a

Saturday, March 29, 2014

Y535-C00 Root APK

ကျွန်တော် Y535-C00 ကို Root လုပ်ဖို့  boot,img ထုတ်ပီး လုပ်နည်းပေးလိုက်တာမှားသွားတယ် အချို့ အချို့ တွေက ရောင်းကြတယ် အဲတော့ ကျွန်တော်ကိုမကြေနပ် ဖြစ်တာ ဟုတ်ပါတယ်လေ ကျွန်တော်က သူများစီးပွားရေးကို ဖျက်စီးနေရာရောက်တယ် အဲကောင်ဆို adb တို့  Driver သိမှတို့ ရှပ်နေတယ် သူများနဲ့ လည်းမတူ အလွယ်တာလေးပေးမယ် ငိငိ apk နဲ့  Y535-C00 ကို Root မယ်ဗျာ သဘောကျတယ်မလား သဘောကျရင်ဒေါင်းဗျာ ပြထားတဲ့ ပုံက G610 ကြီးဖြစ်နေတယ် အရေးကြီးတာ Root ပေါက်ဖို့ မလား ငိငိ Download link to: http://sh.st/qJfiM

Wednesday, March 26, 2014

အိုင်ဖုန်းကို ကြိုက်ကြသည့် အကြောင်းရင်း ( IPhone ကိုင်မလား Android ဖုန်းကိုင်မလား သိချင်သူများဖတ်ရန်)

အိုင်ဖုန်းဟာ ကမ္ဘာမှာ လူကြိုက်အများဆုံး စမတ်ဖုန်း အဖြစ် စံချိန်တင်ထား ဆဲ ဖြစ်ပါတယ်။ ထွက်ရှိခဲ့ပြီးတဲ့ iPhone 5S ဟာလည်း လူကြိုက်များပြီး နောက်ထွက်မယ့် iPhone 6 ကိုလည်း မျော်လင့်နေကြ ပါတယ်။ ဒါကြောင့်မို့ iPhone ကို ဘာကြောင့် ကြိုက်ကြသလဲဆိုတာကို အကြမ်းဖျဉ်း အဖြေ ထုတ်ကြည့်တဲ့အခါ အောက်ပါအတိုင်း ထွက်လာ ပါတယ်။ စတိုင် နဲ့ ဂုဏ် အရှိန် အခြေခံဆုံး အချက် အနေနဲ့ စတိုင် ကို အရင်ကြည့်ကြပါတယ်။ မြန်မာပြည် က အချို့ ငွေရှိ အသက်ကြီး ပုဂ္ဂိုလ် တွေတောင် i Device များကို ဝယ်သုံးပါတယ်။ သုံးတတ်လို့တော့ မဟုတ် ပါဘူး။ သူ့ရဲ့ စတိုင် နဲ့ ဂုဏ် အရှိန် ကြောင့်မို့ ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းမှ သပ်ရပ် လှပပြီး ဂုဏ်အရှိန် ကြီးတာ ကတော့ စတိဗ်ဂျော့ ကြောင့ ဖြစ်ပါတယ်။ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်းနဲ့ စမတ်ဖုန်း လောကကို ပြောင်းလဲသူ ဆိုပြီးတော့ ကြွေးကြော် ထားခြင်းပါ။ အမှန်တော့ စမတ်ဖုန်း လောကကို လမ်းစဖောက်ပေးတာ Apple တစ်ခုထဲ မဟုတ်ပဲ အခြား ကုမ္မဏီမျာလည်း ရှိနေပေမယ့် Apple ကိုပဲ ပိုမို လူသိ များခဲ့ ပါတယ်။ အကြမ်းခံခြင်း iPhone ရဲ့ အကြမ်းခံမှုက လူတိုင်း ပြောပါတယ်။ အကြောင်းက အလူမီနီယံ ကိုယ်ထည်ကြောင့်မို့လို့ ဖြစ်ပါတယ်။ သာမန် ကော်ဖုန်း တစ်လုံး ကျရင် ကွဲပေမယ့် အိုင်ဖုန်းက နောက်ကျောကော ရှေ့မျက်နှာပြင်ကော အတော်လေး အကြမ်းခံတာကို လေ့လာ မိပါတယ်။ မျက်နှာပြင် အရည်အသွေး ကောင်း ဒါကလည်း အစဉ်ဆက် ထိန်းသိမ်းလာတဲ့ အရည်အချင်း ဖြစ်ပါတယ်။ iPhone ရဲ့ ဖန်သား resolution ppi က ဟန်းဆက် အသီးသီး အသစ် ထွက်တဲ့ ခေတ်အဆက်ဆက် မှာ အမြဲတန်း ထိပ်ဆုံး ကနေ ဦးဆောင် ပါတယ်။ Retina Display တို့ကိုလည်း အသုံးပြုခြင်းကြောင့် ဖြစ်ပါတယ်။ လုံခြုံရေး ကောင်း အိုင်ဖုန်းတို့ အိုင်ပတ် တို့က ပျောက်သွားရင် Tracking လိုက်ဖို့ အတွက် အတော်လေး လွယ် ပါတယ်။ ပျောက်သွားတဲ့ အလုံးကို တစ်ဖက်က ဖွင့်လို့ အင်တာနက် သုံးပြီ ဆိုတာနဲ့ ကိုယ့် ပျောက်နေတဲ့ အိုင်းဖုန်းဟာ ဘယ်နေရာ ရောက်နေသလဲ ဆိုတာကို မြင်ရမှာ ဖြစ်ပါတယ်။ အကယ်၍ အသုံးပြုသူက ဓာတ်ပုံတွေ ဘာတွေရိုက်ရင် Could Storage နဲ့ Sync လုပ်ထားတဲ့အခါ ကိုင်ဆောင်ထားသူရဲ့ ဓာတ်ပုံကိုတောင် အလွယ်တကူ ရနိုင် ပါတယ်။ မြန်ဆန်တဲ့ Processor အိုင်ဖုန်းရဲ့ Processor မြန်ဆန်ချက်က ဂိမ်းဆော့ရင် ပိုမို သိသာ ပါတယ်။ အထူးသဖြင့် Racing ဂိမ်းတွေမှာ ပိုမို သိသာ ပါတယ်။ Android စမတ်ဖုန်း တစ်လုံးမှာ ဆော့တဲ့ Racing နဲ့ iPhone မှာ ဆော့တဲ့ Racing က မြန်ဆန်မှ သိသိသာသာ ကွာပါတယ်။ Processor ရဲ့ လည်ပတ်မှု မြန်ဆန်ပြီး ကြည်လင်တဲ့ မျက်နှာပြင်နဲ့ ပေါင်းစပ် လိုက်တဲ့အခါ Gaming Device ကောင်း တစ်ခု ဖြစ်လာစေ ပါတယ်။ ကြာရှည်ခံသော အရည်အသွေး မိတ်ဆွေ သူငယ်ချင်း တစ်ယောက် iPhone ပထမ မျိုးဆက်ကို ယနေ့တိုင် အသုံးပြုနေသေးတာကို အံ့သြဖွယ် တွေ့ရှိခဲ့ ပါတယ်။ နောက်ဆုံးပေါ် iPhone တို့လောက် မမြန်ပေမယ့် သူ့ဟာလေးနဲ့ သူ အလုပ်လုပ်နေတာကို တွေ့ ရတော့ iPhone ရဲ့ တာရှည်ခံ၊ အသုံးခံ မှုကို အံ့သြ ခဲ့ရ ပါတယ်။ အထက်ပါ အားသာချက်များပြင် အခြားသော အားသာချက်များလည်း ရှိပါ သေးတယ်။ ထိုနည်းတူစွာ သူ့မှာလည်း အားနည်းချက် များစွာ ရှိပါတယ်။ အဓိကအားဖြင့် ဈေးကြီးတာနဲ့ အသုံးပြုမယ့် App တွေကို ဝယ်သုံးရတာမျိုး၊ country region အရ အသုံးပြုဖို့ အဆင်မပြေသေးတာမျိုး၊ font ကိစ္စ အဆင်မပြေတာမျိုး၊ Jail Break လုပ်သင့် မလုပ်သင့် ခေါင်းစား တာမျိုး အစရှိသဖြင့် အခက်လေးတွေ၊ အားနည်းချက်လေးတွေလည်း ရှိပါ သေးတယ်။ သို့သည့်တိုင် အိုင်ဖုန်းဟာ လူကြိုက် အများဆုံး၊ အလိုချင်ဆုံး စမတ်ဖုန်း တစ်လုံး အဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။

သင့်ဖုန်း ပျောက်ဆုံးခဲ့ရင် ပြန်လည်ရှာဖွေနိုင်မည့် နည်းလမ်း

"ပစ္စည်းတစ်ခါပျောက်ရောက်ရင် ငရဲဆယ်ခါရောက်တယ်'' ပျောက်သွားတဲ့ မိမိတို့ ပစ္စည်းဥစ္စာအတွက် ကိုယ်တိုင်လည်း စိတ်သောက ဖြစ်တယ်။ သူတစ်ပါးကို လည်း ပူပန်မှုဖြစ်စေလို့  ငရဲဆယ်ခေါက်ရောက်တာနဲ့  အလားသဏ္ဍာန်တူတာကို ရှေးလူကြီးမှာက အထက်ပါအတိုင်းဆိုခဲ့တာပါ။ ကုသခြင်းထက်ကောင်းတာ ကြိုတင်ကာကွယ်ခြင်းပါပဲ။ မိတ်ဆွေရဲ့ ဖုန်း မပျောက်ဆုံးသေးခင် အောက်ပါ အစီအစဉ်များအတိုင်း ကြိတင်ဆောင်ရွက်ထားပါ။ ၁။*#06# ကို သင့်ဖုန်းမှာနှိပ်ပါ။ ၂။နှိပ်ပြီးတဲ့အခါ IMEI number လို့ ခေါ်တဲ့ ကိန်းဂဏန်း ၁၅ လုံး ပေါ်လာလိမ့်မယ်။ ၃။အဲဒီ နံပါတ်၁၅လုံးကို သင်နှစ်သက်ရာနေရာမှာ ရေးမှတ်သိမ်းဆည်းပါ။ သင့်ဖုန်းပျောက်ဆုံးခဲ့ရင်အဲဒီနံပါတ်၁၅လုံးက ခြေရာခံမှာမို့ ပါ။ ၄။အကယ်၍ သင့်ဖုန်းပျောက်ဆုံးတာနဲ့  IMEI Number ကို ရေးပြီး cop@vsnl.net လိပ်စာအတိုင်း အီးမေးလ် ပို့ ပါ။ ၅။ကိုင်ဆောင်ထားသူက သင့်ရဲ့ဖုန်းနံပါတ်ကို လဲလိုက်ပါစေ။ သင့်ဖုန်း(hand set)ဘယ်နေရာမှာ ရှိနေတာကို သင်သိရှိနိုင်အောင် အကြောင်းကြားစာ ပို့ ပေးပါတယ်။

(97) Samsung Galaxy Note 3 Neo အကြောင်း သိကောင်းစရာ

အကိုတစ်ယောက်က note 3 neo အကြောင်းလေး သိချင်လို့ဆိုပြီး ချက်ပေါက်က တစ်မျိုး မက်ဆေ့က တစ်မျိုးနဲ့ အကြောင်းကြားလာ တာကြောင့် အားလုံးလဲ သိအောင်လို့ ဆိုပြီး တင်ပြလိုက်ပါတယ်။ အချိန်မအားလပ်တဲ့အတွက် အခုမှ တင်ပေးဖြစ်တာ တောင်းပန်ပါတယ်။ှSamsung Galaxy Note 3 Neo ဟာ ဆိုရင်တော့ GSM/WCDMA ကို အထောက်အပံ့ပေးထားပါတယ်။ 2G Network,3G Network,4G Network အထိ အထောက်အပံ့ပေးထားပါတယ်။ Samsung Galaxy Note 3 Neo မှာဆိုရင်တော့ အခုလောလောဆယ်မှာ တော့ ၂မျိုးထွက်ထားပါတယ်။ (၁) Note 3 Neo 3G SM-N750 (၂) Note 3 Neo LTE+ SM N7505 တို့ ဖြစ်ကြပါတယ်။ Sim Card အမျိုးအစားကတော့ Micro-SIM အမျိုးအစား ဖြစ်ပါတယ်။ Body မှာဆိုရင်တော့ Dimensions ဟာ 148.4 x 77.4 x 8.6 mm (5.84 x 3.05 x 0.34 in) ရှိပါတယ်။ အလေးချိန်ကတော့ 162.5g ရှိပါတယ်။ ပြီးတော့ S Pen ကို အထောက်အပံ့ပေးထားပါတယ်။ ဒီ ဆင်ဆာကတော့ Note 3 မှာ ပါတဲ့ အရာမျိုးပါဘဲ။ Display size ကတော့ 720 x 1280 pixels, 5.5 inches (~267 ppi pixel density) ရှိပါတယ်။ Multitouch အမျိုးအစားဖြစ်တဲ့ အတွက် Multitouch လို ဆော့ ၀ဲတွေ ဂိမ်းတွေမှာ ဆော့ရတာ အရသာ တစ်မျိုးပါဘဲ......... Memory Card အနေနဲ့ ဖြစ်ကတော့ Buildin 16GB ပါဝင်ပါတယ် Card Slot ကိုလည်း 32GB အထိ ထပ်စိုက်နိုင်ပါတယ်။ RAM မှာဆိုရင်တော့ လူကြီး မင်းတို့ မျှော်လင့်မထားတဲ့ RAM 2GB ပါဝင်လာပါတယ်။ RAM များလေ မိမိ ရဲ့ဖုန်းက ကောင်းမွန်စွာ အလုပ်လုပ် လာလေပါဘဲ...................... Camera မှာဆိုရင်တော့ 8MP,3264 x 2448 pixels, autofocus, LED flash, ကို support ပေးထားပါတယ်။ Android version အနေနဲ့ကတော့ 4.3 OS version အနေနဲ့ တရားဝင်လာ တာဖြစ်ပါတယ်။ CPU အနေနဲ့ကတော့ Quad-Core 1.3GHz Cortex A7 & dual-core 1.7 GHz Cortex A15 ကို support ပေးထားတာကို တွေ့ရပါတယ်။ အခုလောလောဆယ် အရောင်အနေနဲ့ကတော့ Black,White,Green အနေနဲ့ ထွက်ရှိလာပါပြီ။ မြန်မာနိုင်ငံကိုတော့ အဖြူနဲ့ အမဲနဲ့ဘဲ ရောက်ရှိလာပါသေးတယ်။ လောလောဆယ်တော့ ဈေးနှုန်းအနေနဲ့ကတော့ ၄သိန်း ၆သောင်း ၀န်းကျင် ရှိပါတယ်။ Samsung Phone ကိုမှ ကြိုက်နှစ်သက်သူများအတွက် အသစ်ထွက်တဲ့ Feature လေး တွေကို အသစ်ထွက်တိုင်း up to date တင်ပေးနိုင်အောင် ကြိုးစားနေပါအုန်းမည်။ တစ်ခြား လိုအပ်ချက်များ ရှိရင် ဖြည့်စွက်ပေးခဲ့ပါရန် အောင်မင်းဟန် Aung Min Han

အိပ်ချိန် နောက်ကျခြင်း၏ ဆိုးရွားသော အကျိုး သက်ရောက်မှုများ

အိပ်ရာဝင် နောက်ကျခြင်းဟာ ဆိုးရွားတဲ့ အကျိုး သက်ရောက်မှု တွေကို ဖြစ်စေတတ် ပါတယ်။ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်စေရုံမျှ မကဘဲ သင့်ရဲ့နေစဉ် လုပ်ငန်း ဆောင်တာတွေကိုလည်း ထိခိုက်စေပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို မြင့်တက် စေပါတယ်။ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်း ဆိုင်ရာကိုပါ ကြီးမားစွာ ထိခိုက်စေ ပါတယ်။ဒီလိုဆိုးကျိုး သက်ရောက်မှုတွေကို ဖော်ပြလိုက်ပါတယ်။ စိတ်ဖိစီးမှု ---------- စိတ်ဖိစီးမှု လက္ခဏာတွေဟာ နေ့စဉ်အိပ်စက်တဲ့ အချိန်ပမာဏပေါ်မှာ ကြီးမားစွာ လွှမ်းမိုးမှု ရှိပါတယ်။ အိပ်စက်ချိန် သင့်တင့်လျောက်ပတ်မှု မရှိခြင်းဟာ စိတ်ကျခြင်း၊ စိတ်ဂယောင်ချောက်ချား ဖြစ်ခြင်းနဲ့ သတိမေ့တတ်ခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ ကစဥ့်ကလျား ဖြစ်မှုတွေကိုဖြစ်ပေါ်စေ တတ်ပါတယ်။ နောက်ကျမှ အိပ်တတ်သူတွေဟာ အိပ်ဆေးတွေကိုမှီဝဲနေရပြီး ဒီဆေးဝါးတွေဟာ နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုကို ထပ်မံမြင့်တက်စေပါတယ်။ ရောဂါဖြစ်ပွားရခြင်း၏ အကြောင်းရင်း -------------------------------------- အိပ်ချိန် နောက်ကျခြင်းဟာ တချို့သော ကျန်းမာရေး ပြဿနာတွေကို ဖြစ်ပွားလွယ်စေပါတယ်။ ဆေးဘက်ဆိုင်ရာ လေ့လာမှု တစ်ခုအရ ကော်တီဆိုး လို့ ခေါ်တဲ့ ဟော်မုန်းတစ်မျိုးဟာ နောက်ကျစွာ အိပ်စက်တတ်သူတွေမှာ ပိုမို ထုတ်လွှတ်တတ်ကြောင်း သိရပါတယ်။ ဒီဟော်မုန်းဟာ သွေးဖိအားကို မြင့်တက်စေပြီး ခန္ဓာကိုယ်ထဲက ဆဲလ်တွေ ပြန့်ပွားမှုကို လျော့ကျစေပါတယ်။ ကင်ဆာ၊ ဆီးချိုနဲ့ သွေးတိုးရောဂါတွေ ကိုလည်း ပိုမိုဖြစ်ပွား စေပါတယ်။ မျက်ကွင်းညိုခြင်း ----------------- မျက်ကွင်းညိုခြင်းဟာလည်း စိတ်မချမ်းမြေ့ဖွယ်ရာ တစ်ခုပါပဲ။ ဒါဟာ အိပ်ချိန်လုံလောက်မှု မရှိခြင်းနဲ့ အိပ်စက်ချိန် ပုံမှန်မရှိခြင်း တို့ကြောင့်ပါပဲ။ ညဥ့်နက်တဲ့ တိုင်အောင် အလုပ်လုပ်ခြင်းနဲ့ နံနက်ပိုင်းမှာ အိပ်ရာထ နောက်ကျခြင်းတို့ကြောင့် ဒီလိုမျက်ကွင်း ညိုခြင်းတွေ ဖြစ်ပေါ်တတ်တာပါ။ ဝက်ခြံနဲ့တခြားသော အရေပြားဆိုင်ရာ ပြဿနာတွေဟာ အိပ်စက်ချိန်နဲ့ သက်ဆိုင်တဲ့ အားနည်းမှုတွေကြောင့် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ အဝလွန်ခြင်း ------------- ပုံမှန်အားဖြင့် အိပ်ရာဝင် နောက်ကျတဲ့ အလေ့အကျင့် ရှိသူတွေဟာ နံနက်စောစောတွင် စားသောက်လေ့ မရှိပါဘူး။ ဒါကြောင့် ဒီလိုလူတွေဟာ အလုပ်ချိန်မှာ အမြန်စာ Fast Food တွေကို အများအပြား စားမိလေ့ရှိပါတယ်။ သရေစာတွေကိုလည်း အများအပြား စားလေ့ရှိပါတယ်။ဒါဟာ ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်ကို အားနည်းစေပါတယ်။ ညဥ့်နက်တဲ့အထိ နေလေ့ ရှိသူတွေဟာလည်း ဆိုဒါ၊ အချိုရည်နဲ့ အခြားအဆီ ပါဝင်တဲ့ အစားအစာတွေကို စားသောက်လေ့ ရှိပါတယ်။ ဒါကြောင့် အဝလွန်တာဖြစ်ပါတယ်။ ခေါင်းကိုက်ခြင်းနဲ့ နောက်ကျော နာကျင်ခြင်း --------------------------------------------- အိပ်ချိန်နောက်ကျခြင်းဟာ ဦးနှောက်ကို ဆိုးရွားစွာ သက်ရောက်မှု ရှိပါတယ်။ ဦးနှောက်ရဲ့လုပ်ဆောင်မှုဟာ ခက်ခဲလာပြီး မကြာခဏ ခေါင်းကိုက်ခြင်းတွေ ကြုံရလေ့ရှိပါတယ်။ ဒါ့အပြင် နောက်ကျော ကိုက်ခဲခြင်းတွေကိုလည်း ကြုံတွေ့ရလေ့ ရှိပါတယ်။ နောက်ပြီး အဆက်မပြတ် ချောင်းဆိုးခြင်းနဲ့ အဖျားဝင်ခြင်းတို့ကိုလည်း ခံစားရနိုင်ပါတယ်။ ။ Good Health

