a
Friday, March 14, 2014
လက်ဖက်ရည် ကြမ်းနဲ့ ကော်ဖီ သောက်သုံးမှုက လေသင်တုန်း ဖြတ်မှုကို လျှော့ပါး စေနိုင်
လက်ဖက် ရည်ကြမ်းနဲ့ ကော်ဖီသောက် သုံးခြင်း တို့ဟာ လေသင် တုန်းဖြတ်မယ့် အန္တရာယ်ကို လျှော့ချပေးနိုင်ပြီး အထူးသဖြင့်၎င်းတို့ကို ပုံမှန်သောက် သုံးပါက ပိုမို ထိရောက်မှု ရှိကြောင်း မတ်လ (၁၄) ရက် ကြာသ ပတေးနေ့က ထုတ်ဝေတဲ့ အမေရိကန် နှလုံးရောဂါ အသင်းရဲ့ စထရိုးခ် (Stroke) ဂျာနယ်မှာ ဖော်ပြ ထားကြောင်း ဆင်ဟွာ သတင်းက ဆိုပါတယ်။
အဆိုပါ တွေ့ရှိချက်ဟာ လက်ဖက်ရည်ကြမ်းနဲ့ ကော်ဖီတို့က လေသင်တုန်းဖြတ်မှု အပေါ် လျှော့ချပေးနိုင်တဲ့ ပေါင်းစပ် အကျိုးသက်ရောက်မှုကို ပထမဆုံးအကြိမ် ကျယ်ကျယ်ပြန့်ပြန့် သုတေ သနပြုခဲ့ရာမှ တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း ဂျပန် အမျိုးသားဆိုင်ရာ ဦးနှောက်နဲ့ နှလုံးသားစင်တာမှ သုတေသနခေါင်းဆောင် “ရိုရှီဟီရိုကိုကူဘို” က ပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။ သုတေသီများက အရွယ်ရောက်ပြီးဖြစ်တဲ့ ဂျပန်လူမျိုးပေါင်း (၈၃၂၆၉) ယောက်ရဲ့ လက်ဖက်ရည်ကြမ်း နဲ့ ကော်ဖီသောက်သုံးတဲ့ သူတို့ရဲ့ အလေ့အထကို နှစ်ပေါင်း (၁၃) နှစ်ကြာ လေ့လာခဲ့ရာမှ သိရှိရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ရတနာပုံ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment