတယ် ။ ဖုန်း ic တစ်လုံးလုံး မကောင်း တော့ ရင် လဲ လိုတာ ထက် ပို
ပြီး အန်ပီယာ ဆွဲ တဲ့ အတွက် ဖြစ်ပါတယ် ။ ဘယ်လို ဖြေရှင်း မလဲ ??? ပုံ မှန် ဓာတ်ခဲ ထုတ်
လို့ ရတဲ့ ဖုန်း တွေ က တော့ ဓာတ်ခဲ ထုတ်ပြီး ညှပ် ခွက် ( ဖားပါးစပ် ) နဲ့ အားသွင်း ကြည့်ပါ။
3.0 မှ 3.6 ဗို့ အတွင်း လက်ကျန် ရှိပါက ပြန်သွင်းလို့ အဆင်ပြေ နိုင်ပါတယ် ။ဒါ ပေမယ့် အား
ကုန်အောင် သုံး တိုင်း ပြန်ဖြစ်နေပါမယ် ။ 3.0V အောက် ရောက်ပါ က ဆိုင် မှာ ပဲ ပြုပြင် နိုင်
ပါတော့ မယ်။ အကောင်း ဆုံးကတော့ ဓာတ်ခဲ လဲလိုက်ပါ။ အထူးသဖြင့် ဓာတ်ခဲ အသေ ဖုန်း
တွေမှာ အတက်နိုင် ဆုံးသတိထား သုံးကြပါ။
ဥပမာ iphone ၊ Tablet စတာ တွေ ဖြစ်ပါတယ် ။ အဲ့ ဓာတ်ခဲ အသေ ဖြစ်တဲ့ အတွက် ကိုယ်
တိုင် လုပ် ဖို့ ခက်ခဲတဲ့ အတွက် ဆိုင် သွားရပါမယ် ။စက်ဖြုတ်ရတဲ့ အတွက် ၂၀၀၀ ၊ ၃၀၀၀
လောက် တော့ ပေးရမှာ ပါ ။
iphone တွေ ကို တော့ Ipad အားသွင်း ခေါင်း နှင့် ကြိုး ကို အသုံး ပြုပြီး ပြန်လည် သွင်း နိုင်
ပါတယ် ။ ကဲ သူငယ် ချင်း တို့ လဲ ဖုန်း ကို Battery Low ပေါ် ရင် ဖုန်းပြော ခြင်း ၊ သီချင်း
နားထောင် ခြင်း ၊ Game ဆော့ ခြင်း များ မပြု လုပ် ခြင်း ဖြင့် ရှောင်ရှား နိုင်ပါတယ် ။
အကောင်း ဆုံး က ဖုန်း 5% ရောက်ပြီ ဆိုရင် ပိတ်ထား လိုက်ပါ ။ သူငယ်ချင်း တို့ ရဲ့ မိတ်
ဆွေ၊သူငယ်ချင်း တွေ သိအောင် ရှယ် ပေး လိုက်ပါ ဦး..။
အသင့်စား အာလူးချောင်းကြော်များ မီးလောင်ခြင်းမှာ အသုံးပြုသည့် ဆီကြောင့်ဟုဆို
လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသော Oishi Snack အာလူးချောင်းကြော်ကို မီးရှို့လျှင် မီးတောက်ခြင်းမှာ မုန့်တွင်ပါသော စားအုန်းဆီကြောင့်ဖြစ်ကြောင်း Myanmar Liwayway Food Industries ကုမ္ပဏီ ၏ စက်ရုံ ဒါရိုက်တာ ဦးအောင်ကြည်စိုးက ပြောသည်။
အာလူးချောင်းကြော်များ မီးတောက်လောင်မှုကို နေပြည်တော်သို့ စစ်ဆေးချက်ပို့ပြီး ယင်းထက်ပို၍ အသေးစိတ်စစ်ဖွဲ့ရန် စီစဉ်ထားကြောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန(FDA)မှ တာဝန်ရှိ သူတစ်ဦးက ပြန်လည်ဖြေကြားသည်။