ဈေးသက်သာတဲ့ Huawei MediaPad X1

တရုတ်ပြည် အခြေဆိုက် Huawei ကုမ္မဏီမှ ထုတ်လုပ်တဲ့ ၇ လက်မ အရွယ် ကျောက်သင်ပုန်း ကွန်ပြူတာ ဖြစ်ပြီး MediaPad X1 လို့ အမည်ရ ပါတယ်။ 1920 x 1200 pixel resolution ရှိပြီး 323 ppi အရည်အသွေး ရှိပါတယ်။ ဘက်ထရီက 5000 mAh တောင် ရှိပါတယ်။ Processor က 1.6GHz HiSilicon Kirin910 quad-core ကို အသုံးပြု ပါတယ်။ ကင်မရာ လည်း ကောင်း ပါတယ်။ 13 Megapixel အရည်အသွေး ရှိပြီး Soney Exmor R BSI sensor ကို အသုံးပြုထားပါ သေးတယ်။ f/2.2 aperture ရှိပါတယ်။ ရှေ့မှာလည်း 5 Megapixel ကင်မရာ ပါဝင် ပါတယ်။ micro SD ကဒ်နဲ့ 32 GB ထပ်တိုးလို့ ရပါတယ်။ သူ့ပြိုင်ဘက် အနေနဲ့ Nexus 7, iPad mini နဲ့ Samsung Galaxy Tab တို့ ရှိမှာ ဖြစ်ပါတယ်။ LTE ဗားရှင်း ထုတ်လုပ် ထားခြင်း တစ်လ အတွင်း ဖြန့် ချိ ရောင်းချ တော့မှာ ဖြစ်ကြောင်း သိရ ပါတယ်။

Monday, March 24, 2014

Myanmar Ebooks for android

Android OS သုံးသူပြီး စာဖတ်လေ့ရှိသူများအတွက် ပြည်တွင်းမှာ နာမည်ကြီးစာရေးဆရာကြီးများရဲ့ Ebooks များကို တစ်နေရာတည်းမှာ စုံစုံလင်လင်ဖော်ပြပေးနေတဲ့ Ebooks app လေးတစ်ခုဖြစ်ပါတယ်။ဒီဆော့ဝဲလ်လေးဖုန်းထဲထည့်ထားရုံနဲ့ နောက်ဆုံးထွက် myanmar ebooks များအပြင် မိမိဖတ်ချင်သောစာအုပ်များကိုပါ တောင်းဆိုနိုင်မှာဖြစ်ပါတယ်။စာအုပ်စာပေ ချစ်မြန်နိုးသူများအတွက် ဆောင်ထားသင့်တဲ့ဆော့ဝဲလ်လေးဖြစ်ပါတယ်။အောက်မှာရယူနိုင်ပါတယ်။ Download link to: http://www.mediafire.com/download/d7y701gf2m21l4j/myanmarebooks.net.apk

Saturday, March 22, 2014

Android ကိုဘယ်လို ဖွဲ့စည်းထားပါသလဲ?

ဒီမေးခွန်းဟာ သိပ်ကို မေးသင့်မေးအပ်တဲ့ မေးခွန်းတခုဖြစ်သလို သိထားသင့်တဲ့အချက်ထဲမှာလဲပါဝင်ပါတယ်။ ဘာလို့ လဲဆိုတော့ ကိုယ်က Android developer တစ်ယောက် ဖြစ်ဖို့  စိတ်ကူးရှိနေပြီဆိုရင်တော့ ကိုယ်စီးမယ့်မြင်းဟာ အထီးလား အမလားဆိုတာတော့ သိထားသင့်တယ် မဟုတ်လား။ Android Application ကိုရေးသားမယ့် developer တစ်ယောက်ဟာ ကိုယ်ရေးသားမယ့် Operating System ဟာ ဘယ်လို ဖွဲ့ စည်းတည်ဆောက်ထားသလဲ system ရဲ့ အခင်းအကျင်း တွေကို ကောင်းစွာ နားလည် သဘောပေါက် ထားမှသာလျှင် ကိုယ်ရေးသားမည့် application တွေဟာ ၄င်း OS ပေါ်မှာ ကောင်းစွာ အလုပ်လုပ်မှာပါ။ Android developer တစ်ယောက်အတွက် တကယ့်ကို အရေးပါဆုံး အချက်ကတော့ API (Application Programming Interface) Level ဖြစ်ပါတယ်။ ဘာလို့ လဲဆိုတော့ ကိုယ့် application ဟာ ဘယ် ကိရိယာတွေ (devices) ဘယ် OS version မှာ အလုပ် လုပ်မည် မလုပ်မည် ဆိုတဲ့ ကိစ္စကို သတ်မှတ် နိုင်စွမ်းရှိတဲ့ အဆင့်ဖြစ်လို့ ပါပဲ။ ဥပမာ တချို့ Application တွေဟာ graphic ဘယ်လောက်ရှိမှ CPU ကဘယ်လောက်ဖြစ်မှ OS version က ဘယ်လောက်မှသုံးလို့ ရမယ် မရဘူး စတာတွေကို ဒီအဆင့်မှာ သတ်မှတ်တာ ဖြစ်တဲ့အတွက်ကြောင့်ပါ။ Android ဟာ Linux Kernel ကို အခြေခံရေးသားထားတဲ့ OS (Operating System) တခုဖြစ်တယ်ဆိုတာ ပြီးတော့ Open Source ဖြစ်တယ်ဆိုတာကို ပြီးခဲ့တဲ့ အပိုင်းမှာ တင်ပြခဲ့ပါတယ်။ ဒါဆို ဘာအကြောင်း တွေကြောင့်များ Android က Linux အပေါ် အခြေခံရသလဲဆိုတဲ့ မေးခွန်း တခု ထွက်လာပါတယ်။ Linux ဟာလဲ Free and Open Source ဖြစ်ပါတယ်။ ပြီးတော့ Linux က ပေါ့ပါးတယ်။ လုံခြုံမှုရှိတယ်။ Features တွေစုံလင်မှုရှိတယ်။ Linux ဟာ ကွန်ပျုတာ hardware တော်တော်များများမှာ ( mobile ဖုန်းတွေ၊ tablet computers တွေ network routers, televisions , vedio game consoles, desktop computer, mainframes နဲ့ super computer တွေအထိ) အလွယ်တကူ ပေါင်းစပ် အလုပ် လုပ်နိုင်စွမ်း ရှိပါတယ်။ ဒီလို hardware အတော်များများမှာ အလွယ်တကူ ပေါင်းစပ် အလုပ် လုပ်နိုင်စွမ်းရှိတဲ့ OS တခုကို Android က အခြေခံပြီး ရယူသုံးစွဲလိုက်ခြင်းဟာ hardware များကို အတိုင်းအတာ တခုအထိချုံ့ နိုင်ခဲ့သလို hardware နှင့် ၄င်းရဲ့ features အတော် များများကိုလည်း ထည့်သွင်းစဉ်းစားဖို့ မလိုအပ်တော့ပါဘူး။ အားလုံး သိပြီးတဲ့အတိုင်း Linux ရဲ့ Low Level အပိုင်း အတော်အများများကို ပေါ့ပါးတဲ့ C programming language code တွေနဲ့ ရေးသားထားတဲ့အတွက် Android ရဲ့ hardware device တွေနဲ့ android application တို့ ဟာ လွယ်ကူ အဆင်ပြေစွာ ပေါင်းစပ် အလုပ်လုပ်နိုင် နေတော့တာပါပဲဖြစ်ပါတယ်။ ဒါကြောင့် Android ဟာလဲ ပေါ့ပါးသွက်လပ်တဲ့ mobile OS တခုအဖြစ် ရပ်တည်လာနိုင်တော့တာပါပဲဖြစ်ပါတယ်။ နောက်ပြီး Linux ဟာ လုံခြုံရေးကောင်းမွန်တဲ့ Operating System ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ သူ ဖြတ်သန်း လာခဲ့တဲ့ သမိုင်းကာလ တွေကိုကြည့်ရင် သူယခု ရပ်တည်နေတဲ့ အခြေအနေတွေကိုကြည့်ရင် ဘယ်လောက်ထိ လုံခြုံမှု ပေးနိုင်သလဲဆိုတာ သိနိုင်ပါတယ်။ ပြီးတာ့ application တစ်ခုကိုတစ်ခု တည်မှီပြီး အလုပ် လုပ်ခြင်း မရှိတာကြောင့် application တစ်ခုကနေ application တစ်ခုသို့ ထိုးဖောက်ပြီးတော့ တိုက်ခိုက်လာနိုင်သော လုံခြုံရေးဆိုင်ရာ ပြဿနာများလည်း အတော့ကို ကင်းရှင်းသွားပါတယ်။ Adroid ဟာ ဘာကြောင့် ဒီလို လုံခြုံရေးဆိုင်ရာ အားသာချက် မျာစွာရှိနေတဲ့ Linux Kernel ကိုအခြေခံရယူသုံးစွဲ ရသလဲဆိုတာ မေးခွန်းတောင် မေးနေစရာမလိုအောင်ပါပဲ။ ၂၀၁၀ စက်တင်ဘာလောက်မှာ Linux Kernel developer တဦးဖြစ်တဲ့ Rafael J.Wysocki က mainline Linux wakeup events Framework အတွက် patch တခုကို ထည့်သွင်းခဲ့ပါတယ်။ Android devices များရဲ့ drivers တွေအတွက်တော့ သိပ်ကောင်းတဲ့ patch တခုပဲလေ။ ၂၀၁၁ ဒီဇင်ဘာလ လောက်မှာတော့ Android ရဲ့ MainLining Project ကိုစတင်ခဲ့ပြီး ၄င်းတို့ ရဲ့  ရည်ရွယ်ချက်ကတော့ Adriod ရဲ့ drivers များ Patch များ နဲ့ Features များကို Linux Kernel ထဲကို Linux version 3.3 မှစပြီး ထည့်သွင်းဖို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ Android မှာ Linux ကဲ့သို့ ပင် Mobile devices (ရွေ့လားနိုင်သော ကြိုးမဲ့ကိရိယာများ) များအတွက် မှတ်ဥာဏ် ပိုင်းဆိုင်ရာ ထိန်းချုပ်စီမံနိုင်ခြင်း (Memory Management) : မလိုအပ်သောအချိန်တွင် မလိုအပ်သော လုပ်ငန်းဆောင်တာများအားရှင်းလင်းခြင်း၊ အမြဲတမ်းသုံးလေ့ရှိသော applicaiton များလုပ်ငန်းဆောင်တာများကို မှတ်သားထားပြီး ရှာဖွေလုပ်ဆောင်တဲ့အခါမှာ လျှင်မြန်စွာ ဦးစားပေးဖော်ပြပေးနိုင်ခြင်း စတဲ့လုပ်ငန်းဆောင်တာတွေဟာ မှတ်ဥာဏ်ပိုင်းဆုင်ရာ ထိန်းချုပ်စီမံနိုင်ခြင်းပါပဲ။ ဘထ္ထရီမှ စွမ်းအင်ရယူသုံးစွဲမှုကို ထိန်းချုပ်စီမံနိုင်ခြင်း (Power Management) : မလိုအပ်တဲ့လုပ်ငန်းဆောင်တာများအား memory မှာ ဖယ်ရှားခြင်းဟာလဲ memory သုံးစွဲမှု နည်းသွားတဲ့အတွက် စွမ်းအင်ပိုမို သုံးစွဲလာနိုင်ခြင်း screen resolution ကိုထိန်းချုပ်စီမံနိုင်ခြင်းကြောင့် စွမ်းအင်သုံးစွဲနိုင်ချိန် ပိုမိုကောင်းမွန်လာခြင်း စသည့် ဘထ္ထရီမှ စွမ်းအင်သုံးစွဲမှု ကြာချိန်ကိုမြင့်တင်နိုင်ဖို့ ရေးဆွဲးထားသည့် Management tool တခုပါပဲ။ ကွန်ယက်ချိတ်ဆက်သုံးစွဲနိုင်တဲ့ networking စတဲ့စွမ်းအင်မြင့် Features များလဲပါဝင်ပါတယ်။ Android ဟာ GSM/EDGE, CDMA, IDEN, EV-DO, UMTS, Bluetooth, Wifi, LTE နှင့် Wimax အစရှိတဲ့ ကွန်ယက်ချိတ်ဆက်မှု နည်းပညာများကို အထောက်အပံ့ပေးပါတယ်။ အခြား စွမ်းအင်မြင့် Features တွေဖြစ်တဲ့ Handset Layouts ( graphic ရုပ်ပိုင်းဆိုင်များအဆင်ပြေစေရန်)၊ Storage (data တွေသုံးဖို့ အတွက် ပေါ့ပါးတဲ့ Relational database အမျိုးစား ဖြစ်တဲ့ SQLite များသုံးစွဲထားခြင်း)။ Multiple Language Support, Web Browser, JavaSupport , Multitasking,Multi touch, Screen capture ,Additional Hardware support, Media/Streaming Media support, Video calling စတဲ့ Features များကိုရရှိနိုင်ပါတယ်။ တကယ်တော့ Android OS ကို အလွှာ အထပ်ထပ်နဲ့ ပေါင်းစပ်ဖွဲ့ စည်းထားတာဖြစ်ပါတယ်။ ပြီးတော့ ၄င်းအလွှာ တခု နှင့် တခုဟာလည်း သည်းခြားစွာ ကွဲပြား ရပ်တည်နေခြင်းမျိုး မဟုတ်ဘဲ တခု နှင့် တခုပေါင်းစပ် အလုပ် လုပ်ကြတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ ဒီအောက်က ပုံလေးကတော့ Android Operating System ကို ဘယ်လိုအလွှာ အဆင့်ဆင့်နဲ့  ဖွဲ့ စည်းထားသလဲ ဆိုတာကိုပြသတဲ့ပုံ ( Android Stack) ပါပဲ။ Android ဟာ ၄င်းရဲ့  တကယ့် core system services တွေဖြစ်တဲ့ လုံခြုံမှု (security)၊ မှတ်ဥာဏ်ပိုင်းဆိုင်ရာ ထိမ်းချုပ် စီမံခန့် ခွဲမှု (Memory management)၊ စွမ်းအင်သုံးစွဲမှုဆိုင်ရာ စီမံခန့် ခွဲမှု (Power Management)၊ လုပ်ငန်းဆောင်တာ စီမံခန့် ခွဲမှု (process management)၊ ကွန်ယက်ချိတ်ဆက်မှုဆုdင်ရာ (nework stack)၊ hardware များ နိုးကြွားလုပ်ဆောင်နိုင်စေမယ့် (driver model) စသည်တို့ အတွက် Linux Kernel 2.6 ကိုစတင်ပြီး ရယူသုံးစွဲခဲ့ပါတယ်။ Apache 2.0 license အောက်မှာ ဖြစ်ပါတယ်။ အထက်မှာဖော်ပြခဲ့သလိုပဲ linux ရဲ့ low level အပိုင်းအတော်များများဟာ C code တွေဖြစ်တာကြောင့် hardware များကို ကောင်းစွားသိရှိပြီး လွယ်ကူပေါ့ပါးစွာ ပေါင်းစပ်အလုပ်လုပ်နိုင်ပါတယ်။ Android အတွက် applications များ၊ လိုအပ်တဲ့ services များ ဖန်တီးရေးသား တဲ့အခါမှာ ၄င်း apps များနှင့် services များဟာ Andorid OS ရဲ့ Application Layer မှာ အလုပ် လုပ်ပါတယ်။ Android သာမန်အသုံးပြုသူ(end user)ဟာ ဒီ Application Layer ပေါ်မှ apps များ၊ services များကိုသာ အသုံးပြုမှာပါ။ အောက်က layers တွေကို သူတို့ သတိထားမိမှာမဟုတ်ပါဘူး။ ဥပမာ ကျနော်တို့  Contact Book application တခုရေးသားတယ်ဆိုပါတော့ဗျာ။ အသုံးပြုသူက contact အသစ်ဖန်တီးခြင်း၊ ဖျက်ခြင်း၊ ပြင်ဆင်ခြင်း၊ ရှာဖွေခြင်းစတာတွေပဲ သူတို့ အသုံးပြုမှာပါ။ ဒီနေရာမှာ သိရမှာက Andorid Application layers ပေါ်က apps & services များဟာ အောက်က layers တွေနဲ့ ဆက်နွယ် အလုပ်လုပ်ဆောင်တယ်ဆိုတာကို သိထားရမှာပါ။ အထက်ဖော်ပြပါ contact app ရေးသားတဲ့အခါ ဒေတာတွေသိမ်းဖို့ အတွက် SQLite လို libraries တွေ စတဲ့ libraries တွေအသုံးပြုရမှာပါ။ ဆိုလိုချင်တာက applcation layer မှာရေးသားမယ် applications တွေဟာ Native Libraries တွေကို အသုံးပြုရေးသားတယ်။ ၄င်းတို့ လိုအပ်တဲ့ layers တွေနဲ့ ချိတ်ဆက်အလုပ်လုပ်တယ်ဆိုတာကိုသိစေချင်တာပါ။ ၄င်း Native Libraries တွေဟာ C/C++ လို programming နဲ့ ရေးသားထားပြီး open source ဖြစ်တဲ့အတွက် မည်သူမဆို သိရှိနိုင်လေ့လာနိုင်တဲ့အပြင် ရယူသုံးစွဲပြင်ဆင်နိုင်ခွင့်ရှိပါတယ်။ ဒီအကြောင်းတွေကို အရင်အပိုင်းမှာပြောကြားခဲ့ပြီးဖြစ်ပါတယ်။ SQLite :application အားလုံးအတွက် ပေါ့ပါးပြီး စွမ်းအင်မြင့်မားတဲ့ Relational Database Engine ရရှိနိုင်ပါတယ်။ Features တော်တော်များများ စုံလင်စွာ ပါရှိတဲ့ SQL Database အမျိုးအစားပါ။ Surface Manager WebKit- modern web browser engine တမျိုးပါ။ Safari ၊ Chrome နှင့် အခြား browser များတွင်သုံးထားသော web rendering engine မျိုးဖြစ်ပါတယ်။ Open GL -3D graphic libraries များပါ။ Open GL ES 1.0 APIs ကိုအခြေခံထားတာပါ။ FreeType-bitmap and vector font rendering Surface Manager- Application ပေါင်းစုံက ၂ ဖက်မြင် ၃ ဖက်မြင် အလွှာများအဆင်ပြေပြေ ပေါင်းစပ် အလုပ်လုပ်နိုင်ဖို့ ၊ သက်ဆိုင်ရာ subsystem တွေအထိ display access ကို စီမံခန့် ခွဲနိုင်တဲ့ libraries ဖြစ်သည်။ Media libraries များမှာလဲ လူသုံးများတဲ့ ရုပ်ပုံ၊ အသံ၊ ရုပ်ရှင် ဖိုင်တွေရဲ့ format တွေဖြစ်တဲ့ ( MPEG4, 3GP, MP3, JPG, PNG စတဲ့ ဖိုင်အမျိုးစားများ ထောင့်ပံ့တဲ့ libraries များဖြစ်သည်။ SSL -Secure Socket Layer လုံခြုံမှုဆိုင်ရာ libraries များ ဖြစ်သည်။ Libc - ဆိုတာကတော့ System C libraries များဖြစ်ပါတယ်။ အထက်ဖော်ပြပါ libraries များကို နဂိုအရှိတိုင်း တိုက်ရိုက်အသုံးချနိုင်ပါတယ်။ ဒါပေမယ့်တချို့  mobile ကိ၇ိယာ ထုတ်လုပ်သူများက မိမိတို့ ထုတ်လုပ်မယ့် hardware များနှင့်ကိုက်ညီစေရန် စံထား C Library များကို ပြန်လည်ရေးသားပြီး အသုံးပြုသော မူကွဲ တစ်မျိုး အဖြစ် Bionic ကို ထည့်သွင်း သုံးစွဲပါတယ်။ Bionic ကို သုံးစွဲရတာ အကြောင်း ၂ ရပ်ကြောင့်ပါ။ နည်းပညာအပို်င်းအရ moblie devices များကို သယ်ယူရအဆင်ပြေစေရန် သေးငယ်အောင် ထုတ်လုပ်ရပါတယ်။ mobile devices များဟာလည်း battery မှစွမ်းအင်ကို ရယူသုံးစွဲနေရတဲ့အချိန် battery များရဲ့ စွမ်းအင်သိုလောင်နိုင်မှု ကိုလည်း ချက်ခြင်းကြီး တိုးတက်အောင်မလုပ်နိုင်သေးတဲ့အချိန်မျိုးမှာ အတက်နိုင်ဆုံး အဆင်ပြေစေရန် ၄င်းတို့ အတွက် ရည်ရွယ်ပြီး Bionic ကိုထည့်သွင်းထားပါတယ်။ ခွင့်ပြုမှု - ၄င်းကို ပြုပြင်ယူကာသုံးလိုသူများအတွက် အဆင်ပြေသော license မျိုးရှိခြင်း တို့ ကြောင့် Bionic ကိုထည့်ထသွင်းထားပါတယ်။ Android Run time ကိုတော့ JVM နဲ့  အနည်းငယ် နှိုင်းယှဉ်တင်ပြလိုတာကြောင့် နောက်တပိုင်းမှ ရေးသားပါတော့မယ်။ အားလုံးကိုကျေးဇူးတင်ပါတယ် ရဲထက် (www.wavemobilespecialservices.blogspot.com) Credit - Ye` Paing Phyo

Facebook 9.0.0.0.8

facebook 9.0.0.0.8 လေးအသစ်ထွက်လို့တင်ပေးလိုက်ပါတယ်။ Download link to: http://www.mediafire.com/download/2s6p7227fhc046v/Facebook_v_9.0.0.0.8.apk

Home » Android မြန်မာစာကီးဘုတ် » Android ဖုန်းမှာ စာလုံးဒီဇိုင်း လှလှလေးတွေ ပြောင်းသုံးချင်ရင် ဒီဟာလေးထည့်လိုက်ပါ Android ဖုန်းမှာ စာလုံးဒီဇိုင်း လှလှလေးတွေ ပြောင်းသုံးချင်ရင် ဒီဟာလေးထည့်လိုက်ပါ

ကိုမျိုးမင်းလတ် ရဲ့ Zawgyi-One FlipFont အသစ်ပါ Root လုပ်စရာမလိုပါ အလွယ်ပြောင်းသုံးနိုင်ပါတယ် အသုံးလိုသူ မသုံးဖြစ်သေးသူ အောက်ကလင့်မှာယူပီါDownload Link to: http://www13.zippyshare.com/v/66326536/file.html

Thursday, March 20, 2014

ကိုယ်ပိုင် Blog ရှိသူများအတွက်

ကိုယ်ပိုင်ရှိသူများအတွက် မိမိ ရဲ့ site အတွက် Android Feed reader လေး သီးသန့်လုပ်ချင်တယ်ဆိုတဲ့သူတွေအတွက် www.appyet.com ပါ။ အကယ်၍ မိမိ Site မှာ RSS Feed ကို support လုပ်တယ်ဆိုရင်တော့ www.appyet.com မှာ မိမိဆိုဒ်အတွက် Feed Reader APP လေး Free လုပ်လို့ရပါတယ်။ သူ့ရဲ့ ဒီဇိုင်းကတော့ ကျွန်တော်တို့ ကြည့်နေကြတဲ့ သတင်းဆိုဒ် APP တွေအတိုင်းပါပဲ။ Offline အနေနဲ့ Sync လုပ်ထားလို့ရပါတယ်။ ကိုယ်တိုင်တောင် Website , blog ရေးနိုင်ပြီဆိုမှတော့ ယခု APP လုပ်ပုံလုပ်နည်းလည်း ပြောစရာမလိုတော့ဘူးလို့ ထင်ပါတယ်ဗျာ လွယ်လွယ်လေးပါ။ သတင်းဆိုဒ်တွေအတွက် လုပ်ချင်တယ်ဆို၇င်လည်း ထိုသတင်းဆိုဒ်မှ ပေးထားသော Feed link ကို ထည့်ပေးလိုက်ရုံနဲ့ မိမိဖုန်းထဲမှာ သတင်းတွေကို အလွယ်တစ်ကူ ဖတ်နိုင်ပြီပေါ့ဗျာ။...

Sunday, March 16, 2014

Talking tom

အသစ်ထွက် Talking tom ဖြစ်သည်... ယခုဂိမ်းတွင် tom လေးကို တကယ့်ကြောင်တစ်ကောင်မွေးသလို အစာကျွေး၊ ရေတိုက်၊ ဆော့ကစားခြင်းဖြင့် အရွယ်ရောက်လာသည် အထိပြုစုပျိုးထောင်ပေးရမည်ဖြစ်သည်.... - See more at: http://koye9992.blogspot.com/2013/11/talking-tom.html#sthash.1Yuhwgfi.dpuf Download link to:http://www56.zippyshare.com/v/13113135/file.html

အပှုဒဏ်ကို တွန်းလှန်နိုင်သော အစားအစာများ

အပှုဒဏ်ကို တွန်းလှန်နိုင်သော အစားအစာများ ========================= နွေရာသီမှာ ပူအိုက်ပြီး ရေဓာတ်ခမ်း ခြောက်မှုကို သက်သာစေကာ ဝမ်းဗိုက် ချပ်ရပ်တဲ့ အလှတရား ကိုပါ ရရှိစေမယ့် သရေစာ တွေကို ရေးသား လိုက်ရပါတယ်။ (၁) ဖရဲသီး ဖရဲသီးမှာ ရေဓာတ် ၉၂ ရာခိုင်နှုန်း ပါဝင်တဲ့ ဖရဲသီးဟာ နွေရာသီ ရေဓာတ် ခမ်းခြောက် မှုမဖြစ်အောင် ကာကွယ် ပေးသလို ကိုယ် စေတာကြောင့် ဝမ်းဗိုက် ချပ်ရပ်စေပါ တယ်။ ဒါ့အပြင် ဗီတာမင်စီ အများအပြား ပါဝင်ပြီး ကယ်လိုရီ ပါဝင်မှု လျော့နည်း တာကြောင့် ကိုယ်အလေးချိန် ထိန်းလိုသူ တို့အတွက် အကောင်းဆုံး သရေစာပါ။ (၂) ဒိန်ချဉ် ဒိန်ချဉ် တစ်ခွက်မှာ ပရိုတင်းဓာတ် ၂၀ ဂရမ် ပါဝင်တာကြောင့် ကယ်လိုရီ အပိုမရရှိ စေဘဲ ချက်ချင်း ဗိုက်ပြည့်စေပါ တယ်။ ဒိန်ချဉ်မှာ ပိုတက်စီယမ်လည်း ပါ ဝင်တာကြောင့် ကိုယ်တွင်း ဆိုဒီယမ် အပို တွေကို တွန်းထုတ် နိုင်သလို အကျိုးပြုဘက် တီးရီးယား ပါဝင်မှုကြောင့် လေပွတာနဲ့ လေ ထတာကို လျော့ကျ စေပါတယ်။ (၃) သခွားသီး သခွားသီးမှာ ရေဓာတ် ၉၆ ရာခိုင် နှုန်း ပါဝင်မှုကြောင့် ပူပြင်းတဲ့ အချိန်မှာ အေးမြ လန်းဆန်း သွားစေတဲ့ အစွမ်းရှိပါ တယ်။ ဒါ့အပြင် သခွားသီးမှာ ကယ်လိုရီ ပါဝင်မှု နည်းပါးတဲ့ အတွက် ဝမ်းဗိုက်ချပ် ရပ်လိုသူတွေ စားသင့်တဲ့ သရေစာပါ။ ကြယ်စင် - See more at: http://koye9992.blogspot.com/2014/03/blog-post_9700.html#sthash.43Fhxa32.dpuf

iPhone 6 နဲ့ iWatch မှာ အဖိုးတန်ကျောက် မျက်နှာပြင် သုံးမည်

Sapphire Crystal လို့ခေါ်တဲ့ အဖိုးတန် ကျောက်မျက်ရတနာ ကို အသုံးပြုပြီးတော့ iPhone 6 နဲ့ iWatch တို့ရဲ့ မျက်နှာပြင် ကို ပြုလုပ် မှာ ဖြစ်ကြောင်း သိရ ပါတယ်။ Apple က တရားဝင်ပြောဆိုတာ မဟုတ်သေးပေမယ့် အိုင်တီ မီဒီယာ အများစု က ဖော်ပြ လာတဲ့ သတင်း တစ်ရပ် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ် ကတည်းက Apple တို့က Sapphire Crystal ကို အသုံးပြုလို့ ဖန်သား မျက်နှာပြင် ဖန်တီးဖို့ စိတ်ကူး ရှိခဲ့ကြောင်း ဆိုပါတယ်။ iPhone6 ရဲ့ မျက်နှာပြင် အရွယ်အစားက ၅ လက်မ ရှိကြောင်း ဆိုပါတယ်။ ၄.၅ လက်မ အရွယ် မဟုတ်တော့ ပါဘူး။ iWatch လို့အမည်ပေးထားတဲ့ စမတ်နာရီလည်း ထွက်ရှိမှာ ဖြစ်ပါတယ်။ အရင်တုန်းက ဆိုရင် iPhone တစ်လုံးနဲ့တစ်လုံး မိတ်ဆက်တာ၊ ရောင်းချ တာ တစ်နှစ်ခြားပါတယ်။ ဒီနှစ်တော့ စောစောစီးစီး ထွက်ရှိမှာ ဖြစ်ပါတယ်။ Appple 6 ကို ပုံမှန် ထုတ်နေကျ ၄.၅ လက်မ နဲ့ ၅ လက်မ အမျိုးအစား ဆိုပြီးတော့ ခွဲခြား ထွက်ရှိမယ်လို့ကော ပြောဆိုနေကြကြောင်း သိရ ပါတယ်။ Credit to: Aung Kham ( www.smart.com.mm ) Posted by Sai Mg Mg at 11:35 PM

အပါးလွှားဆုံး ဖုန်း တစ်လုံးဖြစ်စေမဲ့ Gionee Elife S5.5

Hauwei နဲ့ Oppos တို့လို့ China ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Gionee ဟာ ကမ္ဘာ့ အပါးလွှားဆုံးဖြစ်တဲ့ Elife S5.5 ကို ထုတ်ဖို့ ကြိုးစားနေခဲ့ပါတယ်။ အထူ 5.5mm နဲ့ ဖြစ်မဲ့ Elife S5.5 ဟာ i Phone 5s(7.6mm), ViVo X3 (5.75mm ) တို့ကိုကျော်လွန်လို့ အပါးလွှားဆုံး ဖုန်းတစ်ခု အဖြစ် တည်ရှိဖို့ ရှိပါတယ်။ ဖုန်းတစ်လုံးမှာ အရေးကြီးဆုံးအရာ တစ်ခု ဖြစ်တဲ့ ဘတ္တရီအားဖြည့်မူအပိုင်းမှာလည်း တစ်နေ့လုံးသုံးနိင်စေမဲ့ 2300mAh ဘတ္တရီကို အသုံးပြုလို့ထားမှာ ဖြစ်ပါတယ်။ အသေးစိတ်အတွင်းအချက်အလက်အနေနဲ့ မသိရှိရသေးပေမဲ့ 1.7GHz quad-core CPU, 2GB of RAM , ကင်မရာအားဖြင့် အနောက် 13-megapixel၊ အရှေ့ 5-megapixel တို့ကို တပ်ဆင်သွားမှာပါ။ LTE ဗားရှင်းကို ဇွန်လထဲတွင်ရရှိမှာ ဖြစ်ပြီး 3G model ကိုတော့ China မှာ ကြိုတင်အော်ဒါမှာယူနိင်နေပါပြီ။ နိင်ငံပေါင်း ၄၀မှာ ဖြန့်ဖြူးသွားမှာ ဖြစ်ပြီး သုံးစွဲသူများအနေနဲ့ အနည်းငယ်စောင့်ဆိုင်းရဖို့တော့ ရှိနေပါတယ်။ Credit to: Aung Heine ( www.smart.com.mm )

Friday, March 14, 2014

လက်ဖက်ရည် ကြမ်းနဲ့ ကော်ဖီ သောက်သုံးမှုက လေသင်တုန်း ဖြတ်မှုကို လျှော့ပါး စေနိုင်

လက်ဖက် ရည်ကြမ်းနဲ့ ကော်ဖီသောက် သုံးခြင်း တို့ဟာ လေသင် တုန်းဖြတ်မယ့် အန္တရာယ်ကို လျှော့ချပေးနိုင်ပြီး အထူးသဖြင့်၎င်းတို့ကို ပုံမှန်သောက် သုံးပါက ပိုမို ထိရောက်မှု ရှိကြောင်း မတ်လ (၁၄) ရက် ကြာသ ပတေးနေ့က ထုတ်ဝေတဲ့ အမေရိကန် နှလုံးရောဂါ အသင်းရဲ့ စထရိုးခ် (Stroke) ဂျာနယ်မှာ ဖော်ပြ ထားကြောင်း ဆင်ဟွာ သတင်းက ဆိုပါတယ်။ အဆိုပါ တွေ့ရှိချက်ဟာ လက်ဖက်ရည်ကြမ်းနဲ့ ကော်ဖီတို့က လေသင်တုန်းဖြတ်မှု အပေါ် လျှော့ချပေးနိုင်တဲ့ ပေါင်းစပ် အကျိုးသက်ရောက်မှုကို ပထမဆုံးအကြိမ် ကျယ်ကျယ်ပြန့်ပြန့် သုတေ သနပြုခဲ့ရာမှ တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း ဂျပန် အမျိုးသားဆိုင်ရာ ဦးနှောက်နဲ့ နှလုံးသားစင်တာမှ သုတေသနခေါင်းဆောင် “ရိုရှီဟီရိုကိုကူဘို” က ပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။ သုတေသီများက အရွယ်ရောက်ပြီးဖြစ်တဲ့ ဂျပန်လူမျိုးပေါင်း (၈၃၂၆၉) ယောက်ရဲ့ လက်ဖက်ရည်ကြမ်း နဲ့ ကော်ဖီသောက်သုံးတဲ့ သူတို့ရဲ့ အလေ့အထကို နှစ်ပေါင်း (၁၃) နှစ်ကြာ လေ့လာခဲ့ရာမှ သိရှိရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ရတနာပုံ

