Friday, August 15, 2014

မော်ဒယ် အလန်းလေးတွေနဲ့ Zapya Apk

Zapya ဆိုရင် လူတိုင်းသိပြီးသားဖြစ်မှာပါ ပုံတွေ Video တွေ File တွေကို အပြန်အလှန် မြန်ဆန်စွာ ပို့ဆောင်ပို့ နိုင်တဲ့ Apk လေးဖြစ်ပါတယ်။နောက်ခံပုံကို Model အလန်းလေးတွေနဲ့ အစားထိုးထားတာတွေ့ရပါတယ် စိတ်ဝင်စားသူတွေ ဒေါင်းယူနိုင်ပါပြီ။ DOWNLOAD LINK TO; http://www.mediafire.com/download/6d62bvhkpmo6psb/Zapya+MM.apk

ပြည်တွင်းသို့ဝင်ရောက်သည့် ဟန်းဆက်များ ကျန်းမာရေးထိခိုက်မှုရှိ၊ မရှိစစ်ဆေးမည်

ပြည်တွင်းသို့ တင်သွင်းနေသော မိုဘိုင်းဟန်းဆက်များကို ကျန်းမာရေးအတွက် ထိခိုက်နိုင်မှုနှင့် အရည်အသွေးပြည့်မီခြင်း ရှိ၊ မရှိ သိရှိနိုင်ရန် စမ်းသပ်ခန်း (Lab)တစ်ခုထားပြီးစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ အတွင်းရေးမှူးဦးမျိုးမြင့်ထွန်းက ပြောသည်။ လက်ရှိတွင် ပြည်တွင်းသို့ မိုဘိုင်းဟန်းဆက်များ တင်သွင်း ရောင်းချခြင်းကို ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ တင်ပြရပြီး အဆိုပါဌာန၏ ခွင့်ပြုချက်ဖြင့် တင်သွင်းမှုများ ပြုလုပ်နေသော်လည်း ဈေးကွက်အတွင်း၌ ရောင်းချနေသည့် ဟန်းဆက်အများစုမှာ စနစ်တကျစစ်ဆေး၍ ရောင်းချခြင်းမျိုးနည်းပါးနေသေးကြောင်း သတင်းရရှိသည်။ ‘‘ကိုယ်ပိုင် Lab တစ်ခုတည်ထောင်တဲ့အခါမှာ သုံးစွဲသူတွေကို မထိခိုက်အောင် ကာကွယ်ပေးတဲ့ အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး လုပ်သွားမယ်၊ အရည်အသွေး မပြည့်မီတဲ့ ပစ္စည်းတွေတွေ့တယ်ဆိုရင် ကနဦးသတိပေးသွားမယ်၊ ဆက်ဖြန့်မယ်ဆိုရင် အရေးယူတဲ့အထိ လုပ်သွားမယ်’’ဟု ဦးမျိုးမြင့်ထွန်းက ဆိုသည်။ လက်ရှိတွင် ဟန်းဆက်များ တင်သွင်းလိုပါက ရောင်းချမည့်လူကိုယ်တိုင်သွားရောက်တင်ပြရမည့်စနစ်ကို ကျင့်သုံးနေသော်လည်း နောက်ပိုင်းတွင် ဟန်းဆက်ထုတ်လုပ်သည့် ကုမ္ပဏီများကိုယ်တိုင် သွားရောက်စစ်ဆေးခံရမည်ဖြစ်ပြီးသည် တင်သွင်းရောင်းချမည့်သူများမှ စစ်ဆေး၍အတည်ပြုပြီးသား ဟန်းဆက်များကို မော်ဒယ်အလိုက်တင်သွင်းခွင့်ရသည့်စနစ်ကို ပြောင်းလဲကျင့်သုံးသွားရန်လည်း စီစဉ်နေကြောင်း သတင်းရရှိသည်။