‘‘Oishi Snack ကိစ္စ စစ်ဆေးတဲ့ ဆရာမက ရန်ကုန်ရုံးခွဲကပါ။ ခုအစည်းအဝေးတက်နေတယ်။ Oishi ကိစ္စက စစ်ဆေးနေတဲ့အဆင့်သာရှိပါသေးတယ်’’ဟု FDA ရုံးတာဝန်ရှိသူတစ်ဦးက ပြောသည်။
လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်တွင် Oishi Snack အာလူးချောင်းကြော်တစ်ခုကို မီးရှို့ထားရာ ဖယောင်းတိုင်၌ မီးတောက်လောင်နေသည့်ပုံသဏ္ဌာန် ဖြစ်ပေါ်နေသည့် ဓာတ်ပုံတစ်ပုံ ပျံ့နှံ့နေခြင်းဖြစ်ပြီး ကျန်းမာရေး အတွက် မသင့်လျော်၍ ရှောင်ရှားရန် သတိပေးစာများပါ ရေးသားထားသည်။
‘‘ဒါ သဘာဝပဲလေ။ ဆီကြော်တဲ့ မုန့်မျိုးကတော့ မီးလောင်တာပဲ။ တခြားမုန့်တွေလည်း လောင်တာပဲ။ အာလူးကြော်မှာက ဆီပါနေတာကို’’ဟု ဦးအောင်ကြည်စိုးကပြောသည်။
အာလူးချောင်းကြော်၌ ပါဝင်သည့် ကုန်ကြမ်းသည် ကျန်းမာရေးနှင့် ညီညွတ်ကြောင်း (FDA)၏ ခွင့်ပြုချက် ရရှိပြီးဖြစ်၍ စားသုံးသူများမစိုးရိမ်ရန် အထက်ပါပုဂ္ဂိုလ်ကပြောသည်။
‘‘အဓိကက ပြန်ကြော်ဆီတွေကြောင့်ဖြစ်တတ်တယ်။ တစ်ခါကြော်ပြီး အငွေ့ထွက်သွားပြီးရင် ပြန်မသုံး ရတော့ဘူး။ နောက်ထပ်အစားအစာကို ပြန်ကြော်ဆီသုံးမယ်ဆိုရင် အဲဒီအထဲမှာ ပြန်ကြော်ဆီတွေက စိမ့်ဝင်ပြီး အင်မတန်ဒုက္ခပေးနိုင်တယ်။ အဆီပိတ်၊ အ၀လွန်၊ အစာအိမ်လမ်းကြောင်းနဲ့ပတ်သက်တဲ့ ကင်ဆာတွေအထိပါ ဖြစ်နိုင်တယ်’’ဟု အလုံမြို့နယ်၊ ၀င်းဆေးခန်းမှ ဒေါက်တြာ့မင့်ဦးက သုံးသပ်ပြောကြား သည်။
Oishi Snack အာလူးချောင်းကြော်အပြင် အခြား Snack ထုပ်အတွင်းရှိ အာလူးချောင်းကြော်များကို မီးရှို့ကြည့်ရာတွင်လည်း မီးတောက်လောင်သည်ကို စမ်းသပ်တွေ့ရှိရသည်။
အသင့်စားအာလူးချောင်းကြော်များတွင် နေကြာဆီ၊ နှမ်းဆီ၊ မြေပဲဆီ၊ သံလွင်ဆီများကို သုံးရပြီး တိရစ္ဆာန် အဆီများနှင့် စားအုန်းဆီများက ကျန်းမာရေးနှင့်မညီညွတ်ကြောင်း စိတ်ချရသည့် နေကြာဆီ၊ နှမ်းဆီများကို ပင် နောက်တစ်ကြိမ် ပြန်ကြော်ဆီအဖြစ် မသုံးသင့်ကြောင်း ဆရာဝန်အချို့ကအကြံပြုသည်။
Saturday, April 19, 2014
Mobile Phone Network အကြောင်းသိကောင်းစရာ
မြန်မာနိုင်ငံမှာ ဖုန်းကိုအသုံးများလာကြပါပြီ.. ဒီတော့ ဖုန်းရဲ့ Network အကြောင်းလေး သိထားဖို့ လိုမယ်ထင်တယ်.. ဒါကြောင့် Mobile Phone Network တွေအကြောင်း ဖတ်မိတာလေး မျှဝေလိုက်ပါတယ်..