ဆီးချိုအတွက် ဆေးစွမ်းတခွက်

ရောဂါအမျိုးမျိုး ဖြစ်ပွားကြရာတွင် ဆီးချိုရောဂါသည် အခြားရောဂါများထက် အစားအသောက် အနေအထိုင် ဆင်ခြင်ကြရပါသည်။ အစားအသောက်များ မဆင်ခြင်ပါက ဆီးချိုရောဂါမှတစ်ဆင့် ဆုံးရှုံးရမှုများ ရှိကြပါသည်။ ကျွန်မသည် မြန်မာဆေးနည်းများအား အလေးထား အားထားသူ ဖြစ်ပါသည်။ မြန်မာဆေးနည်းတိုများမှာ အဓိက ငွေကုန်သက်သာပြီး ထိရောက်စွာ ပျောက်ကင်းကြပါသည်။ ဆီးချိုရောဂါနှင့်ပတ်သက်၍ ကျွန်မတို့အိမ်သို့ မိတ်ဆွေတစ်ဦး လာရောက်ပြီး မြန်မာဆေးများအကြောင်း စကားလက်ဆုံ ပြောကြရာမှ ဆီးချိုရောဂါအတွက် ဆေးတစ်နည်းအား သိခဲ့ရပါသည်။ ကျွန်မ၏ အသိမိတ်ဆွေ ဖြစ်သူ မချိုမှ အောက်ပါအတိုင်း အဆင့်ဆင့် ပြောပြပါသည်။ ဆေးဖော်နည်းမှာ ခက်ခဲမှုမရှိဘဲ အလွန်လွယ်ကူပြီး ငွေကုန်သက်သာသော ဆေးနည်းတစ်လက် ဖြစ်ပါသည်။ မိမိနေအိမ် ပတ်ဝန်းကျင်တွင် အမြဲတမ်းရှာဖွေ ပြုလုပ်နိုင်ပါသည်။ ပထမအနေဖြင့်--- သင်္ဘောသီးအစိမ်း အနေတော်တစ်လုံးအား ရေစင်ကြယ်စွာ ဆေးကြောပြီး သင်္ဘောသီး၏ အညှာမှ ဓားဖြင့်လှီးဖြတ်၍ သင်္ဘောသီးအစေ့များအား သင့်တော်ရာ ဇွန်းဖြင့် ခြစ်ထုတ်ပါ။ ဒုတိယအနေဖြင့်--- ယင်းသေင်္ဘာသီး၏ ဝမ်းတွင်းထဲသို့ လက်ဖက်ခြောက်ကောင်းကောင်း သင့်တော်ရုံထည့်၍ ရေနွေးဆူဆူအား လောင်းထည့်ပါ။ ထို့နောက် သင်္ဘောသီး၏အဝကို ယခင်က လှီးဖြတ်ထားသော သင်္ဘောအညှာဖြင့် ပြန်ပိတ်ပြီး (၅)မိနစ်ခန့်ထားပြီး သင်္ဘောသီးအား ကရွတ်ခွေဖြင့် ထားပါ။ တတိယအနေဖြင့်--- ယင်းသင်္ဘောသီးထဲမှ ရေနွေးအဖန်အား တစ်နေ့လျှင် ၃-ကြိမ်ခန့် များများ သောက်ပေးပါ။ နေ့စဉ် ၁-လခန့် သောက်ပေးပါက ဆီးချိုရောဂါ သက်သာသွားပါသည်။ ၃-လခန့် နေ့စဉ် သောက်သုံးပေးပါက ဆီးချိုရောဂါ သက်သာပျောက်ကင်းသွားမည်ဟု ပြောပြပါသည်။ ဆီးချိုရောဂါဖြစ်နေသော လူနာရှင်များအား ငွေကုန်သက်သာပြီး ရှာဖွေရလွယ်ကူသော ဤဆေးနည်းအား စိတ်ရင်းစေတနာမှန်ဖြင့် အများပြည်သူများအား တင်ပြအပ်ပါသည်။ စေတနာ မေတ္တာများဖြင့် လှိုင် (အညာမြေ) http://www.mawluu.com/search/label/

ကျောက်ကပ်သန်မာ လူကျန်းမာ

ဆောင်းရာသီဝင်လာပြီဆိုမှဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ ရှိတဲ့ ဒေသအလိုက် ချမ်းအေးမှုဒဏ် ကို အနည်းနဲ့အများ ခံစားကြရမှာ မလွဲမသွေ ဖြစ်ပါတယ်။ အေးချမ်းတဲ့ ရာသီဒဏ်နဲ့ အတူ သက်ရှိတွေရဲ့ ဇီဝဖြစ်စဉ်တွေ ၊ ပြောင်းလဲမှုတွေ ဟာလည်း နှေးကွေးလာတတ်တာ ဓမ္မတာသာဖြစ်ပါတယ်။ အထူး သဖြင့် သက်ရှိလူသားတွေအတွက် အသက်ကြီး ရွယ်အိုတွေနဲ့ အားအင်ချည့်နဲ့ သူတွေက ပိုပြီး အအေး ဒဏ်ကို ခံစားရလေ့ ရှိကြပါတယ်။ တရုတ်ရိုးရာ တိုင်းရင်းဆေးပညာ အလိုအရ ယင်နဲ့ ယန် ဆိုတဲ့ အပူအအေးဓာတ်တွေအနက် ယန်ဓာတ် ဟာ သဘာဝနည်းအရ ကုန်ခမ်းတတ်တာဟာ ဆောင်းရာသီမှာဖြစ်တယ်လို့ ယူဆ ကြပါတယ်။ ရှေးဟောင်း တရုတ်ရိုးရာ ဆေးပညာလက်စွဲကျမ်းတွေမှာလည်း အေးတဲ့ရာသီမှာ ယန်ဓာတ် လျော့နည်း သွားတတ်ကြောင်း ဖော်ပြထားခဲ့ပါတယ်။ ယန်ဓာတ်ဟာ သူရိယနေမင်းကြီးလို ကမ္ဘာကို အပူနဲ့ အလင်းရောင် ပေးစွမ်းနိုင်တဲ့ ခန္ဓာကိုယ်တွင်း က ဓာတ်တစ်ခုဖြစ်ပါတယ်။ နေမင်းကြီးမရှိရင် သဘာဝအလင်းရောင် မရှိသလို၊ သဘာဝ အပူဓာတ် မရ နိုင်တဲ့အတွက် ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိတွေ အာလုံးအသက်ရှင်နေနိုင်တော့မှာ မဟုတ်ပါဘူး။ ဒီလိုပဲ ယန်ဓာတ် မရှိရင်လဲ လူသားတစ်ဦးဟာ အသက်ရှင်ဖို့ ခဲယဉ်းပါတယ်တဲ့။ တရုတ်ရိုးရာဆေးပညာအလိုမှာ ယန်ဓာတ်ဟာ ခန္ဓာကိုယ်အတွင်း အင်္ဂါအစိတ်အပိုင်း တစ်ခုဖြစ် တဲ့ ကျောက်ကပ်က ထုတ်ပေးတာလို့ ဆိုပါတယ်။ ကျောက်ကပ်ဟာ အပူဓာတ် ပေးစွမ်းနိုင်တဲ့ မွေးရာပါ အင်္ဂါအစိတ်အပိုင်း တစ်ခုဖြစ်လို့ အသက်ရှင်ရေးအတွက် မရှိမဖြစ် လိုအပ်လှပါတယ်။ မျိုးပွားတာဝန်ကို ထမ်းဆောင်ရာမှာလည်း ကျောက်ကပ်က ဦးဆောင်ပေးပြီး အာဟာရဓာတ်ဖြစ်တဲ့ အဆီအနှစ်တွေ စုဝေးရာလည်း ဖြစ်ပါသတဲ့။ လူတစ်ယောက်ရဲ့ ကျန်းမာရေးအခြေအနေဟာလည်း ကျောက်ကပ်ကောင်း မကောင်းပေါ်မှာ မူတည်နေ တယ်လို့ သိရပါတယ်။ ကျောက်ကပ်တွေ အလုပ်ကောင်းကောင်းလုပ်ရင် လူလည်း ကျန်းမာမယ် အလုပ် ကောင်းကောင်း မလုပ်ရင် လူလည်း ချူချာလာ ပါရောတဲ့။ အေးချမ်းလှတဲ့ရာသီမှာ အအေးဒဏ်ခံနိုင်ဖို့ ခန္ဓာကိုယ် တစ်ခုလုံးရဲ့ စွမ်းရည်နဲ့ ကယ်လိုရီဓာတ်တွေ ပြည့် ဝဖို့ လိုပါတယ်။ ကယ်လိုရီ ဓာတ်အလုံအလောက် မရှိရင် အချမ်းဒဏ်ကို မခုခံနိုင်တော့ပါဘူး။ လူတစ်ယောက်ဟာ သူရဲ့ ကျောက်ကပ်တွေ ကောင်းကောင်း အလုပ်မလုပ်နိုင်ရင် ယန်ဓာတ် နည်းပါးပြီး မူးဝေခြင်း၊ ရင်တုန်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ ခါးနာခြင်း၊ ဆီးသွားရတာ မဝခြင်း စတဲ့ရောဂါ လက္ခဏာ တွေ ခံစားရတတ်ပါတယ်။ ဒါကြောင့် ကျောက်ကပ် သန်မာအောင် ကျန်းမာရေး လေ့ကျင်ခန်းတွေ လုပ်ပေးဖို့ လိုလာပါတယ်.. ကျောက် ကပ်သန်မာအောင် လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးခြင်း တခြားရောဂါတွေ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ တရုတ်ရိုးရာတိုင်းရင်းဆေးမှာ ကျောက်ကပ် သန်မာအောင်လုပ်တဲ့ နည်းတွေ အမျိုးမျိုးရှိပါတယ်။ ဆောင်းရာသီမှာ နေ့တာတိုပြီး ညတာရှည်လေ့ရှိတာ သတိထားမိကြပါလိမ့်မယ်။ဒါကြောင့် ညဘက် စောစောအိပ်ပြီး နံနက်ကို နောက်ကျပြီးမှ အိပ်ရာက ထပါ။ အိပ်ရာက နိုးတာနဲ့ နေရောင်ခြည်ကို ရယူပြီး နေရောင်အောက်မှာ နေပူစာ လှုံပေးပါ။ ကယ်လိုရီဓာတ်များများပါတဲ့ အစား အစာတွေ များများစားပေးပါ။ အင်္ကျီအဝတ်အစားတွေကို ကျပ်ကျပ်မဝတ်ဘဲ ပွရောင်းပြီးထူထဲတဲ့ အဝတ်အစားတွေ ဝတ်ဆင်သင့်ကြောင်းလည်း အကြံပေးထားပါတယ်။ အသက်ကြီးသူ၊ အားနည်းသူတွေ အတွက်ကျောက်ကပ်ကို အားအင်ပြည့်ဖြိုးစေနိုင်တဲ့ အစားအစာတွေ စားပေးရပါတယ်။ အဲဒါတွေကတော့ ဆိတ်သားပြုတ်ကြော်၊ သိုးသားကင်၊ ကြက်စွပ်ပြုတ်ရည်၊ ဘဲသားတို့ပါပဲ ဆောင်ရာသီ မှာ ကျောက်ကပ်သန်မာအောင် လေ့ကျင့်နည်းတွေ ကတော့အောက်ပါ အတိုင်းပါပဲ။ (၁)လေ့ကျင့်ခန်း ခြေနှစ်ချောင်းကို တစ်ထွာခန့် ခွာလျက် မတ်တတ်ရပ်ပါ။ လက်နှစ်ဘက်ကို ဆန့်လျက် ဖြည်းဖြည်းချင်း အပေါ်သို့ မြှောက်ပါ။ ခေါင်းပေါ်ရောက်တဲ့ အခါပြန်ပြီး မူလနေရာကို ဖြည်းညင်းစွာ ချထားပါ။ လေးကြိမ် ပြုလုပ်ပါ။ တစ်နေ့လျှင် လေးကျော့ လေ့ကျင့်ပေးပါ။ သတိပြုရန်မှာ လေ့ကျင့်ခန်း(၁)ကို မပြုလုပ်မီ အကြောများ ဖြေလျှော့လျက် သက်သက်သာသာနေပါ လက်နှစ်ဖက်ဆန့် လျက် ခေါင်းပေါ်ရောက်အောင် မြှောက်သည်အခါ အသက်ကို ရှူသွင်းပါ။ ပြန်ချသည့်အခါ အသက်ကို ရှူထုတ်ပါ။ လေ့ကျင့်ခန်းကို ဖြည်းဖြည်းနှင့် ညင်သာစွာပြုလုပ်ပါ။ အကြောအဆစ်များ ဖြေလျှော့လျက်၊ သွေးလှည့်ပတ်မှုကို လှုံ့ဆော်ပေးသဖြင့် ခန္ဓာကိုယ်လိုအပ်သော အားအင်နှင့် ကျောက်ကပ်သန်မာမှုကို ပေးပါသည်။ မောပန်မှု ကိုလည်း ပြေပျောက်စေပါသည်။ (၂)လေ့ကျင့်ခန်း ခြေနှစ်ချောင်းချလျက် မတ်မတ်ထိုင်ပါ။ ဘယ်ပေါင်ပေါ် ဘယ်လက်၊ ညာပေါင်ပေါ် ညာလက်တင်ထားပါ။ ဘယ်လက်ကို တံတောင်ဆစ်ကွေးလျက် လေထဲထွင် ပစ္စည်းတစ်ခုခုကို မြှောက်လိုက် ချလိုက် လုပ်သကဲ့ သို့ လက်ကို လက်ဖဝါးအထက်သို့ လှန်လျက် အထက် အောက်လှုပ်ရှားပါ။ ပြီးလျှင် ညာလက်ကို ဘယ်လက်အတိုင်း လှုပ်ရှားပါ။ လေ့ကျင့်ခန်းကို တစ်နေ့လျှင် လေးကြိမ်ပြုလုပ်ပါ။ သတိပြုရန် လေထဲတွင် လက်ကို လှုပ်ရှားနေစဉ် အသက်ကို ရှူသွင်းလျက် လက်ကို ပေါင်ပေါ်သို့ ပြန်ချထားသည့် အခါတွင်မှ အသက်ကို ရှူထုတ်ပါ။ (၃)လေ့ကျင့်ခန်း လေ့ကျင့်ခန်း(၂)မှာ ကဲ့သို့ ခြေနှစ်ချောင်း တွဲလောင်းချထိုင်ပါ။ ပြီးလျှင် ကိုယ်ကို တည့်မတ်ထားလျက် ခါးမှ ဘယ်ဘက်တစ်ကြိမ်၊ ညာဘက်တစ်ကြိမ် လေးကြိမ်စီ လှည့်ပေးပါ။ ပြီးလျှင် ခြေထောက်ကို ဘယ်ညာလွှဲပေးပါ။ မိမိနိုင်သလောက် လေ့ကျင့်မှုအကြိမ်ကို ပြုလုပ်လေ့ကျင့်ပါ။ သတိပြုရန် ကိုယ်ကို ဘယ်ညာလှည့်ရာတွင် အကြောများ ဖြေလျော့ထားလျက် ဖြည်းညင်းစွာ လှည့်ပေးပါ။ ကိုယ်ကို ဘယ်ညာလှည့်ပေးခြင်းသည် ကျောက်ကပ်ကို သန်မာစေရုံသာမက ကျောဘက်ရှိ ကြွက်သားများကိုပါ အထောက်အကူဖြစ်စေပါသည်။ (၄)လေ့ကျင့်ခန်း မတ်မတ်ထိုင်လျက် လက်ဖဝါးနှစ်ဖက်ကို ပူနွေးလာသည်အထိ ပွတ်ပေးပါ။ ပြီးလျှင် ကျောဘတ်သို့ လက် ဖဝါးဖြင့် အထက်အောက် ပွတ်ပေးပါ။ကျောတစ်လျှောက် ပူနွေးမှု ခံစားရသကဲ့သို့ ကျောက်ကပ်ကိုပါ အပူဓာတ်ရစေပါသည်။ ထိုအပြင် ကျောပြင်ရှိ ကြွက်သားများ သန်မာစေပြီး သွေးလှည့်ပတ်မှုကိုပါ ကောင်းစေပါသည်။ ကြွက်သားနှင့် အဆစ်များလည်း ပြေလျော့စေပါသည်။ (၅)လေ့ကျင့်ခန်း ပေါင်နှစ်ခုကို ပူးကပ်ထားပြီး မတ်တပ်ရပ်ပါ။ ခြေမျက်စိချင်းထိနေပါစေ။ လက်ကောက်ဝတ်ချင်း ယှက် လျက် ရင်ဘတ်ရှေ့တွင် ထားပြီး လက်များကို ခေါင်းကျော်သည်ထိ မြှောက်တင်ပါ။ ပြီးလျှင် ခါးမှ ကွေး လျက် လက်ဖျားနှင့် မြေကြီးထိအောင်ရှေ့သို့ ကုန်းချပါ။ ပြီးလျှင်ဒူးကို လက်နှင့် ပိုက်လျက် ဆောင့် ကြောင့် ထိုင်လိုက်ပါ။ လေ့ကျင့်ခန်းကို ၁၀ ကြိမ် ပြုလုပ်ပါ။ ဖော်ပြပါ လေ့ကျင့်ခန်းများသည် ကျောက်ကပ်များ သန်မာစေရုံသာမက ခန္ဓာကိုယ်အတွက် လိုအပ်သော စွမ်းရည်များ တိုးတက် စေပါသည်။ သွေးလှည့်ပတ်မှုကို ကောင်းစေသည့်အတွက် ဆောင်းရာသီကဲ့သို့ အေးချမ်းသည့် အချိန်တွင် နွေးထွေးမှုကို ပေးပါသည်။ ထို့အပြင် ကျောက်ကပ် ၊ ဆီးအိမ်များနှင့် ပတ်သက်သော ရောဂါများဖြစ်သည့် ခါးနာခြင်း ၊ ဒူးရောင်ခြင်း၊ ပန်းသေခြင်း၊ အမျိုးသမီးများ မီးယပ်အဖြူဆင်းခြင်း၊ မူးဝေခြင်း အစရှိသည့် ဝေဒနာများကို သက်သာ ပျောက်ကင်းစေနိုင်ကြောင်း သိရပါသည်။ ဒေါက်တာ အောင်နိုင် (ဆေးသုတေသန) ----------------------- ကျောက်ကပ်ရောဂါအတွက် ကုနည်း သလင်းကျောက်လေးနဲ့ ကျောက်ကပ်နေရာကို ကပ်လိုက် ခွာလိုက် လုပ်ပေးပါ။ သလင်းကျောက်နဲ့ ရောဂါနေရာကို တစ်မိနစ်တိတိ ထိပေးပါ။ တစ်မိနစ်ပြည့်လျှင် ခွာလိုက်၊ နောက်ပြန်ကပ်လိုက် ပြုလုပ် ပေးပါ။ ဒီနည်းသည် ရောဂါဝေဒနာ သက်သာလာသည့်ကို တွေ့ရပါမည်။ (သလင်းကျောက်ဟာ မြေထွက်ကျောက်မျိုးတွင် အခြားရောင်ခြည်ရောင်စဉ်ကို ဘေးဖြာထုတ်ပေးပါ တယ်။ တစ်ခြား မြေထွက်ကျောက်မျိုးတွေဟာ သူတို့ရောင်ခြည် အတွင်းဝေ့ဝင်ပါတယ်။ ရောင်စဉ်တိုင်း ကိရိယာနဲ့ ကြည့်ရင် ထင်းရှားစွာတွေ့နိုင်ပါသည်။) သလင်းကျောက်ကို ဂျပန်တွေဟာ ဒါကြောင့် လည်ဆွဲ အဖြစ် ဝတ်ဆင်ကြပါတယ်။ ဆရာသာဂဒိုး (စူလာနဖာနှင့် ဆေးနည်း ဆေးပင်များ၂) han152
လက်ကောက်ဝတ်အတွင်းဘက် (လက်ဖဝါးဘက်)တွင် ပျို့အန်ခြင်း၊ အော့အန်ခြင်းကို သက်သာ ပျောက် ကင်းစေသော နှိပ်ကွက်ကလေးရှိပါသည်။ လက်ကောက်ဝတ်အလယ်တွင် စမ်းကြည့်လိုက်ပါ။ အရွတ် ကြောကြီးနှစ်ခုနှင့် ၎င်းတို့အကြားရှိ မြောင်းကို စမ်းမိပါမည်။ လက်ကောက်ဝတ် အောက်ဆုံးရစ်မှ နှစ်လက်မခန့်နေရာ၊ မြောင်းထဲသို့ မိမိလက်မနှင့် ဖိကာဖိကာ နှိပ်ပေးပါ။ သာမန်ပျို့ခြင်း၊ အန်ချင်ခြင်းကို ချက်ချင်းပျောက်စေပါသည်။ ဆေးမလိုပါ။ ပြင်းထန်သော ပျို့အန်ခြင်းအတွက်မူ မိနစ်၂၀ ခန့် ကြာအောင် အကြိမ်ကြိမ် နှိပ်ပေးရန် လိုပါသည်။ လက်ညှိုးနှင့် လက်မခွကြားတွင် တြိဂံပုံနေရာလေးတစ်ခု ရှိပါသည်။ အရေပြား နှုတ်ခမ်းအစပ်မှ အထက် တစ်လက်မခန့် အကွာတွင် နှိပ်ကွက်ကလေး ရှိပါသည်။ ထိုနေရာလေးကို ကျန်လက်တစ်ဖက်မှ လက် ညှိုး၊ လက်မတို့ကို အသုံးပြု၍ ညှပ်နှိပ်ပေးလျှင် အနည်းငယ် အောင့်ပါသည်။ သုတေသနပြုချက်များအရ ထိုသို့ နှိပ်ပေးလျှင် ဦးနှောက်မှ အင်ဒိုဖင်ဓာတ်(Endorphins)များ ထွက်စေသဖြင့် ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း ဝေဒနာများကို ပျောက်စေကြောင်း တွေ့ရပါသည်။ ထို့ကြောင့် ခေါင်းကိုက်ခြင်း၊ မိုင်ဂရိမ်းခေါင်းတစ်ခြမ်း ကိုက်ခြင်း(Migra)နှင့် ဇက်ကြောတက်ခြင်း ဖြစ်လျှင် လက်ညှိုး၊ လက်မ ခွကြားမှ နှိပ်ကွက်ကလေးကို ဘယ်၊ ညာတစ်လှည့်စီ နှိပ်ပေးနိုင်ပါသည်။ ဒေါက်တာအောင်နိုင်(ဆေးသုတေသန) မြန်မာမှု နှင့် တိုင်းရင်းဆေးပညာ စာအုပ်မှ တင်ပြလိုက်ပါသည်။ han152

