မြန်မာနိုင်ငံတစ်ဝန်းရှိသွားလာရန်ခက်ခဲသော နေရာဒေသများ
အပါအ၀င်ဆက်သွယ်မှုခက်ခဲသောနယ်စွန်နယ်ဖျားများအထိ ဆက် သွယ်ရေးကွန်ရက်များကို
လျင်မြန်စွာဖြန့်ကျက်သွားနိုင်ရန်အတွက် University Service Ogligation Fand
ကိုအသုံးပြု၍ အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ပို့ဆောင်ဆက်သွယ် ရေးနှင့် ဆောက်လုပ်ရေးဆပ်ကောင်မတီ၏ ထုတ်ပြန်ကြေငြာချက် အရ
သိရှိရသည်။
ကာတာနိုင်ငံအခြေစိုက် Ooredoo နှင့် နော်ဝေးနိုင်ငံအခြေစိုက် Telenor
တို့အနေဖြင့် ဆက်သွယ်ရေးခက်ခဲသော နေရာဒေသများကို
ဆက်သွယ်ရေးဝန်ဆောင်မှုများရရှိစေရန် စီစဉ်ဆောင်ရွက်ပေးသွား မည့် ကတိက၀တ်ကို
မြန်မာအစိုးရထံသို့ ပေးထားကြောင်း သိရှိရ သည်။ “ ပြည်ပအော်ပရေတာတွေအနေနဲ့
ဆက်သွယ်ရန်ခက်ခဲတဲ့ နေရာဒေသတွေအထိ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ ဆောင်ရွက်
ပေးဖို့ကတိက၀တ်ရှိပါတယ်။ ဒါ့အပြင် ပြည်တွင်းပြည်ပအော်ပရေတာ လေးခုမှ
ယှဉ်ပြိုင်ဆောင်ရွက်သွားမယ့် မိုဘိုင်းလ်ဈေးကွက်ကြောင့်ပဲ SimCard
ဈေးနှုန်းတွေနဲ့ တယ်လီဖုန်းခေါ်ဆိုခတွေပြောင်းလဲသွား နိုင်မှာပါ။
အော်ပရေတာတွေအနေနဲ့လည်း နောက်(၆)လမှ (၉)လ အတွင်းမှာပဲ SimCard
တွေကိုရောင်းချပေးသွားမှာပါ ”ဟု မြန်မာ့
ဆက်သွယ်ရေးလုပ်ငန်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မျှော်မှန်းထားရှိသော တယ်လီဖုန်း
သပ်သည်းဆပမာဏကိုသတ်မှတ်ကာလအတွင်းမြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတစ်ခုတည်း
အနေဖြင့် ရည်မှန်းချက်ပြည့်မီအောင်ဆောင်ရွက်ရန် အခက်အခဲရှိခြင်းကြောင့်
ပြည်ပအော်ပရေတာ (၂)ဦးအပါ အ၀င်ပြည်တွင်းမှ ရတနာပုံတယ်လီပို့
အများပိုင်ကုမ္ပဏီတို့ဖြင့် ဆက်သွယ်ရေးဝန် ဆောင်မှုလုပ်ငန်းများ
ယှဉ်ပြိုင်လုပ်ကိုင်သွားမည် ဖြစ်သည်။
No comments:
Post a Comment