ကျနော်တို့မြန်မာနိုင်ငံမှာအသုံးပြုနေတဲ့ ဖုန်းအမျိုးအစားတွေကတော့ GSM | WCDMA | CDMA 800MHZ | CDMA 450 MHZ စတဲ့ဖုန်းတွေပဲဖြစ်ပါတယ်။ဖုန်းအမျိုးအစားတွေအကုန်လုံး အင်တာနက် (Data) အသုံးပြုနိုင်ပေမယ့် CDMA 450 MHZ မှာတော့ အသုံးမပြုနိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့ သူက လှိုင်းအလျား နိမ့်လို့ပါ။Mobile Phone Data စနစ်မှာ GPRS,EDGE နဲ့ 3G ယခုဆိုရင်နိုင်ငံရပ်ခြားတွေမှာ 4G စနစ်ကိုတောင်အသုံးပြုနေပီဖြစ်ပါတယ်။
GPRS(General Packet Radio Service)GPRS ဆိုတာကတော့ Packet-based ၀ါယာလက်စနစ်ကို အခြေခံထားပါတယ်။ကျနော်တို့ အသိများတာကတော့ 2G Network လို့ခေါ်ပါတယ်။အမှန်တကယ် 2G Network ဆိုရင် Download Speed 144 Kbps လောက်ထိရနိုင်ပါတယ်။GPRS ကတော့ ကန့်သက်ချက်တွေရှိပါတယ် ကျနော်တို့ဖုန်းပြောနေရင်း Data စနစ်ကိုအသုံးမပြုနိုင်ပါဘူး။
EDGE(Enhanced Data GSM Evolution)GPRS နဲ့ EDGE ဆိုတာ 2G နက်ဝက်နည်းပညာတစ်တည်းပါပဲ။ဒါပေမယ့် EDGE က GPRS ထက် Download Speed ပိုများပါတယ်။384Kbps နီးပါးလောက်ရနိုင်ပါတယ်။တစ်ခါတစ်ရံမှာ EDGE ကို 2.5G Network လို့လည်းခေါ်ဆိုကြပါတယ်။3G3G နက်ဝက်ဆိုတာကတော့ Video Calling,MMS စတဲ့ လုပ်ဆောင်ချက်တွေအများကြီးအပိုပါလာပါတယ်။မြန်မာနိုင်ငံမှာတော့ ချပေးထားခြင်းမရှိပါဘူး။Download Speed ကတော့ အနည်းဆုံး 3.1Mbps အထိရနိုင်ပါတယ်။
HSDPA(Hight-Speed-Down-link Packet Access)HSDPA ဆိုတာကတော့ 3G နက်ဝက်အပေါ်အခြေခံထားပါတယ်။ရိုးရိုးသာမန် 3G နက်ဝက်ထက်ပိုမြန်ပါတယ်။Download Speed 14Mbps အထိရရှိနိုင်ပါတယ်။HSPDA ကိုတစ်ချို့က 3.5G နက်ဝက်လိုလည်းခေါ်ကြပါတယ်။HSPA+(Evolved High-Speed Packet Access)HSPA+(Evolved High-Speed Packet Access) ဆိုတာကလည်း 4G Nework နည်းပညာကိုအသုံးပြုထားပါတယ်။သူရဲ့ အမြင့်ဆုံး Download Speed ကတော့ 168Mbps ပဲဖြစ်ပါတယ်။ WCDMA ရဲ့အရှည်ကောက် ကတော့ "Wideband Code Division Multiple Access" လို့ခေါ်ပါတယ်။4G LTE(Long Term Evolution)LTE ဆိုတာကတော့ 4G Network အပေါ်အခြေခံပြုလုပ်ထားသောစနစ်ဖြစ်ပါတယ်။HD ဇာတ်ကားတွေကိုအထစ်အငေါ့မရှိကြည့်ရှုနိုင်ပါတယ်။သူရဲ့အမြင့်ဆုံး Download Speed ကတော့ 222.96Mbps ပဲဖြစ်ပါတယ်။နည်းပညာ ဗဟုသုတရစေရန်အတွက်ရည်ရွယ်ချက် ဖြင့် တင်ပေးလိုက်ပါတယ်။