အာဂုံဆောင်စနစ်ဆိုးမှ ခွဲမထွက်နိုင်သည့် ပုဂ္ဂလိကကျောင်းများ

ကိုယ်ပိုင်ကျောင်းမှတ်ပုံတင် ဥပဒေပြဋ္ဌာန်းပြီး သက်တမ်းရင့်ဘော်ဒါကျောင်းများကို ပညာရေးဝန်ကြီး ဌာနကတရားဝင် အသိအမှတ်ပြုလျှောက်ထားခွင့်ပြုသည်မှ ၂ နှစ်ကျော်ကာလရောက်နေပြီဖြစ်သည်။ အစိုးရ၏ပညာရေးစနစ်ကို အားရကျေနပ်မှုမရှိသော မိဘအုပ်ထိန်းသူများကြောင့် ကိုယ်ပိုင်ကျောင်း များ၏ ဈေးကွက်ကလည်း ပိုမိုကြီးမားကျယ်ပြန့်လာသည်။ လက်ရှိအချိန်တွင် ကျောင်းသားမိဘများ သိလိုစိတ်ပြင်းပြနေသောမေးခွန်းမှာ အစိုးရကျောင်းနှင့် ကိုယ်ပိုင်ကျောင်းဘာတွေ ကွာခြားသလဲဆိုသည့် အချက်ဖြစ်သည်။ ကိုယ်ပိုင်ကျောင်းများမှ ပုဂ္ဂလိက ပညာရေးလုပ်ငန်းဖြစ်သည့်အတွက် ငွေကြေးပိုမိုကုန်ကျမည့်အချက်ကတော့ အသေအချာပင်ဖြစ်သည်။ ငွေကြေးပိုမိုကုန်ကျသည့်အတွက် အစိုးရကျောင်းနှင့် မတူကွဲပြားသော ပညာရေးစနစ်ကို ကိုယ်ပိုင် ကျောင်းများက အမှန်တကယ်ပေးစွမ်းနေသည်လားဆိုသည်ကို ကိုယ်ပိုင်ကျောင်း တည်ထောင်ထားသူ များနှင့် ကျောင်းသားမိဘများအနေဖြင့် အဖြေရှာဆန်းစစ်ရန် လိုအပ်နေပြီဖြစ်သည်။ စာမေးပွဲတွင်အမှတ်ကောင်းရရှိရေး စာသင်ကျောင်းနှင့်ကျူရှင်များတွင် အချိန်ကုန်ပြီးနှုတ်တိုက် အာဂုံ ဆောင်ကျက်မှတ်သော ပညာရေးစနစ်မှ အသိပညာ၊ ဗဟုသုတနှင့် စဉ်းစားတွေးခေါ်မှုကို အားပေး သောပညာရေးစနစ်မျိုးကို ကိုယ်ပိုင်ကျောင်းများတွင် မြင်တွေ့နေရပါပြီလား။ "အခုပညာရေးမှာအတည်ပြုထားတဲ့ စစ်ဆေးတဲ့စနစ်ကစာမေးပွဲစနစ်ပဲ။ အခြေခံပညာအဆင့်ကနေ အဆင့်မြင့်ပညာရေးကို ကူးဖို့အတွက် ၁၀ တန်းကနေ တက္ကသိုလ်ကို ရွေးတဲ့စနစ်လည်း ဒါနဲ့ပဲရွေးနေ တုန်းပဲ။ သက်ဆိုင်ရာကျောင်းတွေရော၊ ကိုယ်ပိုင်ကျောင်းတွေရော ကျောင်းရဲ့အောင်မြင်မှုကို တိုင်း တာဖို့စာမေးပွဲအောင်ချက်၊ ဂုဏ်ထူးတွေနဲ့ပဲ တိုင်းတာရတာပါပဲ" ဟု ACA ပညာ့ရိပ်ငြိမ်ကိုယ်ပိုင် ကျောင်းမှ အကြံပေးပညာရှင်ဦးစန်းဝင်းကပြောသည်။ ပညာရေးဝန်ကြီးဌာနအထိ အမှတ်ပြုကိုယ်ပိုင်ကျောင်း ၁၅၀ ကျော် တရားဝင်ခွင့်ပြုထားပြီး ကွဲပြားခြား နားသောပညာရေးစနစ် ကျင့်သုံးနေသည့်ကျောင်းအချို့ရှိသော်လည်း အများစုမှာအောင် ချက်မြင့်မား ရေးအခြေခံသော ပညာရေးစနစ်အောက်မှာ ရုန်းထွက်နိုင်မှုမရှိသေးခြင်းဖြစ်သည်။ "အခုလောလောဆယ်တော့ ကိုယ်ပိုင်ကျောင်းတွေလည်း ရုန်းထွက်လို့မရသေးဘူး။ အစိုးရကျောင်းနဲ့ မတူတာကတော့ ဝန်ဆောင်မှုနဲ့ပဲဖြည့်ဆည်းပေးနိုင်တယ်။ မူဝါဒပိုင်းကတော့ ပြင်လို့မရဘူး" ဟု ဦးစန်း ဝင်းကဆိုသည်။ အစိုးရဥပဒေပြဋ္ဌာန်းသတ်မှတ်ပြီးနောက် ကိုယ်ပိုင်ကျောင်းများအနေဖြင့် ကျောင်းသားများအား အချိန် ပြည့်တာဝန်ယူသင်ကြားပေးနိုင်မှုနှင့် ထပ်ဆောင်းဘာသာရပ်သင်ကြားနိုင်မှု အခွင့်အရေးတို့ကို ရရှိခဲ့ ကြသည်။ ကျောင်းသားများအနေဖြင့် အစိုးရကျောင်းများတွင် ကျောင်းခေါ်ချိန်တက်ပြရခြင်းဒုက္ခမှ ကင်းဝေးသွား ခဲ့သလို နိုင်ငံခြားဘာသာစကားနှင့် အခြားပညာရပ်များကို လေ့လာသင်ယူခွင့်ရရှိသွားခဲ့ခြင်းဖြစ်သည်။ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသားတစ်ဦး၏ မိခင်မခိုင်ခိုင်က "သူ့အစ်ကိုတုန်းက ၁၀ တန်း ဆိုဘော်ဒါဆောင်မှာ သွားထားရတာပေါ့။ ကျောင်းခေါ်ချိန်ပြည့်အောင်ရော၊ ကျူရှင်ချိန်ရော တစ်နေ့ ကုန်တက်နေရတော့ကလေးက ပင်ပန်းနေပြီ။ အခုကိုယ်ပိုင်ကျောင်းတွေ ပေါ်လာတော့ အဲ့ဒီလိုမျိုး မရှိတော့ဘူး" ဟု၎င်းအတွေ့အကြုံကို ရှင်းပြသည်။ ကိုယ်ပိုင်ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား အတင်းအကျပ်ခိုင်းစေခြင်း၊ ပိတ်လှောင် ခြင်း၊ ပြင်းထန်စွာ အပြစ်ပေးခြင်းနှင့် ညှဉ်းပန်းနှိပ်စပ်ခြင်းတို့ကို မပြုလုပ်ရန်နှင့် အိပ်စက်အနားယူချိန် သည်နေ့စဉ်ခြောက်နာရီအောက် မလျော့နည်းစေရန် ကျောင်းတည်ထောင်ဖွင့်လှစ်သူများက ကြပ်မတ် ဆောင်ရွက်ရမည်ဖြစ်သည်။ အလယ်တန်းနှင့် အထက်တန်းအဆင့်တွင် စာသင်ခန်းအကျယ်အဝန်းသည် ၃၆၀ စတုရန်းပေအောက် မလျော့နည်းစေရန်နှင့် တစ်ခန်းလျှင် ကျောင်းသား ၄၀ ဦးထက်မပိုဘဲထားရှိရန် ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်နည်း ဥပဒေတွင်သတ်မှတ်ထားသည်။ "အစိုးရကျောင်းမှာက ဆရာမတစ်ယောက်တည်းကို ကျောင်းသားကခြောက်ဆယ်လောက် ဆိုတော့ ကျောင်းသားတစ်ဦးချင်းကို ဂရုမစိုက်နိုင်ဘူးလေ။ စာဆိုလည်းသင်ပေးတာပဲ ကျက်၊ အိမ်စာပေးနဲ့၊ ဒါကျက်ဒါဖြေပုံစံနဲ့ အချိန်တန် နောက်တစ်တန်းကူးဆိုတာ ဖြစ်နေ တယ်။ နောက်နှစ်ဆိုကိုယ် ပိုင် ကျောင်းပြောင်းထားတော့မယ်" ဟု ကျောင်းသားမိဘတစ်ဦးကပြောသည်။ ကိုယ်ပိုင်ကျောင်းထားနိုင်သောမိဘ၏ သားသမီးများအနေဖြင့် စာသင်ကျောင်းနှင့် ကျူရှင်တွင်အချိန် ကုန်နေရမှုမှ သက်သာသွားသော်လည်း အလွတ်ကျက်မှတ်ရသော ပညာရေးဝဲဂယက်မှ လွတ်မြောက် နိုင်ရန် ခက်ခဲနေဆဲဖြစ်သည်။ မြန်မာနိုင်ငံ၏ စာမေးပွဲစနစ်လေ့လာသင်ယူမှုကို အားပေးသောစစ်ဆေးနည်းစနစ် (Formaive Assessment) ကိုအသုံးပြုရန် တိုက်တွန်းအကြံပြုကြောင်း နိုင်ငံလုံးဆိုင်ရာ ပညာရေးစနစ်ပြုပြင် ပြောင်း လဲရေးကွန်ရက် (NNER) ကသဘောထားထုတ်ပြန်ထားသည်။ နိုင်ငံတကာနှင့် ပြည်တွင်းမှပညာရေးပညာရှင်များနှင့် ပညာရေးလေ့လာသူများ ဆွေးနွေး ခဲ့ကြပြီး နောက် ကျောင်းသားများ၏သင်ယူမှုကို ထိရောက်စေမည့်အထက်ပါနည်းလမ်းကို အသုံးပြုရန် ၂၀၁၃ အောက်တိုဘာတွင် တိုက်တွန်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ကိုယ်ပိုင်ကျောင်းများအနေဖြင့် စီးပွားရေးအရ ရပ်တည်နိုင်ရေး၊ ၎င်းတို့ကျောင်းသားများ၏ အောင်ချက် နှင့် ဂုဏ်ထူးရရှိမှုတို့ပေါ်တွင် မူတည်လျက်ရှိခြင်းကြောင့် စာမေးပွဲဦးတည်သော သင်ကြားရေးစနစ်ကို ကျင့်သုံးနေသည်။ မြန်မာနိုင်ငံရှိ ကျောင်းသားမိဘများအတွင်း ပညာရေးအပေါ်သဘောထားအမြင် လွဲမှားနေမှုက လည်း လေ့လာသင်ယူမှုကို အားပေးသောပညာရေးစနစ်ထက် အောင်မှတ်မြင့်မားသော ပညာရေးစနစ်ကို ပိုမိုအားပေးလျက်ရှိသည်။ "ပညာသင်ကြားတဲ့ပုံစံကို ပြောင်းလိုက်ရင် စာမေးပွဲအောင်ချက်ကို သိသိသာသာထိခိုက်နိုင်တယ်။ မိဘတွေက ဂုဏ်ထူးအထွက်များတဲ့၊ အောင်ချက်ကောင်းတဲ့ ကိုယ်ပိုင်ကျောင်းတွေကို ရွေးချယ် ကျောင်း အပ်နေကြတာလေ။ အဲဒါဆို ကျွန်တော်တို့လည်း ရပ်တည်ဖို့အခက်အခဲရှိနိုင်တယ်" ဟု ကိုယ်ပိုင်ကျောင်း တည်ထောင်ထားသူတစ်ဦးကပြောသည်။ ကိုယ်ပိုင်ကျောင်းဈေးကွက်ကြီးမားလာခြင်းကြောင့် လုပ်ငန်းတိုးချဲ့ဆောင်ရွက်ရာ၌ ရင်းနှီးမြှုပ်နှံမှု ကြီးမားနေခြင်း၊ အထူးသဖြင့် မြေနေရာအခက်အခဲက ရန်ကုန်မြို့ရှိ ကိုယ်ပိုင်ကျောင်းများ၏ ဖွံ့ဖြိုးတိုး တက်ရေးအတွက် အဓိကအဟန့်အတား ဖြစ်စေလျက်ရှိသည်။ ကိုယ်ပိုင်ကျောင်းများအနေဖြင့် ကျောင်းသားမိဘများ၏ စိတ်ဝင်စားမှု မြင့်တက်နေခြင်းကြောင့် ဈေး ကွက်ကြီးမားလာနေသော်လည်း ပညာသင်ကြားရေးနှင့် ပတ်သက်၍ဖွံ့ဖြိုးတိုးတက်မှု အားနည်း နေသေးကြောင်း ပညာရှင်များကထောက်ပြမှုများရှိနေသည်။ ကိုယ်ပိုင်ကျောင်းအချို့သည် အစိုးရကျောင်းနှင့် ပညာသင်ကြားမှုစနစ် ကွဲပြားခြားနားမှု မရှိသေးသ လို နိုင်ငံတကာကဲ့သို့ ပုဂ္ဂလိကပညာရေးကဏ္ဍအနေဖြင့် ရပ်တည်လာနိုင်ရန် လိုအပ်ချက်များ ရှိနေသေး ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးရင်ကပြောသည်။ "လုံးဝအလွတ်မကျက်ရတာတော့ မဟုတ်ဘူးပေါ့။ ကျက်သင့်တာကျက်၊ ဝေဖန်သုံးသပ်သင့်တာ သုံးသပ်ရမယ်။ မျှမျှတတဖြစ်ရမယ်။ အခုကတော့ အလွတ်ကျက်တာများနေတာပေါ့။ ကိုယ်ပိုင် ကျောင်းတွေလည်း မျှော်မှန်းသလောက် ဖြစ်မလာသေးဘူး။ အစိုးရကျောင်းနဲ့ သင်ကြားမှုပုံစံတူဖြစ်နေ တယ်။ နိုင်ငံကာလိုပုဂ္ဂလိက ပညာရေးကျောင်းတွေဖြစ်လာအောင် ကြိုးစားဖို့လိုနေသေးတယ်" ဟု ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် (အငြိမ်းစား) တစ်ဦးကဆိုသည်။ ပညာရေးဖွံ့ဖြိုတိုးတက်မှုအတွက် အဓိကအစိတ်အပိုင်းအနေဖြင့် သင်ထောက်ကူပစ္စည်းနှင့် သင်ကြား နည်းစနစ်တွင် ကိုယ်ပိုင်ကျောင်းများအနေဖြင့် သင်ထောက်ကူပစ္စည်းဖြည့်ဆည်းနိုင်မှုရှိသော်လည်း သင်ကြားနည်းစနစ်တွင် လိုအပ်ချက်များရှိနေဆဲဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က သုံးသပ်သည်။ အစိုးရ၏ပညာရေးစနစ်အပေါ် ကျောင်းသားမိဘများ စိတ်ကျေနပ်မှုလျော့ကျနေချိန်တွင် ကိုယ်ပိုင် ကျောင်း များ အားသာမှုရှိနေပြီး ယင်းအခွင့်အလမ်းကို အမိအရဆုပ်ကိုင်နိုင်ရန် ပိုမိုကောင်းမွန်သော ပညာရေးစနစ် ကို ဖန်တီးနိုင်မည်လား စောင့်ကြည့်ရမည်ဖြစ်သည်။ 7Day News Journal

ကျောက်ကပ်ရေအိတ်တည်ခြင်းကို ကာကွယ်ဖို့ ဘာစားရမလဲ

ကျောက်ကပ်ရေအိတ်တည်ခြင်းကို ကာကွယ်ပေးနိုင်ဖို့ ဗီတာမင်စီကြွယ်ဝတဲ့ သစ်သီးတွေကို စားသုံးပေးသင့်ကြောင်း သုတေသနတစ်ခု မှာ ဖော်ပြထားပါတယ်။ ဒီသုတေသနကို Royal Holloway University, St George’s University, လန်ဒန် တက္ကသိုလ်နဲ့ Kingston University London တို့က ပူးပေါင်းလေ့လာမှု ပြုခဲ့တာဖြစ်ပါတယ်။ ဗီတာမင်စီကြွယ်ဝတဲ့ သစ်သီးတွေမှာ ကျွဲကောသီး၊ ဂရိတ်ဖရုသီး၊ လိမ္မော်သီး၊ ကမ္ဗလာသီး၊ ရှောက်သီး၊ လီမွန်သီးတွေလို အချဉ်ကဲတဲ့ အသီးတွေအပြင် ကီဝီသီး၊ စတော်ဘယ်ရီ၊ နဲ့ခရမ်းချဉ်သီးတွေ ပါဝင်ပါတယ်။ ဗီတာမင်စီကြွယ်ဝတဲ့ သစ်သီးတွေမှာပါဝင်တဲ့ naringenin ဟာ ကျောက်ကပ်ရေအိတ်တည်ခြင်းကို ကာကွယ်နိုင်ပြီး PKD2 ဆိုတဲ့ ပရို တင်းကိုတားဆီးပေးနိုင်ပါတယ်။ အဲဒီ PKD2ဟာ ကျောက်ကပ်ရေအိတ်တည်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် Polycystic Kidney့ လို့ခေါ်တဲ့ ကျောက်ကပ်မှာ ရေအိတ်၊ ပြည်တွေနဲ့ ပြည့်နှက်ပြီး ကျောက်ကပ်လုပ်ငန်းဆောင်တာ ပျက်ယွင်းသွားမယ့် အခြေအနေကို ဗီတာမင်စီကြွယ်ဝတဲ့ အသီးတွေ စားသုံးပေးပြီး ကာကွယ်နိုင်ပါတယ်။ ဒီလေ့လာမှုမှာ ကျောက်ကပ်ရေအိတ်တည်နေတဲ့ ကြွက်တွေကို သုတေသနပြုခဲ့ပြီး naringenin ကို ထိုးသွင်းခဲ့ပါတယ်။ အဲဒီနောက်မှာ တော့ PKD2 ပမာဏ သိသိသာသာ လျော့ကျလာတာကို တွေ့ရပြီး ကျောက်ကပ်မှာရှိနေတဲ့ ရေအိတ်တွေ လဲလျော့ကျသွားပါတယ်။ ဒါ့အပြင် အသစ်ဖြစ်ပေါ်လာမယ့် ရေအိတ်အခြေအနေကိုလည်း ကာကွယ်နိုင်တယ်လို့သိရပါတယ်။ Kingston University ရဲ့ဆေးဝါးဗေဒဆိုင်ရာ ပါမောက္ခ Dr.Mark Carewuna ringenin ရဲ့အာနိသင်ကို ဆက်လက်လေ့လာနေပြီး ဆေးဝါးအဖြစ် ထွက်ပေါ်လာဖို့ ကြိုးပမ်းနေတယ်လို့ ဆိုထားပါတယ်။ အခုလေ့လာမှုကို British Journal of Pharmacology မှာ ဖော်ပြထားတာဖြစ်ပါတယ်။ သက်ကို ref: ANI Health Updates Journal

လေယာဉ်ပျောက်ကို အမေရိကန်က အိန္ဒိယသမုဒ္ဒရာမှာ အဓိကထားရှာမယ်

စနေနေ့ကတည်းက ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ဟာ ဆက်သွယ်မှုပြတ်တောက်ခဲ့ပြီး ဆက်ပြီး ပျံသန်းသွားတဲ့ လမ်းကြောင်း ရှိတယ်ဆိုတာကို အတည်ပြုနိုင်တယ်လို့ စီအန်အန် သတင်းတခုက အခု နောက်ဆုံး ဖော်ပြလာပါတယ်။
အမေရိကန် စုံစမ်းရေးသမားတွေက လေယာဉ်အင်ဂျင်ကနေ မြေပြင်ကိုအလိုအလျှောက်ပို့လွှတ်တဲ့ အချက်အလက်တွေအရ လေယာဉ်ဟာ ရေဒါကနေ ပျောက်ဆုံးပြီး အနည်းဆုံး ၄ နာရီကြာလောက် ဆက်လက်ပျံသန်းနေတယ်လို့ ယုံကြည်ထားတယ်လို့ ရိုက်တာ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ ဒီအပြင် လေယာဉ်ဟာ နောက်ပြန်ကွေ့လာတယ်လို့ ယူဆထားတာကြောင့် အိန္ဒိယ သမုဒ္ဒရာမှာ လေယာဉ် ပျောက် ရှိနိုင်တယ်လို့ အမေရိကန်တို့ရဲ့ ယူဆချက်တွေ တိုးမြင့်လာတယ်လို့ သိရပါတယ်။ ဒါကြောင့် အမေရိကန် သမ္မတ အိမ်ဖြူတော် ပြောခွင့်ရ ဂျင်ကာနေးက သူတို့ရဲ့ အဆင့်မြင့် စစ်သင်္ဘော တွေ၊ ရဟတ်ယဉ် တွေသုံးပြီး အိန္ဒိယ သမုဒ္ဓရာထဲက အဓိက ကျတဲ့နေရာတွေမှာ ရှာဖွေတော့မယ့် အကြောင်းသတင်း ထောက်တွေကိုပြောပါတယ်။ လေယာဉ်ရှိနိုင်တယ်လို့သံသယဖြစ်တဲ့နေရာတွေထဲမှာ မြန်မာ့ရေပိုင်နက်လည်းပါဝင်ပါတယ်။ အခုတော့ မြန်မာအာဏာပိုင်တွေက မလေးရှားလေယာဉ်ပျောက်ကို မြန်မာ့ရေပိုင်နက်မှာ ၇ ရက်ကြာရှာဖွေခွင့် ကို မလေးရှား အာဏာပိုင်တွေက တောင်းခံလာတာကို ခွင့်ပြုလိုက်ပြီလည်းဖြစ်ပါတယ်။ ဒါကြောင့် မြန်မာရေတပ်ကလည်း လေယာဉ်ပျောက်ကို ရှာဖွေနေပြီလို့ သိရပါတယ်။ အခုဆိုရင် ပဟေဠိ ဆန်တဲ့ မလေးရှားလေယာဉ်ပျောက်ဆုံးမှုကို နိုင်ငံပေါင်း ၁၇ နိုင်ငံထိ ပူးပေါင်းပါဝင်ပြီး ဖြစ်နိုင် မယ်လို့ ယူဆတဲ့ နေရာတွေကို နေရာတွေ ထပ်ချဲ့ပြီး ဖြန့်ကျက်ရှာဖွေနေပြီဖြစ်ပါတယ်။ အစောပိုင်း တရုတ်နိုင်ငံက ထုတ်ပြန်ခဲ့တဲ့ လေယာဉ်အပိုင်းအစလို့ ယူဆရတဲ့ ဓာတ်ပုံထုတ်ပြန်လိုက် တာဟာ မဟုတ်မှန်ပဲ မှားယွင်းထုတ်ပြန်ခဲ့တာလို့လည်း တရုတ်အာဏာပိုင်တွေက ပြောလာပါတယ်။ ဒါကြောင့် လေယာဉ်နဲ့ပတ်သက်တဲ့ သဲလွန်စတွေ မတွေ့ရသေးတာကြောင့် အဆင့်မြင့် ကိရိယာတွေ သုံးပြီး နိုင်ငံစုံ အားစိုက်ပြီး ရှာဖွေမှုကို ဆက်လုပ်နေတာပါ။ အမေရိကန်နည်းတူ တရုတ်နိုင်ငံကလည်း လေယာဉ်ပျောက်ရှာပုံတော်ကို လက်လျှော့မှာ မဟုတ်ဘူးလို့ ထိပ်တန်း ခေါင်းဆောင်တဦးက ထပ်ပြောလာပါတယ်။ အိမ့်သံစဉ် ~

Thursday, March 13, 2014

ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင် (ကျော်သူ)

ဖတ်သင့်တဲ့ စာအုပ်ကောင်းလေးတစ်အုပ်ပါဘဲ ၀ယ်မရတဲ့သူတွေ အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ် ၀ယ်လို့ရတဲ့ သူငယ်ချင်းတွေကတော့ ၀ယ်ဖတ်ပေါ့ဗျာ - See more at: http://koye9992.blogspot.com/2013/11/47mb.html#sthash.dlyhSNjY.dpuf Download Link to: http://www36.zippyshare.com/v/68937106/file.html (Part-1)

Wednesday, March 12, 2014

Samsung Korea အလုံးတွေမှာ အင်တာနက် ပိတ်လိုက်ပေမဲ့ အင်တာနက် အော်တို ပွင့်နေရင် ဖြေရှင်းနည်း၊

Samsung Korea အလုံးတွေမှာ အင်တာနက် ပိတ်လိုက်ပေမဲ့ အင်တာနက် အော်တို ပွင့်နေရင် ဖြေရှင်းနည်း၊ Data switch တော့ ပိတ်သွားပါတယ် ဒါပေမဲ့ အင်တာနက် မြှားလေးက ရှိနေတုန်း အဲဒီတော့ ဖုန်းဘေစ်က အော်တို ဖျက်နေပါလိမ့်မည်။ (အဲဒီအတွက် ဖြေရှင်းနည်းလေး ရေးပေးလိုက်ပါတယ်) =============================================== ဒီနည်းကို ကျွန်တော် အကြိမ်အမျိုးမျိုး ဖုန်းအမျိုးမျိုးစမ်းသပ်ခဲ့ပါတယ်။ အောင်မြင်တာကို တွေ့ရပါတယ် ဒီနည်းကို အသုံးပြုလိုက်တဲ့အတွက် မိမိဖုန်းကို ဖန်းဝဲလည်း ရေးစရာ မလိုတော့ဘူး format လည်း ချစရာ မလိုတော့ဘူး။အဓိကက အင်တာနက် settings ပြန်ချိန်ပေးရမှာ ဖြစ်ပါတယ်။ settings>>More >> Mobile networks>>Access Point Names>>menus key ကို (သုံးထပ်မျဉ်းကြောင်း) နှိပ်ပြီး Reset to default ကို လုပ်ပေးလိုက်ပါ Restoring default APN settings လုပ်နေပါလိမ့်မည်။ခဏစောင့်လိုက်ပါ အင်တာနက် အော်တိုတက်နေတဲ့ မြှားလေး ပျောက်သွားပါလိမ့်မည် ပျောက်သွားပြီဆိုရင် menus key (သုံးထပ်မျဉ်းကြောင်း)ကို နှိပ်ပြီး New APN ကို နှိပ်လိုက်ပါ။ပြီးရင် အောက်ကပုံစံအတိုင်း ချိန်ပေးလိုက်ပါ Name -mptnet APN - mptnet Username - mptnet Password - 12345 Authentication type - PAP or CHAP (ဒီကောင်ကိုတော့ ရွှေးပေးလိုက်ယုံပါဘဲ) APN type - default (default ကိုတော့ စာရေးပေးရမယ်နော်) ပြီးရင် menus key (သုံးထပ်မျဉ်းကြောင်း) ကို နှိပ်ပြီး Save လိုက်ယုံပါဘဲ................ ပြီးရင် မိမိဖုန်း Data switch ကို လုပ်ကြည့်ပါ အိုကေပါပြီခင်ဗျာ အောင်မင်းဟန်

Facebook.v.8.0.0.0.21(New Verison)

နောက်​ဆုံးထွက်​ update app ​တွေပဲ ကြိုက်​တဲ့ ​ဘော်​ဒါ​တွေအတွက်​ "Facebook Developer Version v8.0.0.0.21"App ​လေးကို တင်​​ပေးလိုက်​ပါတယ်​- -​စမ်းကြည့်​တာမှာ Photo Comment က ​တော့၊ရ တချက်​ မရ တချက်​ပါပဲဗျာ။ Offical မဟုတ်​​တော့လည်း ဒီလိုဖြစ်​တာ အဆန်းမဟုတ်​ပါဘူး- -ဘာပဲဖြစ်​ဖြစ်​​ပေါ့ ​နောက်​ဆုံး update ကြိုက်​တဲ့​ဘော်​ဒါ​တွေ စမ်းလို့ရ​အောင်​ တင်​​ပေးလိုက်​တာပါ- -Apk File Size 19.3MB ရှိပြီး -Android OS Version 4.0 နဲ့အထက်​ရှိ ထားတဲ့ ဖုန်း​တွေမှာ ထည့်​သွင်း install လုပ်​ပြီး အသုံးပြုနိုင်​ပါတယ်​။ Android OS Version 4.0 ရဲ့ ​အောက်​၊2.3.6 တို့ ဘာတို့မှာ​တော့ သုံးလို့မရပါ။not installed ပဲ ပြမှာဖြစ်​တာ​ကြောင့်​၊မိမိဖုန်း ဗားရှင်းနဲ့ ချိန်​ညှိပြီးမှ ​ဒေါင်းလုပ်​ရယူပါ- -​အောက်​က လင့်​ခ်​ မှာ​ဒေါင်းလုပ်​ရယူပါ- Download here ==== http://adfoc.us/21922939862916

Saturday, March 8, 2014

Android app ရေးသားနည်းစာအုပ်ကောင်း ၂ အုပ်

Android ဖုန်း application များကိုရေးသားလိုသူတွေအတွက် အခြေခံကစ၍ပြည့်ပြည့်စုံစုံလေ့လာနိုင်မယ့် Android App Development for Dummies စာအုပ်ကောင်းနှစ်အုပ်ကို စုစည်းတင်ပေးလိုက်ပါတယ်။ အခုတင်ပေးလိုက်တဲ့စာအုပ်တွေဟာ Android Development စာအုပ်တွေထဲမှာ ရောင်းအားအကောင်းဆုံးဖြစ်ပြီး အကြိမ်ကြိမ်ထုတ်ဝေထားရတဲ့ Android Development နိုင်ငံခြားစာအုပ်တွေဖြစ်တဲ့အတွက် ဖတ်ရှုသူတွေအနေနဲ့ သေချာလေ့လာမယ်ဆိုရင် Android App တွေဖန်တီးဖို့အခြေခံကောင်းတွေရရှိသွားပါလိမ့်မယ်။ အောက်က link မှာစာအုပ် ၂ အုပ်ကိုရယူနိင်ပါတယ်။ Android app development for Dummies စာအုပ်များအားရယူရန် (http://www.mirrorcreator.com/files/PC9KLQMY/Android_App_Development_ebook_upload_by_Thet_Naing_Soe_%28www.myanmarmobileapp.com%29.7z_links)

တရုတ်စာသင်မယ်

တရုတ်ဘာသာစကားလေ့လာလိုသော ဘော်ဘော်တွေကအတွက် ဒီ apkလေးကို Install လုပ်ထားရုံဖြင့် တရုတ်ဘာသာစကားလေ့လာနိုင်ပြီး အသံနေအသံထားလေယူလေသိမ်း တို့လေ့ကျင့်ပြောဆိုရန် အသံဖိုင်ပါ ထည့်သွင်းထားတာတွေ့ရပါတယ်ဗျာ ဒီ apkလေးက အသံဖိုင်ပါထည့်သွင်းထားတာကြောင့် ဆိုဒ်လေးတော့ နည်းနည်းကြီးပါတယ်ဗျာ အသုံးပြုလေ့လာချင်တယ်ဆိုရင်တော့ အောက်က linkလေးမှာdownload ယူနိုင်ပါတယ် size=182MB အဆင်ပြေပျော်ရွှင်ကြပါစေ။ Mediafire....link http://www.mediafire.com/?m9ibhl79njkd85d Credit to:http://sawmicromyaw.blogspot.com

ကိုးရီးယားစကားသင်မယ်

ကိုရီးယား ဘာသာစကားလေ့လာလို့တဲ့ ဘော်ဘော်တို့အတွက် ဒီapk လေးကို မိမိတို့ Android ဖုန်းမှာinstallလုပ်ထားရုံဖြင့် Korea Myanmar English သုံးဘာသာကိုကောင်းကောင်းလေ့လာနိုင်ပါတယ်ဗျာ ပြီးတော့ ကိုရီးယား စာအရေးအသားကိုလည်းလေ့လာမှတ်သားထားနိုင်တဲ့apkလေးဖြစ်လို့ ကိုရီးယားဘာသာစကားလေ့လာလိုသူများအတွက်ဒီapkလေးက အထောက်ကူပြု့စေမယ်လို့မျှော်လင့်ပါတယ်ဗျာ အဆင်ပြေစေကြပါစေ။ Dropbox....link https://www.dropbox.com/s/blpmucbu2mhgb8s/wzl.korea.apk Credit to:http://sawmicromyaw.blogspot.com

Friday, March 7, 2014

itune (11.1.5.5)Last version

itune last version လေးပါ။ အသုံးလိုရင်တော့ ဆွဲနိုင်ပါတယ်နော်။ (32bit&64bit) Download Link to: http://www.techspot.com/download ... es-for-windows.html

Samsung Ace-Plus(S7500)CWM-Error

Samsung Ace-Plus (S-7500) ကိုကျွန်တော်တို့ CWM သွင်းပြီးတော့ Root ဖောက်ပြီးရင် Factory reset ချကြည့်လိုက်ပါ။Power ပြန်ဖွင့်လိုက်ရင်တော့ CWM မှာတင်တစ်နေတာကို တွေ့ရမှာပါ။ကျွန်တော်လည်း ပထမကတော့ရွာလည်နေတာပါ။CWM တစ်ခုဆွဲလိုက် တင်လိုက် အဆင်မပြေလိုက်နဲ့ပေါ့။နောက်ဆုံးတော့အဆင်ပြေသွားတာလေးကို ကျွန်တော်မျှဝေပေးလိုက်တာပါ။လူတိုင်းတော့အဲ့ဒိလိုကြုံချင်မှကြုံကြမှာပါ။ ဒါပေမယ့် ကြုံကြိုက်တဲ့အခါမျိုးးမှာ အဆင်ပြေပြေနဲ့သုံးလို့ရအောင်လို့ပါ။ FIRMWAE & ROOT တွေကတော့ရှိကြမှာပါနော်။ ကျွန်တော် အရေးကြီးတဲ့ CWM Link လေးကိုပဲ မျှဝေပေးလိုက်ပါတယ်။ Download to: http://www.4shared.com/get/BNA22af2/cwm-trebontar.html အော်တစ်ခုတော့ရှိတယ်ဗျ။အဲ့ဒိ CWM သွင်းပြီးရင်တော့ Recovery mode ၀င်လို့တော့မရပါဘူး။ Recovery mode ပြန်သုံးချင်ရငိတော့ ပထမ က cwm ကိုပြန်သွင်းလိုက်ပါ။Root မှာပါတဲ့ CWM ကိုသွင်းရင်တော့ Reset မချမိဖို့တော့လိုမယ်နော်။ အားလုံးပဲအဆင်ပြေကြပါစေနော်။