မလေးရှား လေယာဉ် ရှာဖွေရေး နီးစပ်လာပြီ
မလေးရှား လေယာဉ်ပျောက် ရှာဖွေရေး အရေးကြီးတဲ့ အဆင့် ကို ရောက်နေပြီ လို့ မလေးရှား ပို့ဆောင်ရေး ဝန်ကြီး H . Hussein က ပြောဆို လိုက်ပါတယ်။
မကြာခင် ရက်ပိုင်း အတွင်း တခုခု အမြန်ပြန်တွေ့ရဖို့ အတွက် နာနာ ဆုတောင်း ပေးကြပါလို့ မလေးရှား ဝန်ကြီးက ကမ္ဘာကို ပန်ကြား ခဲ့ပါတယ်။
လေယာဉ် ပျံသန်းမှု မှတ်တမ်းတင် ကိရိယာ က ထွက်ပေါ်လာတယ်လို့ ယုံကြည် ရတဲ့ အချက်ပြ ဆက်သွယ်မှု ကို ခြေရာခံမိဖို့ လူမပါတဲ့ ရေငုပ်သင်္ဘောနဲ့ ပင်လယ် ကြမ်းပြင်မှာ ၆ မိုင် ပတ်လည် အတွင်း ပိုက်စိတ်တိုက် ရှာဖွေ နေတာ ဖြစ်ပါတယ်။
ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ် ပျောက်ကို တပတ် အတွင်း တွေ့အောင် ရှာနိုင်မယ် လို့ မျှော်လင့်ကြောင်း ဩစတြေးလျ အာဏာပိုင် တွေက ပြောဆို ပါတယ်။
Grand Royal ၏ လုပ်ရပ်ကြောင့် ရန်ကုန်သင်္ကြန် နာမည်ပျက်ရဟု နယ်လုံဝန်ကြီးပြော
ရန်ကုန်၊ မဇ္ဈိမ။ ။ သင်္ကြန်အကြိုနေ့က Grand Royal မဏ္ဍပ်၏ အရက်ကြော်ငြာရှိုးပွဲတွင် ထိုင်းအကအဖွဲ့၏ ဝတ်စားဆင်ယင်မှုနှင့် ဖျော်ဖြေမှုသည် မြန်မာရိုးရာနှင့် ဆန့်ကျင်သောကြောင့် ရန်ကုန်သင်္ကြန် နာမည်ပျက်ခဲ့ရသည်ဟု ရန်ကုန်တိုင်း နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ဧပြီ ၁၉ တွင် မီဒီယာများကို ပြောခဲ့သည်။
မြန်မာ့အတာရေသင်္ကြန် ပွဲတော်ကာလအတွင်း စည်းကမ်းမလိုက်နာခဲ့သည့် မဏ္ဍပ်များကို မည်ကဲ့သို့ အရေးယူမည့်အပေါ် မီဒီယာများက တွေ့ဆုံမေးမြန်းရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဂရမ်းရွိင်ရယ် မဏ္ဍပ်မှာ အရက်ကြော်ငြာ ရှိုးပွဲက သင်္ကြန်နဲ့ ရောသွားပြီး အင်တာနက်မှာ ပြန့်ကုန်တယ်။ ဒါကြောင့် မြန်မာ့သင်္ကြန်မှာ ရိုးရာယဉ်ကျေးမှုနဲ့ ဖီလာဆန့်ကျင်တဲ့ ပွဲတွေလုပ်နေတယ်ဆိုပြီး ရန်ကုန်က နာမည်ပျက်သွားခဲ့ရတယ်” ဟု ဝန်ကြီးက ဆိုသည်။
ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့က ကန်တော်ကြီးအတွင်း ကျင်းပပြုလုပ်သည့် Grand Royal အရက်ကြော်ငြာ ရှိုးပွဲတွင် ထိုင်းနိုင်ငံမှ ငှားရမ်းခဲ့သည့် အကအဖွဲ့က အောက်ပိုင်းတွင် အတွင်းခံဘောင်းဘီများသာ ဝတ်ဆင်၍ ကပြဖျော်ဖြေမှုများ ပြုလုပ်ခဲ့သည့်အတွက် အင်တာနက် စာမျက်နှာများတွင် ပြန့်နှံ့ခဲ့သည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ Grand Royal ရှိုးပွဲအတွက် ထိုင်းအကဖွဲ့အား ခေါ်ယူကျင်းပခဲ့သူ (Star and Model) မှ ဂျွန်လွင်က “ပထမရက်က ဖျော်ဖြေမှုနဲ့ ပက်သက်ပြီးတော့ ဝေဖန်သံတွေ ကြားရပေမယ့် ကျွန်တော် မဖြေရှင်းချင်ပါဘူး၊ ခေတ်တွေကလည်း ပြောင်းနေပြီလေ။ သပြေခက်နဲ့ ပက်တဲ့ခေတ်လည်း မဟုတ်တော့ပါဘူး။ ဒါပေမယ့် ဘန်ကောက်က အကသမားတွေကို ခေါ်တာ လူစိတ်ဝင်စားစေချင်တဲ့ သဘောပါ။ ဒါကို အကောင်းမြင်တဲ့သူရှိသလို အကောင်းမမြင်တဲ့သူလည်း ရှိပါတယ်” ဟု ဧပြီ ၁၄ရက်က မဇ္ဈိမကို ဖြေကြားထားသည်။
ထိုကဲ့သို့ ဖျော်ဖြေမှုများနှင့် ပတ်သက်၍ ဝေဖန်မှု အမျိုးမျိုးထွက်ပေါ်ခဲ့ပြီး သက်ဆိုင်ရာကလည်း ကျန်ရှိသည့် သင်္ကြန်ရက်များတွင် ယင်းကဲ့သို့ မြန်မာ့ရိုးရာနှင့် ဆန့်ကျင်သည့် ဝတ်စားဆင်ယင်မှုဖြင့် ကပြဖျော်ဖြေမှု မပြုလုပ်ရန် သတိပေးရမှုများ ရှိခဲ့သည်။
“ ကျွန်တော်တို့ စည်းကမ်းနဲ့ ချိုးဖောက်ခဲ့တဲ့ မဏ္ဍပ်တွေကို စီစီတီဗီမှတ်တမ်းတွေ၊ ဓါတ်ပုံတွေနဲ့ ပြန်စိစစ်နေပါတယ်။ ဘလက်လစ် (နာမည်ပျက်စာရင်း)သွင်းသွားဖို့ ရှိပါတယ်။ ဂရမ်းရွိင်ရယ်ကိုတော့ သူဋ္ဌေးဖြစ်သူ ကိုအောင်မိုးကျော်ကို ခေါ်ယူ သတိပေးပြောဆိုသွားမှာပါ။ နောက်နှစ်ဆိုရင်တော့ ခံဝန်ချက်နဲ့ပဲ ဂရမ်းရွိင်ရယ်ကို ခွင့်ပြုသွားတော့မှာပါ” ဟု ဗိုလ်မှူးကြီး တင်ဝင်းက ပြောခဲ့သည်။
၂၀၁၄ ခုနှစ် သင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ်များတွင် စည်းကမ်းဖောက်ဖျက်မှုများ၊ ယဉ်ကျေးမှုနှင့် မကိုက်ညီသည့် ဝတ်စားဆင်ယင် ကခုန်မှုများ ရှိခဲ့ပြီး သင်္ကြန်မဏ္ဍပ်ကော်မတီက ခွင့်ပြုပေးခဲ့သည့် ရေကစားမဏ္ဍပ်များ၏ ခန့်မှန်း သုံးပုံတစ်ပုံမှာ စည်းကမ်းဖောက်ဖျက်ခဲ့သည်ဟု ဆိုသည်။
Game တွေမှာ Money တွေ အဆင့်တွေခိုးနည်း နှင့် Game Hacker v2.0.1 apk
Game တွေကို အဆင့်တွေနဲ့ Money & Gold တွေကို Unlimited ဖြစ်အောင် Hack ချင်သူများအတွက် Game Hacker ဆိုတဲ့ Application လေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ အခု Application ကိုသုံးဖို့အတွက် ဖုန်းမှာ Root Access ရှိထားဖို့လိုပါတယ်ဗျာ။ Game တွေကို Hack ရမယ့်အဆင့်အတွက်လည်းမပူပါနဲ့ Myanmar IT Group မှ ကိုနေမင်း တဆင့်ချင်းရှင်းပြထားတာကို PDF File ပါတွဲပြီးတင်ပေးထားပါတယ်ဗျာ။ Android OS 2.2 နှင့်အ ထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။
Download Link to:
http://www.solidfiles.com/d/bff2195a84/Game_Hack_v2.0.1_By_www.pyaephyo.com.apk