KitKat Emotion UI Themes

Huawei phone တွေအတွက် KitKat Emotion UI Themes လေးပါ။ အသုံးလိုသူများ Down နိုင်ပါပြီ။ီDownload Link to: http://sh.st/qr5Nv လေးပါ။ Credit to:KOYE9992.BLOGSPOT.COM

Android Game တွေကိုတစ်နေရာတည်းမှာ Down မယ်

Android Game တွေကိုတစ်နေရာတည်းကနေ Download ဆွဲနိုင်ဖို့ကို ကျွန်တော် Share ပေးလိုက်ပါတယ်။ အသုံးလိုသူများ Down နိုင်ပါပြီ။ http://www.androidgame365.com/page/356/ Credit to: Myanaungthar.blogspot.com

PC မှာညာဘက် Eng-Key တွေနှိပ်ရင် ဂဏန်းတွေပေါ်နေသူတွေ အတွက်

PC မှာညာဘက် Eng-Key တွေနှိပ်ရင် ဂဏန်းတွေပေါ်နေသူတွေ အတွက် ဖြေရှင်းပေးမယ့် Shortcut key လေးပါ။ဥပမာ-J နှိပ်ရင် 1, K နှိပ်ရင် 2 ထွက်နေတာကိုဖြေရှင်းပေးမှာကတော့ ဘယ်ဘက်အောက်ထောင့်မှာ Fn ဆိုတဲ့စာအနီလေးရယ်+အပေါ်က F8 ဆိုတဲ့စာရယ်တွဲနှိပ်ရင်အစဉ်ပြေပါပြီ။်

China Phone (Secret Code)လေးတွေပါ

China Phone Secret Code လေးပာိုတနေ့က တစ်ယောက်တင်ထားတာတော့တွေ့လိုက်တယ်။ ဒါပေမယ့် Gold တောင်းထားတယ်ထင်တယ်။ ကျွန်တော်တွေ့တာလေးပြန် Share ပေးလိုက်တာပါ။ Code တွေကတော့အများကြီးပဲဗျ။ http://www.zealot-mko.com/2012/11/chin-mobile-code.html မှာဝင်ကြည့်လို့ရပါတယ်.။ ပြီးတော့အဲ့ဒိ side မှာ (Android,IOS,JAVA) နဲ့တခြား Software&Hardware Service တွေကိုပါလေ့လာလို့ရပါသေးတယ်။ Credit to www.zealot-mko.com သက်ဆိုင်သူတွေကို credit ပေးပါတယ်။

i-phone-5 Clone Firmware

i-phone 5 clone တွေအတွက် Firmware လေးတွေ့လို့တင်ပေးလိုက်ပါတယ်။ MTK/SPD China Android Phone Section ›မှာလိုက်ရှာသေးတယ်။တင်ထားတာများရှိသလားလို့ပါ။ မတွေ့လို့ ကျွန်တော်တင် Share ပေးလိုက်တာပါ။ လိုချင်သူများ https://docs.google.com/uc?id=0B ... RjQ&export=download မှာ Down လိုက်ပါ။

MM-Font(Viber for PC)

Computer မှာ Viber ကိုမြန်မာလိုမပေါ်သေးသောကိုကိုမမ တို့အတွက် ကျွန်တော်တွေ့တာလေးပြန် Share ပေးလိုက်ပါတယ်။ ဒါပေမယ့် window XP မှာတော့မရသေးပါဘူး။လုပ်ပုံလုပ်နည်းနဲ့ File ကို Down ဖို့အတွက်ကတော့ http://bluenavyblog.blogspot.com/2013/11/viber-for-pc-viber.html မှာDownလိုက်ပါနော်။ File size ကတော့သေးသေးလေးပါ။လုပ်ကတာလည်းအရမ်းလွယ်ပါတယ်။ Installing ပြီးလို့မပေါ်သေးရင်တော့ Computer ကို Reset ချလိုက်ပါ။ င်္Credit to: ZAWMINTHAN Favorites

7.0.6 For IOS(IPSW)

IOS အတွက် update 7.0.6 လေးထက်ထွက်လာပြန်ပါပြီ။ i-phone i-pad i-podtouch တွေအတွက် IPSW ကို down ချင်ရင်တော့ http://koye9992.blogspot.com/201 ... or-iphone-ipad.html မှာ Dwon နိုင်ပါပြီခင်ဗျာ။ APPLE မုရင်းလငိ့မှာ down ချင်ရင်တော့ http://www.getios.com/ မှာ down နိုင်ပါတယ်။အဲ့ဒိမှာတော့ ကိုယ်down ချင်တဲ့ Model ကို Version တွေအလိုက် down လို့ရပါတယ် သက်ဆိုင်သူများအားလုံးကို CREDIT ပေးပါတယ်

Translate လုပ်ပေးမယ့် APK လေးပါ

ဘာသာပေါင်း(70)လောက်ကိုဘာသာပြန်ပေးတဲ့ apk လေးပါ။ တွေ့တာနဲ့ ဘော်ဘော်တို့ကိုပြန် Share ပေးလိုက်တာပါ။ Download to: http://adf.ly/Zt1Uj Credit to Mobile Software Developer

မန်မာဖောင့် နှင့် ၂၀၁၄ ခုနှစ် iOS 7+ အတွက် အကောင်းဆုံး Cydia Sources များ


iOS 7+ နှင့် လိုက်ဖက်ညီစေမယ့် "Cydia" version 1.1.9 ကို အခုဆိုရင် Update လုပ်နိုင်ကြပါပြီ...

iOS 7 Themes နဲ့အတူ အမြင်သစ်နှင့် Cydia ကို မြင်တွေ့ကြရပါလိမ့်မယ်၊ Cydia ကို Upgrade လုပ်ရန်အတွက် Cydia icon ကို နှိပ်ပါ၊ pop up message ပေါ်လာပါက "Upgrade Essential" (သို့) "Upgrade Complete" တစ်ခုခုကို ရွေးပေးလိုက်ပါက အလိုလျှောက် Update လုပ်သွားပါလိမ့်မည်..


Cydia အသစ်နှင့်အတူ ၂၀၁၄ ခုနှစ်အတွက် iOS 7+ အတွက် အကောင်းဆုံး Sources အသစ်များကို ဖော်ပြပေးလိုက်ပါတယ်..

၁) Sources များကို သွင်းယူရန် "Cydia" ကို ဖွင့်ပါ။
၂) Manage -> Sources -> Edit -> Add (http:// နှင့် စသောကို သွင်းယူပါ)

**2014 Top Cydia Sources**

  • Mobilefarm: http://cydia.myrepospace.com/mobilefarm/ **မြန်မာစာသွင်းရန်**
  • Repo Cydia: http://RepoCydia.com
  • BiteYourApple: http://repo.biteyourapple.net
  • HackStor repo: http://cydia.myrepospace.com/Hackstore/
  • HackYouriPhone: http://repo.hackyouriphone.org
  • iHacks: http://ihacksrepo.com
  • insanelyi: http://repo.insanelyi.com
  • idwaneo: http://idwaneo.org/repo
  • ihackstore: http://ihackstore.com/repo
  • theiphonespotrepo: http://apt.theiphonespotrepo.net
  • myrepospace (iAP Cracker): http://cydia.myrepospace.com/urus
  • Xsellize: http://cydia.xsellize.com
  • THIS LINK IS FORBIDDEN: http://THIS LINK IS FORBIDDEN.com
  • EasyWakeup.net: http://easywakeup.net/repo/
  • iFone1 Norway: http://c.ifon1.no/
  • Ste: (ScuummVM): http://urbanfanatics.com/cydia/
  • Intelliborn (IntelliScreen) : http://intelliborn.com/cydia
  • Games Team source: http://apt.123Locker.com
  • SOSiPhone: http://cy.sosiphone.com/
  • Pushfix: http://cydia.pushfix.info/

**မြန်မာစာဖောင့်သွင်းယူရန်**

Source: "http://cydia.myrepospace.com/mobilefarm/" ကိုသွင်းယူပါ။
ထိုနောက် ပုံတွင် ပြထားသော "Zawgyi Font iOS" ကို Install လုပ်ပါ။


Credit to:http://sawmicromyaw.blogspot.com

Thursday, March 6, 2014

ဈေးသက်သာ ဟန်းဆက် အသုံးပြုသူများ သိထားရန်


                        ဈေးသက်သာ ဟန်းဆက် အသုံးပြုသူများ သိထားရန်
+++++++++++++++++++++++++++++++++++++++

ဈေးသက်သာ ဟန်းဆက်များကို အသုံးပြုခြင်းဖြင့် လိုင်းစွဲအား ကောင်းတာ ကိုပဲ သိထားကြပြီး အများစုက သူ့ဆီက ပါလာမယ့် ဆိုးကျိုးအကျိုးဆက်ကို သိမထားပါဘူး။ အဲ့ဒီအကျိုးဆက်များထဲကနေ ကျန်းမာရေးကို ထိခိုက်စေ တာက အဆိုးဆုံးပဲ ဖြစ်ပါတယ်။ SAR လို့ခေါ်တဲ့ အချက် တစ်ခုပါ။
Specific absorption rate လို့ အရှည်ခေါ်တဲ့ SAR ဆိုတာ ထပ်ရှင်းရရင် power absorbed per mass of tissue လို့ ခေါ်ပါတယ်။ တစ်ရှုး ၁ ကီလိုဂရမ်စာ ပမာဏ ရှိတဲ့ လူ့အသားထဲကို ဝပ်အား ဘယ်လောက် ရှိတဲ့ ရေဒီယို ကြိမ်နှုန်း သို့မဟုတ် electromagnetic field ဘယ်လောက် ရှိတယ်ဆိုတာကို တွက်ချက် ခြင်း ဖြစ်ပါတယ်။
ကမ္ဘာ့ စမတ်ဖုန်းနဲ့ အခြား Telecommunication ဆစ်စပ် ပစ္စည်း ထုတ်လုပ်မှုတိုင်းမှာ SAR Rating အတွက် စောင့်ကြည့် လေ့လာတဲ့ အဖွဲ့က သီးသန့်ထားရပါတယ်။ မထားနိုင်ရင်တောင် SAR Rating စံချိန်စံညွန်း သတ်မှတ်ပေးတဲ့ အဖွဲ့အစည်းထောက်ခံချက် ရရှိတဲ့ ကုန်ကြမ်း ပစ္စည်းများကိုသာ အသုံးပြုလို့ စမတ်ဖုန်းများ ထုတ်လုပ် ရပါတယ်။
တရုတ်ပြည်က လာတဲ့ ဈေးပေါ ဟန်းဆက်မှာ သုံးတဲ့ ကုန်ကြမ်းများက SAR Rating နဲ့ ပက်သက်လို့ သေချာ ဖန်တီး၊ဆောင်ရွက်မှု မရှိပါဘူး။ အားလုံးကို မဆိုလိုပါ။ ဈေးနှုန်းနိမ့် ဖုန်းများ၊ ကလုန်းများ ဖြစ်ပါတယ်။ ကုန်ကြမ်း ပေါပေါ သီသီ ရှိတော့ Apple က iPhone 6 စတင်မိတ် ဆက်ပြီး နောက် ၁ ရက်ဆို တရုတ် တရုတ်တို့က ဆင်တူနီးပါး အတုကို ဖန်တီးနိုင်ပါတယ်။ သို့ပေမယ့် အတွင်းက ပစ္စည်းများအတွက် ကျန်းမာရေးနဲ့ ပက်သက်တဲ့ အာမခံချက် သိပ်မရှိပါဘူး။
SAR Rating မြင့်တော့ ဘာဖြစ်လဲလို့ အချို့ ကမေးကြပါလိမ့်မယ်။ ဟုတ်ကဲ့။ သူက ဦးနှောက်ကင်ဆာဖြစ်စေ ပါတယ်။ ဘော်ဒီတစ်ရှူး များကို ရေဒီယို လှိုင်း များ တိုက်ရိုက်ထိတွေ့မှုကြောင့် တစ်ရှူးများ သေစေပါတယ်။ ဒီတော့ ဆိုးကျိုးက ခဏသုံးလို့ ဘာမှ မဖြစ်ပေမယ့် ရေရှည်ကျရင် စကားပြောလာ ပါလိမ့်မယ်။ ဖုန်းတစ်လုံးကို တစ်နှစ်သုံးတယ်ပဲထား။ ယင်း ဖုန်းကို တစ်နှစ်လုံး အိပ်ထဲထည့်၊ သွားလေရာသယ်၊ အိပ်ယာဘေးထား အိပ်၊ နေ့မအား၊ ညမနား ပြော၊ ဖြစ်လာမယ့် ဆိုးကျိုးက မတွေးရဲစရာပါပဲ။
SAR နဲ့ Connectivity က တိုက်ရိုက်အချိုးကျပါတယ်။ လိုင်းဆွဲ အား ကောင်းလေလေ SAR များလေလေ၊ လိုင်းဆွဲအား နည်းလေလေ SAR နည်းလေလေလေ ဖြစ်ပါတယ်။ ဒါကြောင့် ယနေ့ခေတ် နောက် ဆုံး ပေါ် စမတ်ဖုန်းများက မော်ဒယ်နိမ့် ကီးပတ်ပါ စမတ်ဖုန်းများလောက် အများ အားဖြင့် လှိုင်းဆွဲအား မကောင်းခြင်း ဖြစ်ပါ တယ်။
ဥပမာ Samsung Galaxy Note 2 ဆိုရင် သုည ဒသမ နောက်မှာပဲ ရှိပါ တယ်။ ခေါင်း ကို 0.17, ဘော်ဒီကို 0.95 W/Kg ပဲ ရှိပါတယ်။ ဖုန်းကို လက်က ကိုင်ပြောပေမယ့် ခေါင်းနဲ့ ကိုယ်ကို ဝင်တဲ့ SAR တွက်ချက်ပုံ ကလည်း မတူသေးပါဘူး။ effect ကလည်း ကွဲပြားနေလို့ ဖြစ်ပါတယ်။
ဒီတော့ ဖုန်းဝယ်ရင် ယုံကြည်စိတ်ချရတဲ့ ကမ္ဘာသုံး Brand များကို သာ ရွေးချယ်လို့ ဝယ်သင့်ပါတယ်။ ဈေးမသက် သာရင်တောင် ဈေးမကြီးတဲ့ ဖုန်းတွေ အများကြီး ရှိပါတယ်။ ဥပမာ နိုကီယာ၊ ZTE အပြင် အခြားသော Brand အချို့လည်း ဈေးနည်းဖုန်း ဈေးကွက် အတွက် ဖုန်းများထုတ်ပါသေး တယ်။
ဒီလောက်ဆိုရင် SAR အကြောင်းကို သိလို့ စာဖတ်သူတို့ ဆင်ခြင် နိုင်မယ် လို့ မျှော်လင့်ပါတယ်။
MMAS

Home » မိုဘိုင်းဖုန်းနည်းပညာ » Viber မှပိုက်ဆံပေးဝယ်ရသော Sticker တွေကို Hack ယူနည်း Viber မှပိုက်ဆံပေးဝယ်ရသော Sticker တွေကို Hack ယူနည်း


Viber မှပိုက်ဆံပေးဝယ်ရသော sticker များကို vpn unlimited apk နဲ့ freedom apk သုံးပြီး sticker များကိုယူရအောင်။ Root ရှိဖို့တော့လိုပါလိမ့်မယ်။
ပထမဆုံး- vpn လေးကို install လုပ်ပါ။
 ပြီးရင်ဖွင့်ပေးပါ။app ရဲ့ အပေါ်ထောင့်နားလေးမှာ starting ဆိုပြီး auto ချိတ်ဆက်နေပါလိမ်မယ်။ခဏလေးစောင့်ပေးပါ။
ချိတ်လို့ရသွားရင် noti မှာ icon ပုံလေးပေါ်လာရင်ချိတ်လို့ရသွားပါပြီ
ဒီအဆင့်လေးကိုတော့မလုပ်ချင်လဲရပါတယ်။လုပ်လိုက်တော့
ကောင်းပါတယ်။
setting >> app manager ထဲက playstore ကို force stop နဲ့ data clear လုပ်ပေးလိုက်ပါ။ပြီးရင်တော့ playstore ကိုပြန်ဖွင့်လိုက်ပါ။ access တောင်းရင် access လုပ်ပေးလိုက်ပါ။
ဒုတိယ-freedom လေးကို install လုပ်ပါ။
     
           ♣freedom apk အားဒေါင်းယူရန်နှိပ်ပါ။
     
 root access တောင်းရင် access ပေးလိုက်ပါ။
ပြီးရင်တော့freedom ထဲကviber လေးကိုနှိပ်ပါ။
နှိပ်ပြီရင်ဘာမှာမလုပ်ဘဲfreedomကနေပြန်ထွက်ပါ။
notiမှာfreedomဆိုပြီပေါ်နေလားဆိုတာကိုကြည်လိုက်ပါ
ပေါ်နေမှရမှာဖြစ်ပါတယ်။
အကုန်ပြီးရင်တော့ viber ထဲဝင်ပြီး sticker downloaded ဆွဲလို့ရပါပြီ။ downloaded ဆွဲရင် box တခုကျလာပါလိမ်မယ် ok နှိပ်လိုက်ပါ။ပြီးရင်နောက် box တခုက buy ကိုနှိပ်ပါ။ပြီးရင်တော့ရင် downloaded ကိုနှိပ်ပါ။
downloadedဒေါင်းလော့ကို (၂)ခါ(၃)ခါလောက်တော့နှိပ်ရပါမယ်။
အားလုံးပြီးရင်Freedomကိုပိတ်ဖို့မမေ့ပါနဲ့အုံး။
freedomကိုမပိတ်မိရင်playstoreကိုဝင်လို့မရပါဘူး။
နောက်တစ်ခုက မြန်မာနိုင်ငံကသူတွေကVpnကိုအသုံးပြုရပါမယ်။
နိုင်ငံခြားကသူတွေကြတော့Vpnကိုသုံးစရာမလိုပါဘူး။
freedomနဲ့တင်Hackလို့ရပါတယ်။
အားလုံပြီရင်Vpnနဲ့ freedomကိုပိတ်ဖို့မမေ့ကြပါနဲ့လို့ပြော
ချင်ပါတယ်။
မရှင်းတာရှိရင်မေးနိုင်ပါတယ်။
အားလုံးအဆင်ပြေနိုင်ပါစေ။
 