How to hake:(pdf)file:
http://www.solidfiles.com/d/1063e2e96d/How_to_Hack_Game_%28Money%29_Reupload_By_www.pyaephyo.com.pdf
Friday, April 18, 2014
Facebook အပြင်အခြားဆိုဒ်များစွာက Video တွေကိုဒေါင်းယူနိုင်တဲ့ - HDV Downloader v1.0.6 Apk
အခုတင်ပေးလိုက်တာလေးက Video တွေဒေါင်းချင်သူတွေအတွက် အတော်လေးအဆင်ပြေတာမို့ဒေါင်းယူ ထားစေချင်ပါတယ်ဗျာ။ဟိုနေ့လေးကလည်း FB မှာတောင်းထားတဲ့ဘော်ဒါအတွက် အခုမှတင်ပေးဖြစ်တယ် ဗျာ။ ကျွန်တော်ကိုယ်တိုင်လည်းစမ်းသပ်ပြီးအဆင်ပြေပါတယ်။ အထူးသဖြင့် Facebook ကနေ Video တွေ ကိုဒေါင်းမရသူများအတွက် ပိုအဆင်ပြေစေမှာပါ။ ADM နဲ့တော့ တော်တော်များများကိုအဆင်ပြေပါတယ်။ ADM နဲ့ဒေါင်းတာအဆင်မပြေသူများအတွက် HDV နဲ့စမ်းဒေါင်းကြည့်ပါ။ Android OS 2.2 နှင့်အထက်ဖုန်း များမှာအဆင်ပြေစေမှာဖြစ်ပါတယ်ဗျာ။
ီDownload link to:
http://www.solidfiles.com/d/64b9d64e52/HDV_Downloader_v1.0.6_By_www.pyaephyo.com.apk
Sunday, April 6, 2014
Andriod ဖုန်းများအတွက် သင်္ကြန် Ringtone.apk
ဘာလိုလိုနဲ့ သင်္ကြန်ရောက်တော့မည်။ သင်္ကြန်ပိုး မကင်းနိုင်သူတွေအတွက် သင်္ကြန်ကို ကြိုဆိုဖို့ သင်္ကြန်သီချင်းများကို Ringtone, Notification နှင့် Alarm များအတွက် သုံးနိုင်ပါပြီ။
ဘယ်တော့မှ မရိုးနိုင်တဲ့ နှစ်သစ်မင်္ဂလာ(၁) နှင့် (၂) Album ထဲမှ သီချင်းများ၏ ကောင်းနိုးရာရာ အပိုဒ်များကို ဖြတ်တောက်ထားပါသည်။ နှစ်သစ်မင်္ဂလာ(၂) ထဲမှ သီချင်းများကိုတော့ သူငယ်ချင်း မျိုးမင်းအောင် က ကူဖြတ်ပေးထားပါသည်။
အသုံးပြုပုံမှာ အားလုံးသိပြီးသား ဖြစ်တဲ့အတိုင်း app ကို ဖွင့်၍ 1 2 3 အကွက်များကို တစ်ချက် စီနှိပ်ပြီး သီချင်းသံနားထောင်ပါ။ နှစ်သက်ရာ သီချင်းအကွက်ကို ဖိနှိပ်ထားပါက သီချင်းသံပြောင်းရန် ဆိုပြီး ပေါ်လာပါမည်။ မိမိနှစ်သက်ရာ ကို စိတ်ကြိုက်ပြောင်း သုံးနိုင်ပါပြီ...
သင်္ကြန်သီချင်းများနဲ့ မင်္ဂလာနှစ်သစ်ကို ကြိုဆိုကြရအောင်လားဗျာ...
App ထဲက သင်္ကြန်ပုံလေးကို Google မှရှာထားပါတယ်။ play store မှ apk ကို Modify ထားပါတယ်။ သက်ဆိုင်သူများကို Credit ပေးပါတယ်။
Download link to:
http://www.mediafire.com/download/3aaz02euccn7e3p/Thingyan+Ringtone.apk
Subscribe to:
Comments (Atom)


