 

GS5-Galaxy-S5-2.73 (1)
Galaxy S5 လဲ ထွက်လို့လာပါပြီ…. ကြိုက်တဲ့သူတွေလဲရှိသလို စိတ်တိုင်းမကျတဲ့သူ တွေလဲ အများကြီးပါပဲ… စိတ်တိုင်းမကျတဲ့ အဖွဲ့ထဲမှာ ကျွန်နော်ကိုယ်တိုင်လဲ ပါပါတယ်… Galaxy S3 တို့ S4 တို့ တုန်းကလို မဟုတ်ပဲ ဘာမှ ထူးထူးခြားခြား ပြောင်းလဲမှူမရှိတဲ့ galaxy version ပဲလို့ ထင်ခဲ့ပါတယ်…. တစ်ခုရှိတာက ဒီတစ်ခါ Galaxy S5 အတွက်လုပ်တဲ့ Samsung unpacked show ကို S3 , S4 တို့တုန်းကလောက် ခမ်းခမ်းနားနား ဝေဝေဆာဆာ မလုပ်ခဲ့တာကြောင့်လဲ ဖြစ်မယ်ထင်တယ်….. အဲ့ဒါကြောင့်Galaxy S5 ကို Note 3 လောက်တောင်အထင်မကြီးခဲ့ပါဘူး…. ဒါပေမဲ့ technical website တွေရဲ့ Galaxy S5 review တွေဖတ်ကြည့်လိုက်တဲ့ အခါမှာတော့ Galaxy S5 မှာ လက်ရှိ ဖုန်းတွေထက် အထင်ကြီ:စရာကောင်းတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ နည်းပညာအသစ်တွေပါဝင်လာတာတွေ့ရပါတယ်…. ဘာတွေလဲဆိုတော့ လေ့လာကြည့်ရအောင်ဗျာ …
Adaptive Display For Readability In The Sun
——————————————————————
Samsung-Galaxy-S5-Features-Display
ဒါကတော့ ဖုန်းတော်တော်များများမှာ ကြုံတွေ့နေရတဲ့ ပြသနာတစ်ခုကို ပြေလည်စေတဲ့ features တစ်ခုပါပဲ။ လက်ရှိဖုန်းအားလုံ:ဟာ နေရောင်ထဲမှာဆိုရင် display resolution ကတော်တော်မှိန်ပြီ:တော့ ကြည့်ရတာ ပုံမှန်လောက် အဆင်မပြေဖြစ်တာသတိထားမိကြမှာပါ… ဒါကို Galaxy S5 မှာ local contrast enhancement ဆိုတဲ့ နည်းပညာနဲ့ ဖြေရှင်းပေးထားပါတယ်… ဒီနည်းပညာက နေရောင်ထဲမှာဆိုရင် ဖုန်းရဲ့ screen contrast level ကို အော်တိုမြင့်လိုက်ပြီ: indoor မှာဖတ်တဲ့သဘောမျိုး ဖြစ်အောင်ညှိပေးမယ်လို့ဆိုတယ်ဗျ …. လက်ရှိ ဖုန်းတွေမှာပါတဲ့ Auto Brightness features နဲ့မတူဘူးလို့ဆိုပါတယ်…
ဒါဟာ စိတ်ဝင်စားစရာကောင်းပြီ: အသုံးဝင်မဲ့ နည်းပညာ၁ ခုပါပဲ ။
Download Booster
——————————
Galaxy-S5-feature-Download-booster
ဒါကလဲ နည်းပညာအသစ်ပါပဲ…. ဘယ်ဖုန်းမှာမှ မပါသေးဘူးထင်တယ်… နောက်ပိုင်:တော့ mobile phone တော်တော်များများပါလာကြမဲ့ နည်းပညာပါပဲ…. သူက ဘယ်လိုအလုပ်လုပ်သလဲ ဆိုရင် ဖုန်းက wifi မိနေရင်းနဲ့ ဖိုင်တစ်ခုကို ဒေါင်းလိုက်တဲ့အခါ mobile network connection ရော wifi connection ရော signal ၂ခုပေါင်းပြီ: ဒေါင်းလိုက်တယ်ဆိုပဲဗျ … mobile network ရဲ့ connection ရယ်… wifi network ရဲ့ connection ရယ်.. ၂ခုပေါင်းဆိုတော့ download speed က တော်တော်မြန်သွားတာပေါ့ဗျာ… Samsung ကတော့ 1GB ဖိုင်ဒေါင်းတာကို 30 second အတွင်းရစေမယ်လို့ဆိုပါတယ်….. ဒါပေမဲ့ သူပြောတဲ့အတိုင်းရမရဆိုတာက ဖုန်း ရဲ့ mobile network အမြန်နှုံးရယ်… wifi network ရဲ့အမြန်နှုံး ရယ် ပေါ်မူတည်မယ် ထင်ပါတယ်… ဥပမာ…. ကျွန်နော့် ရုံးမှာဆိုရင် wifi network ရဲ့အမြန်နှုံးက 100 Mbs လောက်ရတယ်… ကျွန်နော့်ဖုန်းရဲ့ download speed က 35 Mbs လောက်ဆိုတော့ ဒီနည်းပညာနဲ့သာ ဒေါင်းမယ်ဆိုရင် 135 Mbs လောက်မရရင်တောင် 120 Mbs လောက်ရမယ်ထင်တယ်ဗျ…. တစ်ခုတော့ ရှိတယ်… ဒီကောင်အလုပ်လုပ်မဲ့ mobile networrk က 4G LTE network ဖြစ်ရမယ်တဲ့ဗျ ….. ဒီနည်းပညာကတော့ Samsung ကထွင်တာတော့ မဟုတ်ပါဘူး…. ဒါပေမဲ့ Samsung က ဒီနည်းပညာကို Mobile phone မှာ ပထမဆုံး ထည့်သွင်းအသုံးချတဲ့ ကုမ္ပဏီ ဖြစ်မယ်ထင်တယ် …
Ultra Power Saver
—————————
ultra-power-saving-samsung-galaxy-s5
ဖုန်းတွေမှာပါတဲ့ Battery size ကဘယ်လောက်ကြီးကြီး ဖုန်းသုံးတဲ့ သူတိုင်းက ဖုန်းမှာ battery ကုန်ခါနည်း အခြေအနေကို ရင်ဆိုင်ဖူးကြပါတယ်… battery က 20 % လောက်ပဲ ကျန်ရင်ကို စိတ်မချမ်းသာတော့ပါဘူး… ဒီလိုအခြေအနေမျိုးမှာ အရေးကြီးဖုန်းတွေလာစရာရှိရင်ပိုပြီ: စိတ်ရှုပ်ရပါတယ်….. ဒီလိုအနေအထားမှာ ဖုန်းတွေမှာ default ပါတဲ့ power saving mode ထက်ပိုကောင်းတဲ့ feature တစ်ခုကို Galaxy S5 မှာမိတ်ဆက်ပြသထားပါတယ်… ဒါကတော့ Ultra Power Saver ဆိုတဲ့ features ပါပဲ…. ဖုန်း battery percentage နည်:တဲ့ အချိန်မှာ ဒီ modeကို ဖွင့်ပြီ:သုံးလိုက်မယ်ဆိုရင်ဖုန်း screen display ကို အဖြူအမဲ ပဲပြစေပြီ:တော့ လိုအပ်တဲ့ service အချို့ပဲ ချန်ထားပြီ:တော့ ကျန်တဲ့ service တွေအားလုံးကို ပိတ်လိုက်တယ်လို့ဆိုပါတယ်… ဒီ Ultra Power Saver ကိုဖွင့်ပြီ: သုံးရင် ဖုန်း battery 10 % ကျန်တာတောင် ဖုန်းကို 24 hours standby ထားလို့ရတယ်လို့ဆိုပါတယ် …. ဒါဟာ အရင် Nokia ဖုန်းတွေရဲ့ စံချိန်ကို ပြန်လိုက်မီသွားတဲ့ သဘောပါပဲ ..   Third party Battery Saver , Taskiller တွေထက် အများကြီးပိုကောင်းတဲ့ ပိုပြီ: အသုံးဝင်တဲ့ feature ပါပဲ ..
Camera Features
————————-
Samsung-Galaxy-S5-Features-Fast-Auto-Focus-620x210
Galaxy S5 မှာပါဝင်တဲ့ကင်မရာမှာပါဝင်တဲ့ Camera အသစ်မှာ စိတ်ဝင်စားဖို့ ကောင်းပြီ: အသုံးဝင်မဲ့ shooting mode တွေပါဝင်လာပါတယ်… ပထမဆုံးစိတ်ဝင်စားဖို့ကောင်းတဲ့ shooting mode အသစ်က တော့ Selective Focus ဆိုတဲ့ feature ပါပဲ……. ဒီကောင်ကိုသုံးပြီ:ဓာတ်ပုံရိုက်တဲ့ အခါ ကိုယ် focus ထားပြီ:ရိုက်လိုက်တဲ့ object ပဲထင်ထင်ရှားရှားရှိနေစေပြီ: နောက်က background ကို နဲနဲလေး ဝါးစေတဲ့ feature ပါ… အဲ့ဒီ့လို background ကနဲနဲလေးဝါးသွားတဲ့ အတွက် ကိုယ်တကယ် ပေါ်စေချင်တဲ့ object ကပိုပြီ: ပုံထွက် ကြွလာတယ် ထင်ရပါတယ်…. အရင်တုံးကတော့ Professional camera တွေနဲ့ ရိုက်မှ ဒီလိုမျိုးလုပ်လို့ရတာပါ…. ခုတော့ Galaxy S5 မှာပါတဲ့ camera နဲ့လဲဒီလိုအနေအထားဖြစ်အောင်ရိုက်လို့ရပါပြီ….. ရိုက်ချင်တဲ့ object ကို focus ယူရာမှာလဲ လက်ရှိMobile phone camera တွေထဲမှာ အမြန်ဆုံးလို့ဆိုပါတယ်… Auto focus function နဲ့ object တစ်ခုကို focus ယူတာ 0.3 seconde ပဲကြာမှာလိုဆိုပါတယ်… ဒါဆိုရင်တော်တော်မြန်တဲ့ focus speed လို့ပဲပြောရမှာပါပဲ….
Private Mode
——————-
Galaxy-S5-Feature-Private-Mode
ဒါကတော့ ကိုယ့်ရဲ့သူများကို မမြင်စေချင်တဲ့ secret ဖိုင်တွေကို password or fingerprint ပေးပြီ: hide ထားလို့ရတဲ့ feature ပါ…… Google Play မှာလက်ရှိရှိနေတဲ့ third party app တွေဖြစ်တဲ့ Vault, App Hide တို့လို့ feature မျိုးနဲ့တူမယ်ထင်ပါတယ်….. ဒါပဲမဲ့ သိတဲ့အတိုင်းပဲ အဲ့ဒီ့ app တွေက free ရတယ်ဆိုပေမဲ့ လစ်မစ် ၁ခုရှိပါတယ်… Galaxy S5 မှာက အဲ့ဒီ့လိုမျိုး feature defaultပါလာတယ်ဆိုတော့ အတိုင်းထက်အလွန်ပါပဲ… ဘာပဲပြောပြော ဖုန်းဆိုတာ ၁ ယောက်ထဲကိုင်တယ်ဆိုပေမဲ့ သူငယ်ချင်းတွေက ခနယူပြီ: ဟိုဟိုဒီဒီ ကလိတာ…. မိသားစုထဲက ၁ ယောက် ယောက်ကခနယူပြီ: ဟိုကြည့်ဒီကြည့်လုပ်တာ တွေရှိတက်တာပဲ….. ဒီလို အချိန်မျိုးမှာဆို ကိုယ့်ရဲ့ secret file , image , movies တွေကို Private Mode ထားပြီ: ဖျောက်ထားလို့ရတာ တော်တော်အသုံးဝင်ပါတယ်….. အိမ်ကမသိအောင် ရည်းစားခိုးထားနေရတဲ့ ကောင်မလေးတွေဆိုရင် တော်တော်အသုံးဝင်မဲ့ feature ပါပဲ…   ဟဲဟဲ အမှန်ကတော့ လူတိုင်းအသုံးဝင်ပါတယ် …
အပေါ်က ပြောသွားတဲ့ဟာတွေက Galaxy S5 မှာအသစ်ပါဝင်ပြီ:တော့ စိတ်ဝင်စားဖို့ကောင်းတဲ့ နည်းပညာအသစ်တွေပါပဲ…. မူရင်း Galaxy S4 မှာပါတဲ့ wireless charing , Smart feature စတဲ့ feature များအပြင် ရေစိုခံတာတို့.. finger print , heart rate sensor စသဖြစ် နည်းပညာအသစ်တွေလဲပါပါတယ်…. ဒါပေမဲ့ ကျွန်နော့်ရဲ့ ပါဆင်နယ်အမြင်အရ အဲ့ဒီ့ကောင်တွေက စိတ်ဝင်စားစရာမကောင်းသလို ထင်တဲ့ အတွက်ထည့်မရေးတော့ပါဘူး…. ရေစိုခံတယ်ဆိုတာကလဲ ကျွန်နော့် ဖုန်းက ၁ နှစ်လုံးမှာ ရေတစ်ခါ့မှ မစိုတဲ့ အတွက် အသုံးမဝင်ဘူးလို့ယူဆပါတယ်….. မိုးရွာထဲသွားလဲ ထီးတော့ အနဲဆုံးပါတာပဲလေ… finger print ကျတော့လဲ ဖုန်း lock screen မှာ pin code password ကိုက မထားတဲ့အတွက် မလိုတာလဲပါတာပေါ့….. အဲ့ security အရလိုအပ်မယ်ဆိုရင်တောင် ရိုက်ထဲ့ရတဲ့ password ကိုပဲပိုပြီ: စိတ်ချယုံကြည်ပါတယ်.. Password pin code ဆိုတာ ကိုယ်စိတ်ထဲကပဲ သိနိုင်တာအပြင် ပြောင်းလွယ်ပြုလွယ် တာလဲပါတာပေါ့ … 4K video recording ဆိုလဲ အဲ့ဒီ့အတိုင်းပဲပေါ့… 4K monitor လဲမဝယ်နိုင်သေးတော့ ဘာမှအသုံးမဝင်သလိုဖြစ်နေတယ်…. အဲ့ကျွန်နော်မကြိုက်ပေမဲ့လဲ တစ်ခြားသူတွေ ကြိုက်မဲ့ feature ဟာတွေ လဲ ရှိပါအုံးမယ် ….. ဘာပဲပြောပြော ခုသေချာလေ့လာမိမှ Galaxy S5 မှာပါတဲ့ features တွေက Galaxy S4 စထွက်တုန်းကပါတဲ့ features တွေထက်ပိုပြီ အသုံးဝင်တယ်ဆိုတာ ဝန်ခံရမယ်ဗျို့ ..

Monday, March 3, 2014

မျှော်မှန်းထားရှိသော တယ်လီဖုန်းသိပ်သည်းဆရောက်ရှိရန် MPT အနေဖြင့် ဆောင်ရွက်ရန်ခက်ခဲဟုဆို

မြန်မာနိုင်ငံတစ်ဝန်းရှိသွားလာရန်ခက်ခဲသော နေရာဒေသများ အပါအ၀င်ဆက်သွယ်မှုခက်ခဲသောနယ်စွန်နယ်ဖျားများအထိ ဆက် သွယ်ရေးကွန်ရက်များကို လျင်မြန်စွာဖြန့်ကျက်သွားနိုင်ရန်အတွက် University Service Ogligation Fand ကိုအသုံးပြု၍ အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ဆက်သွယ် ရေးနှင့် ဆောက်လုပ်ရေးဆပ်ကောင်မတီ၏ ထုတ်ပြန်ကြေငြာချက် အရ သိရှိရသည်။
ကာတာနိုင်ငံအခြေစိုက် Ooredoo နှင့် နော်ဝေးနိုင်ငံအခြေစိုက် Telenor တို့အနေဖြင့် ဆက်သွယ်ရေးခက်ခဲသော နေရာဒေသများကို ဆက်သွယ်ရေးဝန်ဆောင်မှုများရရှိစေရန် စီစဉ်ဆောင်ရွက်ပေးသွား မည့် ကတိက၀တ်ကို မြန်မာအစိုးရထံသို့ ပေးထားကြောင်း သိရှိရ သည်။ “ ပြည်ပအော်ပရေတာတွေအနေနဲ့ ဆက်သွယ်ရန်ခက်ခဲတဲ့ နေရာဒေသတွေအထိ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ ဆောင်ရွက် ပေးဖို့ကတိက၀တ်ရှိပါတယ်။ ဒါ့အပြင် ပြည်တွင်းပြည်ပအော်ပရေတာ လေးခုမှ ယှဉ်ပြိုင်ဆောင်ရွက်သွားမယ့် မိုဘိုင်းလ်ဈေးကွက်ကြောင့်ပဲ SimCard ဈေးနှုန်းတွေနဲ့ တယ်လီဖုန်းခေါ်ဆိုခတွေပြောင်းလဲသွား နိုင်မှာပါ။ အော်ပရေတာတွေအနေနဲ့လည်း နောက်(၆)လမှ (၉)လ အတွင်းမှာပဲ SimCard တွေကိုရောင်းချပေးသွားမှာပါ ”ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မျှော်မှန်းထားရှိသော တယ်လီဖုန်း သပ်သည်းဆပမာဏကိုသတ်မှတ်ကာလအတွင်းမြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတစ်ခုတည်း အနေဖြင့် ရည်မှန်းချက်ပြည့်မီအောင်ဆောင်ရွက်ရန် အခက်အခဲရှိခြင်းကြောင့် ပြည်ပအော်ပရေတာ (၂)ဦးအပါ အ၀င်ပြည်တွင်းမှ ရတနာပုံတယ်လီပို့ အများပိုင်ကုမ္ပဏီတို့ဖြင့် ဆက်သွယ်ရေးဝန် ဆောင်မှုလုပ်ငန်းများ ယှဉ်ပြိုင်လုပ်ကိုင်သွားမည် ဖြစ်သည်။

Android Devices တွေအတွက် မြန်မာဖေါင့်မျိုးစုံ နှင့် ဒီဇိုင်းဖေါင့်ပေါင်း (1000)


မြန်မာဖောင့်မျိုးစုံနှင့် ဒီဇိုင်းပေါင်း တစ်ထောင် (1000)  TTF ကို လိုချင်သူများအတွက်ပါ ။

ဖေါင့် 1082 ခုပါ Zip ဖိုင်ကို ဒီမှာဒေါင်းပါ  http://d-h.st/ogg

HTC ဖုန်းမှာပါတဲ့ Sanpya မြန်မာဖောင့်ကို ဒီမှာဒေါင်းပါ http://d-h.st/r8g